Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#စိန့်ပေါ်လ်မီကီနှင့်အပေါင်းအဖော်များပွဲနေ့ (Memoria of Sts. Paul Miki & Companions (1564-1597)

ရဟန္တာ ဖရန်စစ် ဇေးဗီးယား ဂျပန်နိုင်ငံသို့ သာသနာပြုသွားရောက်ပြီး နှစ်ပေါင်း (၄၀)အတွင်း ကက်သလစ်ဘာသာဝင် စုစုပေါင်း (၂၀၀.၀၀၀)ဦး ခန့်အထိ တစ်နေ့တခြား များပြား လာခဲ့သည်။ ထိုအရာကို မကျေနပ်သည့် အပြင် ခရယာန် ဘာသာကို အဆိုးမြင်ခဲ့သည့် ဧကရာဇ် ဟီဒဲယိုချီသည် နိုင်ငံခြား သာသနာပြုများကို နှင်ထုတ်ကာ ခရစ်ယာန် ဘာသာဝင်များကို စတင် နှိပ်စက် လေသည်။ ထိုဘာသာရေး နှိပ်စက်မူတွင် အထင်ရှားဆုံးမှာ နိုင်ငံခြား သာသာနာပြုများနှင့် ဂျပန်နိုင်ငံသား ခရစ်ယာန် (၂၆)ဦးကို နာကာစကီးမြို့တွင် အသတ်ခံ ခဲ့ကြရပြီး ထိုနေရာကို သန့်ရှင်းသောတောင်ဟု ခေါ်ကြ၏။ထိုပထမဦးဆုံး ဓမ္မ အာဇာနည်များ အနက် စိန့်ပေါလ်မိကီ၏ သက်သေခံ ချက်ကြောင့် ခရစ်ယာန် ဘာသာဝင်များအတွက် ဝိညာဥ်အာဟာရ အားအင် ဖြစ်စေခဲ့သည်။ စိန့် ပေါလ်မီကီသည် (၁၅၆၄) ခုနှစ် ဂျပန်နိုင်ငံတွင် ဖွားမြင်ခဲ့သည်။  သူသည် ဂျက်ဇွစ် Jesuit (ခေါ်) ယေဇူးအသင်းသို့ ဝင်ရောက်ခဲ့ပြီး သမ္မာ ကျမ်းစာတော်မြတ်ကို အောင်မြင်စွာ ဟောပြော နိုင်ခဲ့သည့် အပြင် ဗုဒ္ဒဘာသာ အကြောင်းကိုလဲ နှံ့စပ် သေချာစွာ သိရှိနားလည်သူ ဖြစ်သည်။ ထိုအချိန်က ခရစ်ယာန် သာသနာပြု အများအပြား  မိမိနိုင်ငံများသို့ ပြန်သွားကြ သော်လည်း ဘရာသာရ် ပေါလ်မီကီနှင့် အခြားသော အပေါင်းအဖော်များသည် လျှို့ဝှက်စွာ ချန်နေရစ် ခဲ့ကြသည်။ သို့သော် (၁၅၉၇)ခုနှစ်တွင်  ဘရာသာရ် ပေါမီကီနှင့် သူ့အဖော် (၂၅)ဦးတို့ စစ်သည်များ၏ ဖမ်းဆီးခြင်း ခံကြရသည်။ သူတို့ အားလုံးကိုနာဂါဆာကီမြို့သို့  ခေါ်သွားရာ လမ်းတလျှောက်တွင်  သံကြိုးများနှင့် ချီနှောင်ပြီး  အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ကာ  လှောင်ပြောင်သည့် အနေဖြင့် သူတို့၏ နားရွက် တစ်ဘက်စီကို ဖြတ်တောက်ကြရာ တကိုယ်လုံး သွေးများနှင့် စိုစွတ်လေသည်။ ဂျပနိုင်ငံ ဧကရာဇ်သည် ခရစ်ယာန်များ ကြောက်ရွံ့ကာ သူတို့ယုံကြည်ခြင်း စွန့်လွှတ်မည်ဟု ထင်ထားခဲ့သော်လည်း သူ၏ ညှင်းပန်းမှုကြောင့် ခရစ်ယာန်များ ပို၍ပင် ယုံကြည်ခြင်း ခိုင်မာ လာခဲ့ကြသည်။ ပေါလ်မီကီတို့သည်လည်း မိမိတို့၏ ယုံကြည်ခြင်းကို သက်သေခံ ပြီးနောက်  သူတို့ အားလုံးကို လက်ဝါး ကပ်တိုင် များပေါ်၌ ချည်နှောင်ပြီးလျင်  လည်ပင်းများကို သံလည်ပတ်များ တပ်ပေးခဲ့ကြသည်။ သူတို့၏ ရဲစွမ်း သတ္တိနှင့် ယုံကြည်ခြင်းကိုမြင်တွေ့ ရသူတိုင်းကို အံသြစေသည်။ ထို့အပြင် သံပေါလ်မီကီနှင့် အဖွဲ့သည် ဆာလံ သီချင်းများ ရွတ် ဆို ဆုတောင်း၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပြီးလျှင်  “ကိုယ်တော်၏ လက်တော်၌ တပည့်တော်တို့၏ အသက် ခန္ဓာကို အပ်နှံပါ၏။” ဟု  ထပ်ခါထပ်ခါရွတ် ဆိုကြသည်။ ဘရာသာရ် ပေါလ်မီကီသည် လက်ဝါးကပ်တိုင် ထက်မှနေ၍ လူတို့အား သက်သေခံသည်မှာ“ ကျွန်ုပ်သည် ဂျပန်နိုင်ငံတွင် မွေးဖွား၍ ဂျက်ဇွစ်အသင်းဂိုဏ်းသို့  ခေါ်တော်မူခြင်း ရရှိခဲ့ပါသည်။ ခရစ်တော်၏  ဧဝံဂေလိ တရားတော်အတွက် အသေခံရတော့မည်။ ဧကရာဇ် ဘုရင်နှင့် ကျွန်ုပ်၏ အသက်ကိုရန်ရှာသော သူများကို ကျွန်ုပ် ခွင့်လွှတ်ပါ၏။ ထိုသူများအားလုံး  ဆေးကြောခြင်းခံယူကြပြီး  ခရစ်ယာန်များ ဖြစ်စေဖို့ ကျွန်ုပ် တောင်းလျှောက်ပါသည်။” “Like my Master, I shall die upon the cross. Like him, a lance will pierce my heart so that my blood and my love can flow out upon the land and sanctify it to his name." ဟုပြောကြားခဲ့လေသည်။သူတို့ အသက်ထွက်ခါနီး အချိန်တို အတွင်းမှာပင်   “ယေဇူး၊ မာရိယာ” ဟု အဆက်မပြတ် ရွတ်ဆိုနေချိန်၌ သိုတို့ကို ကွပ်မျက် ပစ်လေသည်။  သူတို့၏ မျက်နှာသည် အလွန်ပင် တည်ငြိမ်အေးချမ်း  တောက်ပလျက်ရှိ၏။ သူတို့အားလုံးကို ဂျပန်နိုင်ငံ နိုင်ငံ၏ ပထမဆုံး ဓမ္မ အာဇာနည်များ အဖြစ် (၁၈၆၂) ခုနှစတွင် တွင် ရဟန္တာ တင်မြှောက်ခြင်း ခံကြရလေသည်။ စိန့်ပေါလ်မီကီနှင့် အပေါင်းအဖော် ရဟန္တာများ ပွဲနေ့ကို ဖော်ဝါရီလ (၆)ရက်နေ့တွင် ကျင်းပ ပါသည်။ ရဟန္တာများအကြောင်းကို ဖတ်ရူရင်း ခရစ်ယာန်များအားလုံး ရဟန္တာများ ကဲသို့ ဘာသာတရားကို အလေး အနက်ထား ကျင့်ကာ လူအားလုံး အတွက် သတင်းကောင်း ပေးသည့် လောကရဲ့ အလင်းများဖြစ်ကြပါစို့။
 စိန့်ပေါလ်မီကီနှင့် အပေါင်းအဖော်အပေါင်းတို့၊ အကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။  
အာမင်။
    ✍️ထန်းဟာ, SJ

ရဟႏာၱ