Untitled Document
Untitled Document
Untitled Document
ဝတၳဳ
St. John de Brito SJ – pray for us (João de Brito, 1647-1693)

“ခေါင်းဖြတ်သတ်ပစ်မယ်”လို့ ဓားမိုးပြီးခြိမ်းခြောက်ခံရချိန်မှာ ရဲဝံ့စွာ လည်စင်းပေးနိုင်ခဲ့တဲ့အထိ ယုံကြည်ခြင်းခိုင်မြဲခဲ့သူတစ်ဦးမှာ (၁၇)ရာစုက ပေါ်တူဂီနိုင်ငံသား၊ ယေဇူးအသင်း၀င် စိန့်ဂျွန်ဒီဘရစ်တို ဖြစ်ပါတယ်။ကလေးဘ၀က ပေါ်တူဂါလ်နန်းတွင်းမှာကြီးပြင်:ခဲ့ပြီး သူငယ်ချင်း ဘုရင်ကိုယ်တိုင် သူ့သားသမီးတွေကို စာသင်ပေးဖို့ ဖိတ်ခေါ်ခံရပေမယ့် ဂျက်ဇွစ်ဖြစ်ပြီး သာသနာပြုဖို့သာ စိတ်အားထက်သန်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံကိုသွားရောက်ကာ သာသနာပြုခဲ့ပါတယ်။ အလွှာ၊လူတန်းစားပေါင်းစုံက လက်ခံနိုင်တဲ့ အိန္ဒိယဒေသခံ တရားကျင့်ကြံသူတွေလိုပဲ ခြိုးခြံတရားကျင့်ခဲ့ပြီး သာသနာပြုခဲ့လို့ လူအများအပြားလည်း ခရစ်တော်ကို ယုံကြည်လက်ခံလာခဲ့ကြပါတယ်။ ဒီလို အောင်မြင်မှုအတွက်ကြောင့် သူ့ကို မနာလိုမုန်းတီး၊သတ်ဖြတ်ချင်သူတွေလည်း ရှိလာခဲ့ပါတယ်။ ခရစ်ယာန်ဖြစ်လာခဲ့တဲ့ အိမ်ရှေ့မင်းသားတစ်ဦးသည်သည် ဂျွန်ဒီဘရစ်တိုရဲ့ သွန်သင်ချက်အတိုင်း မိဘုရားတစ်ဦးတည်းကိုသာပေါင်းသင်းပြီး ကျန်သောသူများကို ကွာရှင်းခဲ့ရာမှ ကွာရှင်းခံရသူတစ်ဦးက အငြိုးထားပြီး သူမ၏ဦးလေး နယ်စားကိုတိုင်တန်းကာ လုပ်ကြံသတ်ဖြတ်စေခဲ့ပါတယ်။ခက်ခဲစိန်ခေါ်မှုတွေကြားမှာ တရားတော်ကို တီထွင်ကြံဆမှုရှိခြင်းနှင့် ရဲဝံ့စွာသက်သေခံနိုင်ဖို့အတွက် အတုယူစရာ စိန့်ဂျွန်ဒီဘရစ်တိုဖြစ်ပါတယ်။ 
                                             စိန့်ဂျွန်ဒီဘရစ်တို - ကျွန်ုပ်တို့ဖို့ငှါဆုတောင်းပေးတော်မူပါ။ 
                                             ပွဲနေ့ - ၄ ဖေဖော်ဝါရီလ
                                             St. John de Brito SJ – pray for us
                                             (João de Brito, 1647-1693)

ရဟႏာၱ