Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#ဒီဇင်ဘာ ၁၃-ရက်နေ့ #St. Lucy (Virgin & Martyr) Patron of Blind

မျက်မမြင်များကို ကူညီစောင့်ရှောက်သော သံတာလူစီယားသည် (၃)ရာစုအတွင်း၊ အီတလီ (Italy) နိုင်ငံ၊ ဆိုင်ရာကို့စ်မြို့ (Syracuse)၌ မြင့်မြတ်သော မိသားစုမှမွေးဖွါး လာခဲ့သူဖြစ်သည်။ ငယ်စင်ကပင် သူမ၏အပျိုစင်ဘဝကို အထွတ်အမြတ် ထားလာခဲ့ပြီး မိမိကိုယ်ကို၊ သခင်ယေဇူးထံ လျို့ဝှက်စွာ၊ ဆက်ကပ်ပူဇော် ခဲ့လေသည်။ ဆိုင်ရားကူစ်မြို့မှ သူမကို ပိုးပန်းသူတစ်ဦးသည်၊ သူမ၏ငြင်းဆိုမှုကြောင့် လွန်စွာရှက်၍ ဒေါသထွက်လေသည်။ ထို့ကြောင့်လူစီယားသည်၊ ခရိယာန်တစ်ဦးဖြစ်ကြောင်း ထုတ်ဖေါ်စွပ်စွဲ လေတော့သည်။ ဤအဖြစ်အပျက်ဖြစ်ပွါးချိန်သည် (၃၀၄ ) ခုနှစ်၊ ဒိုင်အို ကလက်စီးယန့်(Diocletion)များ၊ ခရစ်ယာန်များအား ညှင်းပန်း နှိပ်စက်နေချိန် ဖြစ်လေသည်။ ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း ခိုင်မာမြဲမြံသော သူမ၏စိတ်ဓါတ်ကို ယိုင်လဲပြိုပျက်သွားစေရန် ပြည့်တန်ဆာအိမ်၌၊ ကိုယ်ဗလာကျင်းနှင့်ထားရှိရန်၊ အမိန့်ချ ခံရလေသည်။ သို့သော်ဘုရားသခင်သည် သူမကို စိတ်မပြောင်းလဲ၊ ခိုင်မြဲစေရန် ကျေးဇူးပေးသနား တော်မူသောကြောင့်၊ မအောင် မြင်ကြပေ။ ထို့အတူသူမအား မီးရှို့သတ်ရန် ကြံစည် ကြိုးစားမှု သည်လည်း မအောင်မြင်ခဲ့ကြပေ။

ထို့ကြောင့်စစ်သားအချို့သည် သူမ၏မျက်လုံးနှစ်လုံးကို ရက်စက်စွာ ဖေါက်ထုတ်လိုက်ကြသည်။ သို့သော် အံ့ဩထူးဆန်း ဖွယ်ကောင်းစွာ၊ သူမသည်ယခင်ထက်ပင် ပိုမိုချောမောလှပနေပြန် လေတော့သည်။ နောက်ဆုံး၌ သူမ၏လည်မျိုကို ဓါးရှည်ဖြင့် ထိုးဖေါက်သတ်ခဲ့သည်။ ထိုအချိန်မှစ၍ သံတာလူစီယားသည် အသင်းတော်တွင် အလွန်ထင်ရှားကျော်ကြားသော ဓမ္မအာဇာနည် သူတော်စင်တစ်ပါးဖြစ်လာခဲ့လေသည်။

#သံအာလူစီယား (ကညာ၊ အပျိုစင်) ဓမ္မအာဇာနည်။
#သီလရှင်များ၏နေ့စဉ်ကမ္မဌာန်းချက်။

ရဟႏာၱ