Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#St. Columban (Abbot and Missionary) #St. Clement I (Pope & Martyr) Patron of Marble Workers သံကိုလန်ဘန် (၅၄၀ - ၆၁၅ )

HAPPY FEASTDAY TO YO ALL MISSIONARIES OF ST. COLUMBAN: And who bears the name of St. Clement.

အကြီးမြတ်ဆုံးသော အိုင်ယာလန်လူမျိုးသာသနာပြုပုဂ္ဂိုလ် သံကိုလန်ဘန်သည် ၅၄၀ ခုနှစ်တွင် ဝက်စ်လင်းစတာ (West Leinster)တွင်မွေးဖွားသည်။ လူငယ်ဖြစ်သည့်အားလျှော်စွာ မိန်း ကလေးမြောက်များစွာက ဆန္ဒရှိစွာ ချည်းကပ်လာကြသည်။ ထိုအခါ စိတ်နှလုံးဖြူစင်သန့်ရှင်းသော မိန်းမတစ်ဦးထံ အကြံတောင်းကာ သူမက ထိုမိန်းမများကို သင်သည် လွတ်လွတ်လပ်လပ်ရှောင်ကြဉ်နိုင်မယ် လို့မင်းထင်နေသလား။ ဧဝကိုလက်လျော့ရသော အာဒံကိုမှတ်မိ သတိရလား။ ဒါလိုင်လာ (Dalilah) အားဖြင့် အားနည်းသွားအောင် ခံရသောဆမ်ဆွန်၊ ဘတ်ရှေဘ၏ အလှတရားအားဖြင့် ဖြောင့်မတ်သန့်ရှင်းခြင်းမှ သွေးဆောင်ဖြားယောင်းခြင်းခံရသော ဒေးဗစ်၊ မိန်းမများ၏အချစ်ဖြင့် လိမ်လည်လှည့်စားခြင်းခံရသော ပညာရှိစောလမွန် စသည်တို့ကိုသတိရသလား။ လူအများအပြားကျဆင်းနှစ်မြုပ်သွားသော ဒီမြစ်ချောင်းမှ ရုန်းထွက်ကာ လှည့်ပြေးစမ်းပါ ဟုအကြံပေးပြောဆိုခဲ့သည်။
ထိုအခါ ကိုလန်ဘန်သည် သူ့မိဘဆွေမျိုးမိသားစုကို စွန့်ခွာပြီး ရသေ့ဘောင်သို့ဝင်သည်။ အသက် ၄၅ နှစ်အရွယ်တွင် ပြင်သစ်ပြည် အီတလီပြည်များသို့သွားပြီး၊ လူများကို တရားဒေသနာဟောကြားသည်။ ထို့အပြင် စည်းကမ်းတင်းကြပ်လှသော ရသေ့ကျောင်းမျာကိုလည်းတည်ထောင်သည်။ မိန်းမများနှင့်ဧည့်သည်များကို ရသေ့ကျောင်းထဲသို့ ဝင်ခွင့်မပြုသကဲ့သို့၊ ရသေ့များသည်လည်း သူတို့လုပ်သောအလုပ်နှင့် အချိုးအစားညီမျှသော အစားအစာကိုသာစားနိုင်သည်။
သူတို့သည် ဘုရားသခင်ကိုအမြဲသတိယနိုင်ရန်နှင့်၊ လျှာဖြင့်ကျူးလွန် တတ်သော အပြစ်များကို ရှောင်ရှားနိုင်ရန်အတွက်၊ တစ်နေ့တာ၏ အချိန်အများပိုင်းကို၊ ဆိတ်ငြိမ်စွာနေရသည်။ သူပြောဆိုသည်ကား လူသည် သူတစ်ပါးအကြောင်းကိုဆွေးနွေးခြင်းနှင့် ဂရုစိုက်ခြင်း လွန်ကဲသော ဝေဖန်မှုများကို အမှတ်မထင်ပြုလုပ်ခြင်းနှင့် သူတစ်ပါး၏ နောက်ကွယ်၌ဝေဖန်တတ်ခြင်းထက် ဘာမျှနှစ်သက်ခြင်းမရှိ။ ပိုင်းခြား နားလည်တတ်သော နှုတ်လျှာမရှိသူသည် ဆိတ်ငြိမ်စွာ နေသင့်သည်။ သို့မဟုတ် သူတို့ပြောသောအရာသာ ဖြစ်သင့်သည် ဟုဆို၏။ သံကိုလန်ဘန်သည် ဘောက်ဘီအို (Bobbio) ရသေ့ကျောင်း၌ ၆၁၅-ခုနှစ်တွင်ကွယ်လွန်သည်။
သူ၏ပွဲနေ့ကို နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည်။

#သီလရှင်များ၏ကမ္မဌါန်းထောက်ရှုချက်မှ..

ရဟႏာၱ