Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#သူမ#ရှားမာန်

သခင်ခရစ်တော်ကို သေချာစွာသိသော သူ....(သူမ)
သခင်ခရစ်တော် အကြောင်းကို သူမလောက် ဘယ်သူမှမသိ။
သခင်ရစ်တော်အကြောင်း ဟောပြောသွန်သင်ရေးသားနေကြသော ဓမ္မသဂြိုလ်ပညာရှင်များ သူမလောက် ဘယ်သူမှမသိ။
သခင်ရစ်တော်အကြောင်း လေ့လာသင်ယူနေသူများ သူမလောက် ဘယ်သူမှမသိ။ ဘယ်သူမှ မတတ်မကျွမ်း။

သခင်ရစ်တော်၏ နောက်လိုက်တပည့်အစေခံများ သူမလောက် ဘယ်သူမှ အစေမခံ။
သခင်ရစ်တော်အတွက် အသက်စွန့်ကြသူများ သူမလောက် မစွန့်စား။
သခင်ရစ်တော်ကို ချစ်မြတ်နိုးကြသော ရဟန္တာ၊သူတော်မြတ်များ သူမလောက် မချစ်နိုင်။
သခင်ရစ်တော်အတွက် ဘဝကို ဆက်ကပ်အပ်နှံကြသူများ သူမလောက် မဆက်ကပ်။
သခင်ရစ်တော်အတွက် ဘဝတစ်ခုလုံးကိုစွန့်လွှတ်ကြသူများ သူမလောက် မစွန့်လွှတ်။
သခင်ရစ်တော်အတွက် စွန့်လွတ်အနစ်နာခံသူများ သူမလောက် မနစ်နာ။
သခင်ရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ကိုထမ်းသူများ သူမလောက် မခံထမ်း။
သခင်ရစ်တော်နှင့်အတူ ဝေဒနာခံထမ်းသူများ သူမလောက် မနာကျင်။
သခင်ရစ်တော်ထံ သွားရောက်လည်ပတ်သူများ သူမလောက် မသိကျွမ်း။
သခင်ရစ်တော်ကို နေ့စဥ်ပင့်ယူသူများ သူမလောက် မပေါင်းစပ်။
သခင်ခရစ်တော်ကို အစေခံသော သူတော်စင်များ သူမလောက် မနိမ့်ချ။
သခင်ခရစ်တော်ကို ပွေ့ပိုက်သော သီလရှင်များ သူမလောက် မဖြူစင်။
သခင်ခရစ်တော်ကို ပေါင်းစပ်သော သစ္စာခံများ သူမလောက် မဆင်းရဲ။
သူမ၏ သခင်ခရစ်တော်အပေါ် သိရှိခြင်း၊ နားလည်ခြင်း၊ ကရုစိုက်ခြင်း၊ ချစ်မြတ်နိုးခြင်း၊ အရိပ်ကြည့်ခြင်း၊ ကြွေးမွေးစောင့်ရှောက်ခြင်း၊ လိုအပ်ရာဖြည့်ဆည်းပေးခြင်း နားထောင်ပေးခြင်း၊ အကူအညီပေးခြင်း၊ နှစ်သိမ့်ပေးခြင်း၊ တစ်ဖဝါးမခွာ ကားတိုင်လမ်းကို အဆုံးတိုင်အတူ လျှောက်လှမ်းခြင်း၊ ကားတိုင်ထက် အသက်စွန့်သည့်တိုင် သခင်ခရစ်တော်၏ ခြေတော်ရင်းတွင် ဝေဒနာထပ်တူခံထမ်းခြင်း၊ အသည်းနှလုံး အစိပ်စိပ်အမွှာမွှာကြေကွဲ နာကျင်ရသော်လည်း နူးညံ့သိမ်မွေ့စွာ ခံထမ်းခြင်း၊ စိတ်နှလုံးသိမ်းဆည်းခြင်း၊ အပြည့်အဝ လုပ်ဆောင်ခဲ့သည့် မာရီးယာဟူသောမိန်မမြတ်၏ ဖြူစင်ခြင်း၊ သန့်ရှင်းခြင်း၊ ဆက်ကပ်ခြင်း အနစ်နာခံခြင်းနှင့် သခရစ်တော်အပေါ် သစ္စာရှိရှိ အဆုံးအထိ တည်ကြည်စွာနောက်လိုက်ခဲ့သော မိန်းမမြတ်လောက် သခင်ခရစ်တော်ကို ဘယ်သူကမျှပိုပြီးမသိ။
သို့သော်လည်း သခင်ခရစ်တော်ကို ချစ်လိုက်တာ၊ သနားလိုက်တာ၊ ဆိုပြီး ညီးညူစကား တစ်ခွန်းမပြောခဲ့။
သခင်ခရစ်တော်ကိုသိရပြီ၊ သခင်ခရစ်တော်ကို အပိုင်ရပြီ၊
သခင်ခရစ်တော်နဲ့ ကာလ်ဝါရီလမ်းမှာ အတူလျှောက်လှမ်းခဲ့ရပြီလို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ မကြွေးကြော်ခဲ့။ ဘုရားသခင်ရှေ့၊ လူတွေရဲ့ရှေ့မျက်မှောက်မှာလဲ ဖြူစင်ခြင်း၊ ဆင်းရဲခြင်း၊ နာခံခြင်းဆိုတဲ့ ကတိတွေ သစ္စာတွေကိုလည်း မပြုခဲ့။
သူမဟာ ဘုရားရဲ့အလိုတော်ကို သခင်ခရစ်တော် ပရိသန္ဓေမစွဲခင် ကစပြီး သခင်ခရစ်တော် ကားစင်ပေါ် အသက်ချုပ်ငြိမ်းသည့်အထိ အလိုတော်ကို နားထောင်ပြီး လိုက်ကျင့်ခဲ့တဲ့ အမျိုးသမီး၊ သူမထက် ဘယ်သူကများ သူ့လောက် သခင်ခရစ်တော်ဆိုတဲ့ ပညာကို သိရှိတတ်ကျွမ်းအုံးမှာလဲ ဆိုတာ....

 

သူမလို လူကို ဘယ်သူကများ.....
ဝတၳဳ