Untitled Document
Untitled Document
Untitled Document
ဝတၳဳ
အောက်တိုဘာလ (၅) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေရှင် စိန့်မာရီးယာဖောစတီးနာကိုဝါးစကာ (Saint Maria Faustina Kowalska)
အောက်တိုဘာလ (၅) ရက်နေ့
ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေရှင်
စိန့်မာရီးယာဖောစတီးနာကိုဝါးစကာ (Saint Maria Faustina Kowalska)
ယနေ့ပွဲနေ့ရှင်သည်ယနေ့သူ၏ပွဲနေ့အပြင်၊ နှစ်စဉ်ကရုဏာရှင်ယေဇူးပွဲနေ့တနင်္ဂနွေနေ့တိုင်းအမှတ်ရစရာ ဖြစ်နေပေမည်။ အ ဘယ်ကြောင့်ဆိုသော်ကရုဏာရှင်ယေဇူးဆုတောင်းခြင်းသည်သူခံယူခဲ့ရသောယူပါရုံမှစတင်ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထို့အပြင်က ရုဏာ ရှင်ယေဇူးဆုတောင်းခြင်းကိုမွန်းလွှဲ (၃) နာရီတွင်ရွတ်ဆိုပူဇော်တိုင်း လည်းသူ့အားသတိရနေပေမည်။
သူ့အားပိုလန်နိုင်ငံအလယ်ပိုင်း၏အနောက်ဖက်ဒေသ (၁၉၀၅၊ သြဂုဏ်လ၊ ၂၅) ရက်နေ့တွင်မွေးဖွားသန့် စင်ခဲ့သည်။ သူ၏ငယ်မည် မှာဟင်လင် နာကိုဝါးစကီဖြစ်ပြီး၊ မွေးချင်း (၁၀) ဦးအနက်တတိယကေ လးဖြစ်သည်။ သူ သည်သနားတတ်သောမယ်တော်သီလရှင် အသင်း ၀င်အဖြစ်မခံယူမီမြို့ကြီးသုံးမြို့၌အိမ်ဖော်အဖြစ်လုပ်ကိုင်ခဲ့သည်။ သူသည် ထမင်းချက်၊ ခြံအလုပ်သမား၊ ဧည့်ကြို များအဖြစ်ထိုနေရာများတွင် လုပ် ကိုင်ခဲ့သည်။ (၁၉၂၅) ခုနှစ်တွင်သီ လရှင်ဘ၀ကိုခံယူရန် သနား တတ်သောမယ်တော် သီလရှင်အသင်းသို့ခြေစုံပစ်၀င်ရောက်ခဲ့သည်။
သူသည်သီလရှင်ဖြစ်လာပြီးနောက်ပိုင်း၊ အသင်းမှပေး အပ်သော တာ၀န်များကိုမပျက်မကွက်ဖြည့်ဆည်းလုပ် ဆောင်ပေးခြင်း၊ အကူအညီ လိုအပ်သောသူများအားကူညီပေးသည့်အပြင်၊ ဝိညာဉ်ရေးအသက်တာ၌ ပိုမိုလေးနက်ရန် အားထုတ်ကြိုးစားနေသူလည်းဖြစ်သည်။ ထို့ကြောင့်သူ သည်ယေဇူးသခင်ထံမှကရုဏာရှင်ယေဇူးအားလူများကြည်ညို သဒွါပွား လာကြစေရန်၊ တိုက်တွန်းသောအလင်းပြမူကိုခံခဲ့ရသည်။ ယေဇူးသခင် သူ့အားအဘယ်သို့တိုက်တွန်း တောင်းဆိုခဲ့သည်ကိုသူ၏မှတ်တမ်းစာ အုပ်၌အသေးစိပ်ရေးသားထားသည်။ ထိုအကြောင်းအရာကိုသူ၏ဝိညာ ဉ်ရေးနှင့် အာပတ်ဖြေနားထောင်ပေးသောဘုန်းတော်ကြီးအားလည်းရိုး သားပွင့်လင်းစွာထုတ်ဖော်ပြောဆိုဆွေးနွေးဖြစ်ခဲ့သည်။
ဤသို့ထူးခြားသောရူပါရုံကိုခံယူခဲ့ရသည်မှန်သော် လည်းဤရူပါရုံ သည်မြင်ရသူအားကျေးဇူးတော်နှင့်ပြည့်၀သူ ဖြစ်စေသည်မဟုတ်။ ထိုရူပါ ရုံကိုခံယူရရှိသောသူအနေဖြင့်ဘုရားသခင်နှင့်တစ်လုံးတစ်၀တည်းပေါင်းစပ်နိုင်ရန်ကြိုးစား မှသာရမည်ဖြစ်သည်။ ဤရူပါရုံများသည်ဝိညာဉ် တစ် လုံးအားတန်ဆာဆင်ပေးရုံမျှသာဖြစ်သည်။ လူတစ်ဦး၏သန့်ရှင်း ခြင်းနှ င့်မဆိုင်။ လူတစ်ဦး၏သန့်ရှင်းခြင်းသည်ဘုရားသခင်နှင့်သူအ ဘယ်မျှေ ပါင်းစပ်နိုင်သည့်အချက်သည်အဓိကဖြစ် သည်။ ယနေ့ပွဲနေ့ရှင်သည် (၁၉၈၊ အောက်တိုဘာလ၊ ၅) ရက်နေ့တွင်အဆုပ်ရော ဂါဖြင့်ပျံလွန် သွား ခဲ့သည်။ ရဟန်း မင်းကြီးဂျွန်ပေါလ် (၂) သူ့အား Blessed (သူတော်စင်) အဖြစ်လည်းကောင်း၊ မှစ၍ (၇) ကြာသောအခါရဟန္တာအဖြစ် တင်မြော က်ပေးခဲ့သည်။
ကရုဏာရှင်ယေဇူးကိုကိုးစားခြင်းနှင့်ယေဇူးရွှေနှလုံးတော်ကိုကြည် ညိုသဒွါပွားခြင်းသည်ဆင်တူနေပါသည်။ အခြေအနေနှစ် ရပ်လုံးတွင် အပြစ်ရှိသောသူများအားစိတ်မပျက်ရန်၊ ဘုရားသခင် ၏ခွင့်လွှတ်ခြင်းကို သံသယမရှိရန်၊ စစ် မှန်သော၊ စုံလင်သောနောင်တတရားရှိလျှင် ဘုရား သခင်သည်ခွင့်လွှတ်ရန်အဆင်သင့်ရှိကြောင်းအားပေးနှိုးဆော်ထား သည်။ ဆာလံကျမ်း (၁၃၆း၂၆) တွင် ‘ဘုရားသခင်၏ချစ်ခြင်း (သနားခြ င်း) သည်အစဉ်သီးခံလေ့ရှိသည်’ ဟုရေးသား ထားသကဲ့သို့ဖြစ်ပါ သည်။
ဖာသာရ်ကလေးမင်းအာတယ်
photo Crd
ရဟႏာၱ