Untitled Document
Untitled Document
Untitled Document
ဝတၳဳ
4 October 2021 St. Francis of Assisi Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St. Francis of Assisi သည် ရဟန်းတစ်ပါး မဟုတ်ပေ။ Umbria မြို့ရှိ Assisi ရွာတွင် 1181 ခုနှစ်တွင် မွေးဖွားခြင်း ခံခဲ့ရသည်။ သူ၏ မိခင်သည် သူ့ကို ဆေးကြောခြင်း ပေးခဲ့ပြီး Giovanni အမည်ဖြင့် မှည့်ခေါ်လေသည်။ သူ၏ဖခင်မှာ အဝတ်အထည် ရောင်းဝယ်ဖောက်ကားသူ ဖြစ်သည့်အလျောက် သူ၏သားကိုလည်း သူ့ဖခင်၏ ခြေရာကို လိုက်စေချင်သည်။ ဖခင်အမည်မှာ Pietro Bernardone ဖြစ်သည်။ ပြင်သစ်အမျိုးသားများကဲ့သို့ သူ၏သားကိုလည်း Giovanni ကို Francesco ဟု မှည့်ခေါ်လေသည်။ သူသည် စတုတ္ထအကြိမ် ခရုဆိတ်စစ်ပွဲတွင် ပါဝင်ပြီး ရူပါရုံတစ်ခု ရသည်မှာ လမ်းမှားနေကြောင်း သိရှိခဲ့သည်။ အိမ်ပြန်ရောက်သော် သရဲဘောကြောင်သူ၊ သတ္တိမရှိသူဟု ပြက်ရယ်ပြုခြင်းကို ခံရပြန်သည်။ ချိုးနှိမ်ခြင်းကို ခံခဲ့ရသည်။ တခါက အနာကြီးရောဂါသည်ကို လမ်းတွင်တွေ့၍ မြင်းပေါ်မှဆင်းပြီး အနာကြီးရောဂါသည်၏ လက်ကို နမ်းရှုံ့ခဲ့သည်။ ခရီးဆက်ခဲ့ရာ ပြန်လှည့်အလာတွင် အနာကြီးရောဂါသည်သည် မြင်ကွင်းမှ ပျောက်ကွယ် သွားလေသည်။ ချမ်းသာကြွယ်ဝသော်လည်း အဝတ် အစုတ်အပြတ်ကိုသာ ဝတ်ဆင်သည်။ ရိုးစင်းသော ဘဝဖြင့်သာ နေထိုင်ခဲ့သည်။ တခါက ကျေးငှက် တိရိစ္ဆာန်များကို တရားဟောရာ ကျေးငှက်တို့သည် သူ၏တရားကို နာရာ ငှက်တို့သည် အလွန်စိတ်ဝင်စားသဖြင့် တုတ်တုတ်မျှ မလှုပ်မရှားဘဲ တရားနာကြသည်။ Francis က သူတို့ကို အမိန့်ပေးမှသာ သူ့ထံမှ ထွက်ခွာ သွားကြသည်။ တခါက ဝံပုလွေ တစ်ကောင်ကလည်း သူ၏တရားကို လာရောက် နာယူကာ လူများကို ဒုက္ခမပေးတော့ဘဲ ရွာသားများအတွက် အကျိုးပြုသော ဝံပုလွေတစ်ကောင် ဖြစ်လာခဲ့သည်။ Pope Innocent III သည် Francis ကို တရားဟောရန် အခွင့် ပေးထားတော်မူခဲ့သည်။ 1224 ခုနှစ် September 14 ရက်နေ့တွင် သူသည် သခင်ယေဇူး၏ ဒဏ်ရာဒဏ်ချက်များကို ရရှိခဲ့သည်။ တဖန် ပဉ္စမအကြိမ်မြောက် Crusade စစ်ပွဲတွင် ပါဝင်ပြီး စစ်သုံ့ပန်းအဖြစ် အဖမ်းခံရကာ Syria တွင် အလုပ်လုပ်ကိုင်ရသည်။ Sultan ဘုရင်သည် ဘာသာသူတစ်ဦး ဖြစ်လာပြီး နှစ်ယောက်စလုံး အသတ်ခံခဲ့ရသည်။ သူသည် သန့်ရှင်းမြင့်မြတ်သူ တစ်ဦးဖြစ်သည်။ အသက်တော် 45နှစ်အရွယ် 1226ခုနှစ် October 3ရက်နေ့တွင် အသက်တော် စွန့်ခဲ့သည်။ Pope Gregory IX က 1228 ခုနှစ် July 16 ရက်နေ့တွင် ရဟန္တာဖြစ်ကြောင်း ကြေငြာခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ