Untitled Document
Untitled Document
Untitled Document
ဝတၳဳ
3 October 2021 St. Mother Theodora Guerin Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

ဤရဟန္တာကို 1798 October 2ရက်နေ့ ပြင်သစ်နိုင်ငံ Brittany အနီးရှိ ရွာကလေးတစ်ရွာတွင် ဖွားမြင်ခဲ့ပါသည်။ သူ၏ဖခင်မှာ Laurent Guerin သင်္ဘောကပ္ပတိန် တစ်ဦးဖြစ်၍ Napoleon Bonaparte လက်အောက်တွင် တာဝန်ထမ်းဆောင်သူ တစ်ဦးဖြစ်သည်။ သူ့မိခင်၏အမည်မှာ Isabella ဖြစ်သည်။ ပါရမီရှင်အပေါင်း၏ စံပြဖြစ်သည်။ Saint Mary-of-the-Woods သီလရှင် အသင်းဂိုဏ်းကို တည်ထောင်ပြီး Sisters of Providence အမည်ဖြင့် ထိုအဖွဲ့ကို မှည့်ခေါ်စေသည်။ Indiana, Lafayette သာသနာတွင် အမှုတော် ထမ်းဆောင်ခဲ့သည်။ 1856 May 14 ရက်နေ့တွင် ဘုရားသခင် သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ Sister Mary Theodosia သည် တစ်ရက်တွင် St. Mary Theodora Guerin ၏ အုတ်ဂူနားတွင် ဆုတောင်းနေစဉ် သူမ၏ ရင်သားကင်ဆာနှင့် အစာအိမ်ကူမာလည်း တန်ခိုးအားဖြင့် ပျောက်ကင်းခဲ့သည်။ နောက်လူတစ်ယောက် McCord သည်လည်း အမြင်အာရုံ ပြန်လည် ရရှိခဲ့သည်။ သူ၏ မျက်လုံး အခြေအနေ ပြန်ကောင်းချိန်သည် 2001 ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည်။ Pope John Paul II, 1998, October လတွင် ရဟန္တာ သူတော်သူမြတ် အစုတွင် ကြေငြာခဲ့ပြီး 2006 ခုနှစ် အောက်တိုဘာလ 15 ရက်နေ့တွင် ရဟန္တာအဖြစ် Pope Benedict XVI က ကြေငြာခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ