Untitled Document
Untitled Document
Untitled Document
ဝတၳဳ
2 October 2021 Feast of the Guardian Angels Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

လူသားတိုင်း ဘုရားသခင်၏ ကျေးဇူးတော်အောက်၌ သွေးဖယ်မသွားစေရန် ဘုရားသခင်သည် လူသားတိုင်းအတွက် ကိုယ်စောင့်သိကြား တစ်ပါးစီ ခန့်အပ်ထားသည်။ ကိုယ်စောင့်သိကြားသည် လူသားများကို နတ်ဆိုး၏ ကျော့ကွင်းမှ လွတ်မြောက်ရန်အတွက် အပြစ်ထဲတွင် မနစ်မွန်းရန်အတွက် ကူညီပေးသည်။ အထူးသဖြင့် သေခါနီးအချိန်တွင် ဘုရားရှေ့တွင် ထိုသူအတွက် လျှောက်လဲချက်ပေးသူ ဖြစ်သည်။ ကျွန်ုပ်တို့သည် အကြီးအကဲ ကွယ်ရာ၌ မကောင်းမှု ဟူသမျှကို ပြုလုပ်လျှင် ကိုယ်စောင့်သိကြားသည် ကူညီစောင့်ရှောက်သည်။ ကျွန်ုပ်တို့ ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ ကျွန်ုပ်တို့သည် ကိုယ်စောင့်သိကြားကို ရိုသေလေးစားရမည်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင်၏ ရှေ့မှောက်တော်တွင် လူသားအတွက် အမြဲရှေ့နေရှေ့ရပ်အဖြစ် ရပ်တည်ပေးသူဖြစ်သည်။ Pope Pius V လက်ထက်က 1615 ခုနှစ်တွင် ကိုယ်စောင့်သိကြားပွဲကို သတ်မှတ်ကျင်းပခဲ့ကြသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ