Untitled Document
Untitled Document
Untitled Document
ဝတၳဳ
အသက်ကိုရင်း၍ …… နီလာရိုင်း - ရေးသည် Posted by Sr. Eugenie(SFX)
(တောင်ပြာတန်းကကြိုနေမယ်နှင့် အခြားကက်သလစ်ဝထ္ထုတိုများ... စာအုပ်မှ ကူးယူဖော်ပြသည်။)
ခရစ်ယာန်တစ်ဦးသည် ကောင်းတာလုပ်ရုံနှင့် တာဝန်မကျေ ပါ။ မကောင်းတာမလုပ်ရုံနှင့် မကျေနပ်သင့်ပါ။ မိမိ၏မျက်မှောက် တွင် ဖြစ်ပွားနေသော ဒုစရိုက်မကောင်းမှုများကိုတတ်စွမ်းသမျှ တားဆီးရန်လည်းတာဝန်ရှိပါသည်။
မကောင်းမှုများကိုတားဆီးဆန့်ကျင်ခြင်းသည် ဝမ်းမြောက် ရာသတင်းကောင်းကို ကြေငြာခြင်း၏ပထမခြေလှမ်းဖြစ်သည်ကို မမေ့သင့်ကြပါ။
အေဒီ ၄၀၃ ခုနှစ်တွင် ရောမလူမျိုးတို့သည် ရန်သူများကို အောင်နိုင်ခဲ့သည်။ ထိုအောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကြီးများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြ ပါသည်။ ထိုအားကစားပြိုင်ပွဲများတွင် လူလူချင်း တစ်ဦးနှင့် တစ်ဦး သူသေကိုယ်သေ တိုက်ခိုက်ရသော ပြိုင်ပွဲများလည်းပါဝင်သည်။ ဤပြိုင်ပွဲများသည် အလွန်ကြမ်းကြုတ်ရက်စက်လှပါသည်။ ရောမ ပွဲကြည့်ပရိတ်သတ်အတွက် ပြိုင်ပွဲတွင်ပါဝင်ရသောလူများက အသက်ပေး ဖြေဖျော်ကြရပါသည်။ အထူးသဖြင့် ကျွန်များစွာတို့ သည် အတင်းအဓမ္မ ထိုပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကြရပါသည်။
ထိုသို့ ရက်စက်၍ ကြင်နာခြင်းကင်းသော ပွဲများကို ခရစ်ယာန်များလည်း အားပေးကြပါသည်။ ဘုရင်ကိုယ်တိုင် ဦးစီးဆောင်ရွက်သောပွဲတော်ကြီးများလည်းဖြစ်ပါသည်။ ဘုရင် အပါအဝင် လူအမြောက်အများ သွားရောက်အားပေးကြသဖြင့် ထိုပွဲတော်ကြီးများသည် ကြက်ပျံမကျ စည်းကားခဲ့ကြပါသည်။
လူလူချင်း သူသေကိုယ်သေ သတ်ပုတ်ပွဲများသည် ရက်စက် သောလုပ်ရပ်များဖြစ်သည်။ ကြက်တိုက်ပွဲများပမာ သွေးသရ အသက်လုကြရသောပွဲများလည်းဖြစ်သည်။ သို့သော် ရောမလူ
ထိုရက်စက်သော လူသတ်ပွဲများကို ခုံမင်မက်မောကြသဖြင့်
(Arena) ခေါ် လူလူချင်းသတ်ပုတ်ရာ အားကစားရုံကြီးသည် အမြဲပြည့်လျှံနေသည်။ ထိုအချိန်က တယ်လီမားတစ် (Telemachus) သူတော်စင်ကြီးတစ်ဦးသည် ရောမနှင့် အလှမ်းကွာသောနေရာတစ်ခုတွင်နေထိုင်ခဲ့သည်။ တယ်လီမားကုစ်သည် ရိုးသားဖြောင့်မတ်သူဖြစ်ကြောင်းများစွာက သိသဖြင့်လေးစားကြသည်။
သူသည် ထိုသို့လူအချင်းချင်းအား သူသေကိုယ်သေ သတ်ခိုင်းသောပွဲများအကြောင်းကြားသိရ၍ အလွန်စိတ်မကောင်း ဖြစ်ခဲ့သည်။ ဒုစရိုက်မှုအဖြစ်မြင်ခဲ့သည်။ ရက်စက်မှုအဖြစ် ဝမ်းနည်းခဲ့သည်။ ထိုမဖြစ်သင့်မဖြစ်ထိုက်သော ရက်စက်မှုပွဲတော်ကြီးကို တားဆီးရန် ခရစ်ယာန်တစ်ဦးအနေဖြင့် တာဝန်ရှိသည်ဟု ခံစားမိသည်။ ဘုရားပေးတာဝန်ဟုလည်း မှတ်ယူသည်။ သို့သော် ဘုရင်ကိုယ်တိုင်အားပေးနေသောပွဲတော်ကြီးကို သူမည်သို့ တားဆီးမည်နည်း။ မည်သို့ ဖြစ်စေတယ်လီမားကုစ်(Telemachus) သည် မွန်မြတ်သော လုပ်ဆောင်မှုတစ်ခုအတွက် တစ်ခုခုလုပ်ဆောင်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ “ငါရောမမြို့ကိုသွားမယ်၊ လူလူချင်း သတ်ပွဲတွေကိုတွေကိုတားမယ်။ တယ်လီမားကုစ်သည် မိမိ၏ဆုံးဖြတ်ချက်အတိုင်း
ရောမမြို့တော်ကြီးဆီသို့ ခြေလျှင်ခရီးနှင်ခဲ့ပါတော့သည်။
ခရီးလမ်းကလည်းကြမ်း၊ ဝေးလည်းဝေးရုံသာမက အိုမင်းနေပြီဖြစ်သော တယ်လီမာကုစ် အတွက် ရောမခရီးစဉ်က မသက်သာလှပါ။ အလွန်မောပန်းလှပါသည်။ သို့သော် မကောင်းမှုကို တားဆီးရန် ဆန္ဒပြင်းပြလွန်းသဖြင့်သာ ရောမမြို့သို့ အရောက်လှမ်းနိုင်ခဲ့ပါသည်။ ရောမမြို့သို့ရောက်လျှင် (Arena) ခေါ်လူလူချင်းသတ်ပုတ်ရသော အားကစားရုံကြီးဆီသို့ ဦးတည်လိုက်ပါသည်။
(Telemachus) တယ်လီမားကုသည် လူလူချင်းသတ်ပွဲရုံကြီးနားရောက်သောအခါ “ထိုးလိုက်ပါလား” “အလိုက်တဲ့
ကောင်... ပြန်ချပါလား ...” “ခုတ်ပစ်လိုက်တော့” ဆိုသည့် (၈ဝဝဝဝ) ခန့်ရှိ ပွဲကြည့်ပရိတ်သတ်ကြီး၏ အော်ဟစ်အားပေးနေသော အသံကြီးများကိုကြားနေရသည်။
ဇာတ်ရုံကြီးထဲသို့သူ သွားရောက်သောအချိန်တွင် ကျွန်နှစ်ဦးမှာ သူ့အသက်၊ ကိုယ့်အသက်လုပွဲကြီးမို့ တစ်ဦးကို တစ်ဦးအလစ်မပေးရဲကြပဲ ထိုးခုတ်နေကြရာ ဓါး၊ ဓါးချင်း ထိသံများနှင့် သွေးသံရဲရဲ မြင်ကွင်းများကို တွေ့လိုက်ရသည်။ ပရိတ်သတ်များကမူ အားရပါးရအားပေးလျှက် ပွဲကြီးပွဲကောင်းကြည့်နေ ကြရသူများအလား ကျေနပ်အားရနေကြသည်။
လက်ရည်တူ၊ ပညာတူဖြစ်နေသဖြင့် ဒါဏ်ရာများရနေကြရုံသာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အပြီးသတ် ပွဲမသိမ်းနိုင်သေးပေ။ ပွဲသိမ်းနိုင်ရန် နှစ်ယောက်လုံးကကြိုးစားနေကြသဖြင့် ကြည့်နေသူများပင် ရင်တထိတ်ထိတ်နှင့် အရသာကိုခံစားနေကြရသည်။
တယ်လီမားကုစ်သည် လူကိုလူအချင်းချင်းက အသုံးတော်ခံအဖြစ်ထားပြီး ရက်စက်မှု၌ သာယာနေသော ပွဲကြည့်ပရိတ်သတ်ကြီးကို ဒေါသထွက်မိပြီး မလွှဲမရှောင်သာ၍ အချင်းချင်းသတ်ဖြတ် နေကြရသော ကျွန်နှစ်ဦးကို သနားနေမိသည်။ ထို့နောက် ဘာမျှမပြောမဆိုပဲ ပွဲကြည့်ပရိတ်သတ်ကြားမှ အချင်းချင်း ဓါးများ၊ လှံများနှင့် ထိုးခုတ်နေသော ကျွန်နှစ်ဦးရှိရာသို့ အရန်အတားများကိုကျော်ပြီး ရောက်အောင်သွားလျက် နှစ်ဦးကြားတွင် သွားရပ်နေလိုက်သည်။
ထိုးခုတ်နေသော ကျွန်နှစ်ဦးမှာ ကြောင်သွားသည်။ မမျှော်လင့်သောဖြစ်ရပ်ကြောင့် ထိုးခုတ်သတ်ဖြတ်ပွဲကို နှစ်ဦးလုံးကအလိုလိုရပ်ထားမိကြသည်။ ပွဲကြည့်ပရိတ်သတ်ကြီးကမူ ပွဲဖျက်သူ ဟု တယ်လီမားကုစ်ကို ဝိုင်းအော်ကာ အမျက်ဒေါသချောင်းချောင်းထွက်သွားကြသည်။ တယ်လီမားကုစ်ဖြစ်မှန်းလည်း သတိမထားမိ ကြပေ။ ပွဲဖျက်တဲ့အဖိုးကြီးကို ပညာပေးလိုက်ပေါ့။ ဒီအဖိုးကြီး သေချင်ရင်သတ်လိုက်ကြဟေ့ .. ဆိုသည့် သွေးဆာသံကြီးများသည် အားကစားရုံဝင်းကြီးတစ်ခုလုံး ဟိန်းထွက်လာသည်။ ထိုအချိန်တွင်
ပြိုင်ပွဲဝင်နေသော ကျွန်တစ်ဦး၏ ဖြူဖွေးသောဓါးဦးသည် တယ်လီမားကုစ်၏ ဝမ်းဗိုက်ထဲစူးဝင်နစ်မြုပ်သွားသည်။
“အား …”ဆိုသောညီးသံတစ်ချက်သာကြားရပြီး တယ်လီ မားကုစ်သည် သွေးအိုင်ထဲတွင် လဲကျအသက်ပျောက်သွားခဲ့သည်။
ထိုအခါမှ မရိတ်သတ်အားလုံးငြိမ်သက်သွားသည်။
ခဏအကြာတွင် တယ်လီမားကုစ်ကိုသိသောလူတစ် ယောက်ကသူ့ကိုမှတ်မိသွားပြီး ... ။
သူတော်စင်ကြီး တယ်လီမားကုစ်သေသွားပြီ ဆိုသော အသံတစ်သံက ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။
ဘုရင်ကြီးကိုယ်တိုင်လည်း သူတော်စင်တယ်လီမားကုစ်ကို လေးစားသလို လူအများကလည်း လေးစားကြသဖြင့် ဝမ်းနည်းသွား ကြသည်။ ဘုရင်ကြီးသည် စိတ်မကောင်းစွာဖြင့် ပထမဆုံး ထပြန်သူ ဖြစ်ခဲ့သည်။
နောက် တစ်ယောက်ပြီးတစ်ယောက် လူလူချင်းသတ်သော အားကစားရုံကြီးထဲက ထွက်သွားကြရာ အားကစားရုံထဲတွင် ပရိတ်သတ်များ တစ်ယောက်မျှမရှိကြတော့ပေ။ ထိုအချိန်မှစ၍ လူလူချင်း သတ်ပွဲများကို ရောမမြို့တွင် မည်သည့်အခါမျှမကျင်းပတော့ချေ။
သို့ရာတွင် ဒုစရိုက်တစ်ခုကို တားဆီးရာ၌ သူတော်စင်တယ် လီမားကုစ်မှာ အသက်ပေးလိုက်ရပါသည်။ မည်သို့ဆိုစေ တယ်လီမားကုစ်သည် ကျွန်များစွာ၏ အသက်ကိုကယ်တင်နိုင်ခဲ့ပါသည်။ ထာဝရရှင်သန်မှု အတွက် တဒင်္ဂရှင်သန်မှုကိုစွန့်လွှတ်ရဲသော တယ်လီမားကုစ်၏ မေတ္တာတရားကြီးမားပုံနှင့် သတ္တိရှိပုံကို ရောမလူမျိုးတို့ သည် ယနေ့တိုင်သတိရနေဆဲ၊ ဂုဏ်ယူနေဆဲပင်။
မှတ်ချက်။ ။ တယ်လီမားကုစ် (Telemachus) ၏အကြောင်းကို မှီငြမ်းရေးသားပါသည်။
နီလာရိုင်း
ဝတၳဳ