Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-30 07:37:56

ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း မှ သီလရှင်များ သစ္စာခံယူခြင်း-Profession of the Sisters of Reparation 21.1.2024, Taungngu.

 

ဆပ်ဖြေခြင်းသီလရှင်များ ယာယီသစ္စာ နှင့် ရာသက်ပန်သစ္စာခံယူခြင်းပွဲကို ၂၁.၁.၂၀၂၄ နံနက် ၈း၃၀ နာရီ အချိန်တွင် တောင်ငူမြို့၊ယေဇူးရွှေနှလုံးတော်ကာသီဒြယ်ဘုရားကျောင်းတော်၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာပြည်အသင်းဂိုဏ်း၏ အကြီးအကဲ မာသာရ်ကြီး ကော်ရက်တီလစ်တီ ရှေ့မှောက်တွင် သစ္စာရွတ်ဆိုခဲ့ကြပြီး ဆရာတော်အိုက်ဇက်ဓါနု ထံမှဘုရားနှင့်ကတိသစ္စာပြုထားသော ပဋိညာဥ်လက်စွပ်ကိုခံယူခဲ့ကြပါသည်။ ဆရာတော် မှ မစ္ဆားတရားတော်မြတ်ကို ဦးဆောင်ဦးရွက်ကာ ရဟန်းတော်များ၊ သီလရှင်များ၊ကိုရင်များ မိဘ‌ဆွေမျိုး အချို့နှင့် ဘာသာတူများ ပါဝင်တက်ရောက်ဆုတောင်းပေးခဲ့ကြပါသည်။ CRCM ကြေးစည်မြန်မာ ၏ အယ်ဒီတာ စစ္စတာရ် ဘက်နက်ဒက်တာမြတ်နှင်းနွယ် ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း မှ သတင်းယူ လိုင်းတွင် ထုတ်လွှင့်ပေးခဲ့ပါသည်။ 

 

ရာသက်ပန်သစ္စာခံယူခဲ့သော သီလရှင်များမှာ --1.Sr. Letizia Hte Mu(လွိုင်ကော်သာလနာ၊ ဒေါဥခုတိုက်နယ်)2.Sr. Maria Bambina Moe Moe Khaing(လားရှိုးသာသနာ၊ ပန်မိုင်ကျုံတိုက်နယ်)3.Sr. Mary Oo(ဖယ်ခုံသာသနာ၊ ဖယ်ခုံ တိုက်နယ်)4.Sr. Regina Kai San(မြစ်ကြီးနားသာသနာ၊ စီတာပူတိုက်နယ် )5.Sr. Benedetta Amy(ဖယ်ခုံသာသနာ၊ ဖယ်ခုံတိုက်နယ်)6.Sr. Agnes Eh Moo Phaw(တောင်ငူသာသနာ၊ သံတောင်တိုက်နယ်)7.Sr. Veronica Lakhjemo (လွိုင်ကော်သာသနာ၊ ဖရူဆိုတိုက်8.Sr.Caroline Nan Shawng (ဗန်မော် သာသနာ၊တိုက်နယ်တို့ ဖြစ်ကြပါသည်။

 

ပထမသစ္စာခံယူခဲ့ကြသောသီလရှင်များမှာ1.Sr. Paula Mya Aye(ဖယ်ခုံသာသနာ၊ ဖယ်ခုံတိုက်နယ်)2.Sr. Josephine Aye Aye Naing (တောင်ကြီးသာသနာ၊ ခိုလန်တိုက်နယ်)3.Sr. Jacinta Lu Mai (မြစ်ကြီးနားသာသနာ၊ စီတာပူတိုက်နယ်)4.Sr. Rosa Bawk Dim (မြစ်ကြီးနားသာသနာ၊ လဝါးတိုက်နယ်)5.Sr. Scholastica Ah La (Thazin Htwe)(တောင်ငူသာသနာ၊ မောင်ဘလောက်တိုက်နယ်)တို့ဖြစ်ကြပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

 

ဒက်ဇူးမယ်(ISR)

 

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။