Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏နှစ်ပတ်လည် အစည်းအ‌ဝေး‌‌‌‌‌‌‌‌‌‌ ကို ၅. ၁. ၂၀၂၄ မှ ၇.၁. ၂၀၂၄ အထိCRCM ရန်ကုန်၌အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါသည်။ ၅.၁.၂၀၂၄တွင် အဖွင့်မစ္ဆားတရားတော်မြတ်ကိုCRCM ဥက္ကဌ Rev. Fr. Bosco ဇေယျာအောင်(SDB)မှလည်းကောင်း၊၆.၁.၂၀၂၄ နေ့တွင်မစ္ဆားကို Rev.Fr. Jose Magro (PIME)တို့မှ ဦးဆောင်ခဲ့ကြပြီးCRCM ၏နာယကဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက် နှင့် ရဟန်းမင်းကြီးကိုယ်စားလှယ် Rev. Msgr. Andrea Ferrante တို့သည် CRCM တည်ရှိခြင်း နှစ် (၅၀)ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရားတော်မြတ်ကို(၇.၁.၂၀၂၄) နေ့နံနက်၈း၃၀နာရီ တွင်ဦးဆောင်းဦးရွက်ကာ တရားရေအေးတိုက်ကျွေးပေးခဲ့ကြပါသည်။အစည်းအ‌ဝေးသုံးရက်အတွင်း CRCM ဥက္ကဌ နှင့် EC members အသစ်ပြန်လည်ရွေးချယ်ခဲ့ကြပါ သည်။ CRCM President- ဥက္ကဌ မှာ Rev. Fr. Bosco ဇေယျာအောင် (SDB)၊ Vice President ဒု- ဥက္ကဌ Sr. Ann Theresa (SFX)၊Executive Secretary အတွင်းရေးမှူး Sr. Agnes Caroline Bo Ma (FMM)၊EC Members အဖွဲ့၀င်များ- Rev. Fr. Jerome (OFM)၊ Rev. Fr. Girish (SJ) နှင့် Sr. Bibiana (SCCG) တို့ဖြစ်ကြပါသည်။ PIME ဘုန်းတော်ကြီး Fr. Enrico Fidenza , Rev.Fr. Jose’ Magro နှင့် CBCM-Nation Building တာဝန်ခံဒေါက်တာဦးဝင်းထွန်းကြည် အဖွဲ့တို့မှပို့ချချက်များ ဝေမျှပေးခဲ့ကြပါသည်။ဆက်လက်ပြီး CRCMလက်အောက်ရှိ အဖွဲ့အသီးသီး မှ တစ်နှစ်စာReport အစီရင်ခံစာများတင်ပြခဲ့ကြသည် မှာ Executive Secretary Report & Formation Commission Report ကို Sr. Caroline Bo Ma(FMM) Treasurer Report ကို Sr. Mandalena Sandar Win(RGS),MIRS Report ကို Rev.Fr. Camillus Suan,(SDB) Kyese Report ကို Sr. Benedetta Myat Hnin Nwe(ISR),Talitakum Report ကို Sr. Lucy Aye Aye Win (SCCG), Safeguarding Report ကို Sr. Jane Nywe Nywe(RGS) တို့မှတင်သွင်းခဲ့ကြပါသည်။Household တာဝန်ပြီးဆုံးသော Sr. Rosie(FMM)နှင့် ညီမငယ်များကျေးဇူးတင်ရင်း ၂၀၂၄ တာဝန်ယူမည့် Sr. Mandalina Zin Mar Aung (FSAG) နှင့်ညီမငယ်တို့အားကြိုဆိုကာ တာဝန်လွှဲအပ်ခဲ့ပါသည်။၎င်းနောက် ဂိုဏ်းအသစ်ဖြစ်သောဘက်ဘနဒစ်တု သီလရှင်အသင်းဂိုဏ်း မှ အသင်းဂိုဏ်းအကြောင်းဝေမျှပေးခဲ့ကြပြီးနောက်လာမည့် General Conventionအတွက်‘Theme; Facilitator စသည့် အစီအစဥ်များရေးဆွဲကာ အစည်းအဝေးကို အဆုံးသပ်ခဲ့ကြပါသည်။

ဒက်ဇူးမယ် (ISR)

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။