***ကားတိုင်ပေါ်က ခရစ်တော် စကား(၇)ခွန်***
၁။အိုအဖသူတို့၏အပြစ်များကို ခွင့်လွတ်တော်မူပါ။သူတို့သည် ကိုယ်ပြုသောအမှုကို မသိပါ။(ရှင်လုကာဧဝံဂေလိကျမ်း ၂၃း၃၄)
၂။“အချင်းမိန်းမသင်၏သားကိုကြည့်ပါဟူ၍လည်းကောင်း၊တပည့်တော်အားလည်း သင်၏အမိကိုကြည့်ပါဟူ၍လည်းကောင်း”မိန့်တော်မူ၏။တိုအခါမှစ၍ တပည့်တော်သည် မိမိ၏အိမ်၌မယ်တော်ကိုသိမ်းထားလေ၏။(ရှင်ယောဟန်ဧဝံဂေလိကျမ်း ၁၉း၂၆-၂၇)
၃။ယနေ့တွင်သင်သည် ငါနှင့်အတူပရဒိသုဘုံ၌ ရှိလိမ့်မည်။(ရှင်လုကာဧဝံဂေလိကျမ်း ၂၃း၄၂)
၄။ကျွန်ုပ်၏ဘုရား၊ကျွန်ုပ်၏ဘုရားအဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ် ထားတော်မူပါသနည်း။(ရှင်မာဿဲဧဝံဂေလိကျမ်း ၂၇း၄၆)
၅။“ငါရေငတ်သည်”ဟုမိန့်တော်မူ၏။(ရှင်ယောဟန်ဧဝံဂေလိကျမ်း ၁၉း၂၈)
၆။ အမှုပြီးပြီ။ (ရှင်ယောဟန်ဧဝံဂေလိကျမ်း၁၉း၃၀)
၇။ အိုအဖ ကျွန်ုပ်၏ဝိညာဥ်ကို ကိုယ်တော်၏လက်တော်၌ ကျွန်ုပ်အပ်ပါ၏။(ရှင်လုကာဧဝံဂေလိကျမ်း၂၃း၄၆)
***မွန်းလွှဲ(၃းဝဝ)နာရီတွင် ဆိုအပ်သောမေတ္တာ***ယေဇူးသခင်သည် အသက်စွန့်တော်မူသည်၊ အသက်စွန့်တော်မူသောစမ်းအိုင်သည် လူသားနှင့်ဝိညာဉ်များအတွက် ယိုစီးထွက်တော်မူ၍ကရုဏာတံခါးတော်သည် တစ်ကမ္ဘာလုံးအတွက်ဖွင့်တော်မူ၏။အိုအသက်၏ စမ်းအိုင်တော်၊တိုင်းတာ၍မမှီနိုင်သော ကရုဏာရှင်၊တစ်ကမ္ဘာလုံးကိုကိုယ်တော်၏ကရုဏာတော်ဖြင့်လွှမ်းခြုံထားတော်မူ၍ကျွန်ုပ်တို့အပေါ်သို့ အကုန်အစင်သွန်းလောင်းချပေးတော်မူပါ။အသက်၏စမ်းအိုင်အဖြစ်ယေဇူး၏နှလုံးတော်မှယိုစီးထွက်တော်မူသောအိုသွေးတော်နှင့်ရေတော်၊ကျွန်ုပ်တို့သည် ကိုယ်တော်ကိုအားကိုးပါ၏။(အာမင်)(ရဟန္တာမဖောစတီးနား - ကျွန်ုပ်တို့အဖို့ငှာ ဆု တောင်းပေးတော်မူပါ။)