Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-13 08:54:53

#ဘုရားသခင်ကြေညာတဲ့စစ်ပွဲ

ကျမ်းစာတော်မြတ်ထဲမှာဘုရားသခင်ကြေညာတဲ့တစ်ခုတည်းသော စစ်ပွဲကကမ္ဘာဦးကျမ်းမှာစပြီးကြားရတယ်။"သင်နှင့်မိန်းမကိုလည်းကောင်း၊သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်းငါသည်ရန်ငြိုးဖွဲ့စေမည်။သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊သင်သည်သူ၏ခြေဖနောင့်အောက်တွင်နင်းခြေခြင်းကို ခံရလိမ့်မည်"ကမ္ဘာဦးကျမ်း၃:၁၅"ထိုအခါနဂါးကြီးသည်မိန်းမအပေါ်အမျက်ထွက်၍သူမထံမှဆင်းလာသည့်ကျန်ရှိနေသောအမျိုးအနွယ်ကိုလည်းကောင်း၊ဘုရားသခင်၏ပညတ်တော်များကိုလိုက်နာသောသူတို့အားလည်းကောင်း၊ယေဇူးကိုသက်သေခံသောသူတို့အားလည်းကောင်းတိုက်ခိုက်ရန်ထွက်ခွာသွားလေ၏။"ဗျာဒိတ်တော်ကျမ်း ၁၂:၁၇ကမ္ဘာဦးကျမ်းကမြွေကြီးနဲ့ဗျာဒိတ်တော်ကျမ်းကနဂါးကြီးတို့ကစာတန်နတ်ဆိုးကို ညွှန်းဆိုမှန်းငါတို့ သိကြတယ်။ဒါပေမဲ့ မိန်းမဆိုတာကဘယ်သူ့ကိုညွှန်းတာလဲ။သားတော်ယေဇူးကမယ်တော်မာရီယားကို"မိန်းမ"ဆိုပြီး ကာနန်လက်ထပ်ပွဲနဲ့လက်ဝါးကပ်တိုင်ခြေရင်းမှာခေါ်ခဲ့တယ်။ယောဟန် ၂:၁-၁၁, -ယောဟန် ၁၉:၂၅ မယ်တော်မာရီယားကိုသူမနာမည်နဲ့မဟုတ်ဘဲယေဇူးကိုမွေးဖွားပေးတဲ့"မိန်းမ"တစ်ဦးဆိုပြီးဂါလားဆီယာဩဝါဒမှာလည်းတွေ့ရတယ်။"အချိန်ကျရောက်သောအခါဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူခဲ့၏။ထိုသားတော်သည်ပညတ်တရား၏လက်အောက်ခံအဖြစ်မိန်းမတစ်ဦးမှ မွေးဖွားလာခဲ့ခြင်းဖြစ်၏။"ဂါလားဆီယာဩဝါဒစာ ၄း၄ ဗျာဒိတ်တော်ကျမ်း ၁၂မှာ-"ကောင်းကင်ယံ၌ကြီးမားသောနိမိတ်လက္ခဏာတစ်ခု ပေါ်ထွန်းလေ၏။မိန်းမတစ်ဦးသည် နေကိုဝတ်ဆင်ပြီးလကို ခြေဖြင့်နင်းလျက် ဦးခေါင်းပေါ်တွင်လည်းကြယ်တစ်ဆယ့်နှစ်လုံးပါသည့်သရဖူကိုဆောင်းထားလေ၏။" ဆိုပြီးအစချီထားတဲ့ကျမ်းပိုဒ်က"ထို့ကြောင့်ထာဝရဘုရားသည်ကိုယ်တော်တိုင်နိမိတ်လက္ခဏာကိုသင်တို့အားပေးတော်မူမည်။ကြည့်ရှုလောသတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍ သားယောကျာ်းကို ဖွားမြင်လတ္တံ့။ထိုသားကို ဧမာနွေလအမည်ဖြင့် မည့်ရလတ္တံ့"ဆိုတဲ့ ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄ ကအကြောင်းအရာနဲ့ထပ်တူညီနေတာကိုတွေ့ရပါတယ်။ အထက်ကကျမ်းပိုဒ်တွေမှာ"မိန်းမ" ဆိုတဲ့ပုဂ္ဂိုလ်ကယေဇူးရဲ့မိခင်မယ်တော်မာရီယားကိုပဲညွှန်းဆိုကြတယ်ဆိုတာ ထင်ရှားပါတယ်။ဒီတော့ဘုရားသခင်ကြေညာတဲ့တစ်ခုတည်းသောစစ်ပွဲမှာမိမိကမိန်းမရဲ့အမျိုးအနွယ်မယ်တော်သခင်မရဲ့သားသမီးတွေဘက်ကလား။ဒါမှမဟုတ်မြွေ(နဂါး)ရဲ့အမျိုးအနွယ်စာတန်နတ်ဆိုးရဲ့ကျေးကျွန်တွေဘက်ကလားဆိုတာမိမိကိုယ်ကိုယ်စစ်ဆေးကြရမှာပါ။
#သည်းနယူး
#ဘုရားသခင်ကြေညာတဲ့စစ်ပွဲ
#၁၃ဇန်နဝါရီ၂၀၂၃
*The only war that God declared in Scriptures

စာစုအား ဘာသာပြန်ဝေမျှပါသည်။

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။