Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-11 07:55:20

#Pope Francis baptizes 13 children in Sistine Chapel, encouraging parents to teach prayer#ရဟန်းမင်းကြီးဖရန်စစ် 'ရဟန်းမင်းကြီး၏ဘုရားကျောင်းဆောင်ငယ်၌ ကလေး (၁၃) ဦးကိုဆေးကြောခြင်းပေးခဲ့

#အလွန်ကျော်ကြားလှသော'Sistine'ဘုရားကျောင်းကို'ရဟန်းမင်းကြီးဘုရားကျောင်းဆောင်ငယ်' ဟုလည်း ခေါ်သည်။အဘယ်ကြောင့်ကျော်ကြားလူသိများရသနည်းဟုမူဘုရား ကျောင်းဆောင်ငယ်အတွင်းရေးဆွဲထားသောပန်းချီ၊ပန်းပုလက်ရာများကြောင့်လည်းဖြစ်သည်။အဆိုပါဘုရားကျောင်းဆောင်ငယ်အား ဗသုကာဆရာ 'Giovanni dei Dolci' မှရဟန်းမင်းကြီး 'Sixtus IV'(စစ္စတူး (၆) အတွက် (၁၄၇၃) တွင်စတင် ဆောက်လုပ်ပြီး(၁၄၈၁)တွင်ပြီးစီးခဲ့သောဘုရားကျောင်းဆောင်ငယ်တစ်ဆောင်ဖြစ်သည်။ကမ္ဘာကျော်သော ပန်းချီ၊ပန်းပုဆရာ မိုက်ကယ်အန်းဂျေလို၏ အသက်၀င်လှသည့် ဘုရားကျောင်းဆောင်နံရံတစ်လျှောက် ရေးဆွဲထားသောကျောက်ပန်းချီများကြောင့်လည်းကျော်ကြားလှသည်။ ဤဘုရားကျောင်းဆောင်ငယ်အား'ရဟန်းမင်းကြီး၏ဘုရားကျောင်းဆောင်ငယ်' ဟုသတ်မှတ်ရခြင်းမှာဤဘုရားကျောင်းဆောင်ငယ်၌ပင်ရဟန်းမင်းကြီး၏နေရာလစ်လပ်သွားသည့်အခါ ရွေးချယ်တင်မြောက်လေ့ရှိသည်။ဤဘုရားကျောင်း၌ပင် ရဟန်းမင်းကြီးအသစ်အားရွေးကောက်တင်မြောက်ခြင်းကိုကျင်းပလာခဲ့သည်မှာ(၁၄၉၂) မှစတင်လာခဲ့သည်။အထက်ကဆိုခဲ့သောအကြောင်းတရားများအပြင်ဤဘုရားကျောင်းဆောင်ငယ်ကျော်ကြားလူသိများရခြင်းမှာ ကလေးသူငယ်များအား ကမ္ဘာကျော်သောဗိသုကာဆရာမိုက်ကယ်အန်းဂျေလိုထုဆစ်သောပန်းချီ၊ပန်းပုလက်ရာ များခြံရံထားသောနေရာ၌ဆေးကြောခြင်းပေးသောကြောင့်လည်းပါပါသည်။ရဟန်းမင်းကြီးဖရန်စစ်သည် 'ယေဇူးသခင်၏ဆေးကြောခြင်းမဂ်လာခံယူသည့်ပွဲ' ကိုကမ္ဘာတစ်၀ှမ်းရှိကက်သလစ် သာသနာတော်ကြီးကဇန်နဝါရီ (၉) ရက်နေ့၊ တနင်္လာနေ့ကကြော်ငြာပေး ခဲ့သည်။ထို့နေ့၌ ရဟန်းမင်းကြီးကကလေးငယ်(၁၃) ဦးအားဆေးကြောခြင်းမင်္ဂလာပေးခဲ့သည်။ရဟန်းမင်းကြီးသည် ကလေးများအားသာ ဆေးကြောခြင်းပေးခဲ့ခြင်းမဟုတ်။ ကလေးမိဘများအားလည်းသူပြုလုပ်နေကြအတိုင်းပင်သွန်သင်လမ်းညွှန်မှုကို ပေးခဲ့သည်။ဤကလေးများခရစ်ယာန်ဖြစ်လာသောကြောင့် ဘုရားသခင်အားကျေးဇူးတင်ပါသည်။ ဤသို့ဖြစ်စေရန် ယနေ့သင်တို့အား(ကလေးမိဘတို့အား) ကျွန်ုပ်တိုက်တွန်းပန်ကြားပါသည်။ကလေးတစ်ယောက်အနေဖြင့် သူတို့၏လက်ကလေးများဖြင့်ဆုတောင်းတတ်ရန်သင်ကြားရမည်။သူတို့သည် ကလေးကဲ့သို့ဆုတောင်းတတ်ရန်သင်ကြားရမည်။ ထိုဆုတောင်းခြင်းသည် သူတို့၏ဘ၀တစ်လျှောက်လုံး၌ ခွန်အားကိုပေးမည်ဖြစ်သည်။ကောင်းမွန်သောအခြေအနေ၌လည်းကောင်း၊ဆိုးရွား‌သောအခြေအနေ၌ လည်းကောင်းဘုရားသခင်ကိုဆုတောင်းနိုင်ရန်ခွန်အားကိုဖွေရှာရယူရမည်။ယခုကလေးများအားလုံးသည်တိတ်ဆိတ်နေကြသည်။ အလွန်ကောင်းပါသည်။ တစ်စုံတစ်ယောက်သည်သူတို့ဆုတောင်းသည်ကို သတိထားမိပြီး၎င်းတို့သည်လည်းစတင်ပြုလုပ်ကြမည်ဖြစ်သည်။ကလေးတို့သည်တီးဝိုင်းကြီးတစ်ခုနှင့်တူသည်။ သူတို့အားလုံးစိတ်၀င်စားပါ၀င်ကြသည်။သူတို့ကိုငိုခိုင်းလိုက်ပါ။ငိုရခြင်းကဆာလောင်လို့ ဖြစ်မယ်။သူတို့ကိုနို့တိုက်လိုက်ပါ။လုံး၀လွတ်လွတ်လပ်လပ်ထားလိုက်ပါဟုဩဝါဒပေးနစေဉျကလေးမြားငိုသညျကိုလည်း မိခင်များစိတ်မပူစေရန်မိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးသည် ဒူးဒဏ်ရာပြင်းထန်နေသော်လည်းဂရုမစိုက်ဘဲသူ၏ဩဝါဒအတွင်း၌ ထိုင်လျှက်မဟုတ်။မတ်တပ်ရပ်လျက်ဟောကြားခဲ့သည်။ဆေးကြောခြင်းပေးသည့်အခမ်းအနားသည်တိုတောင်းသည်။ထင်မှတ်မထားခဲ့ပေ။သို့သော် ကလေးမိဘများသည်ကလေးမြားငို၍ဗျာများခြင်း၊ရဟန်းမင်းကြီးအား အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်းနေရသောမွှန်းကြပ်သည့်စိတ်များမရှိခဲ့။ကလေးများငိုသည်ကိုပင်ရဟန်းမင်းကြီးလက်ဆောင်ဟုတင်စားအရွန်းဖောက်ခဲ့သည်။ယခုဆေးကြောခြင်းပေးသောကလေးများမှာမူဗာတီကန်အတွင်းအမှုထမ်းနေသောအမှုထမ်းတို့၏ကလေးများဖြစ်ကြသည်။ဗာတီကန်၌အမှုထမ်းနေကြသော အလွှာအသီးသီးမှအိမ်ထောင်သည် ၀န်ထမ်းများ၏ကလေးများကိုရဟန်းမင်းကြီး၏ဘုရားကျောင်း၌ဆေးကြောခြင်းပေးခြင်းသည် အစဉ်အလာတစ်ခု ခဲ့သို့ပြုလုပ်လာခဲ့သည်။

ဘာသာပြန် - ဖာသာရ် ကလေးမင်း

Credit Photo

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။