Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-08 10:58:42

ကြေးစည်စာစောင် ထုတ်ဝေတည်ရှိခြင်း (၂၅)  နှစ်ပြည့် ငွေ‌‌စင်ဂျူဗလီ ကျေးဇူးတင်မစ္ဆား၏ မှတ်တမ်း

မြန်မာနိုငံလုံးဆိုင်ရာသစ္စာသုံးပါးခံသူတော်စင်အဖွဲ့ချုပ်၏ ကြေးစည်စာစောင် ထုတ်ဝေခြင်း(၂၅) နှစ်ပြည့်ငွေ‌‌စင်ဂျူဗလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို၅.၁၁.၂၀၂၃ နံနက် ၈း၀၀ နာရီအချိန်တွင် CRCM ခန်းမ၌ မော်လမြိုင်ဂိုဏ်းအုပ် သာသနာဆရာတော်ကြီး မောရစ်ညွှန်းဝေမှ ဦးဆောင်ဦးရွက်ပြုပြီး မြန်မာနိုင်ငံအတွက် ရဟန်းမင်းကြီးကိုယ်စားလှယ်Msgr. Andrea Ferrante မှတရားရေအေးတိုက်ကျွေး‌ပေး ခဲ့ပါသည်။CRCM ဒု-ဥက္ကဌRev. Fr. Bosco Zaya Aungနှင့်အတူဂိုဏ်းအသီးသီးမှ အသင်းဂိုဏ်းအကြီးအကဲဘုန်းတော်ကြီးများ၊ဘရာသာရ်ကြီးများ၊စစ္စတာရ်ကြီးများ၊(၂၅)နှစ်အတွင်းကြေးစည်စာစောင်ရုံးတာဝန်ခံအယ်ဒီတာများနှင့်ဧည့်သည်အချို့ ပါဝင်ကာအတူတကွကျေးဇူးတော်ချီးမွမ်ဆုတောင်းခဲ့ကြပါသည်၊မစ္ဆားအတွင်း ၌ CRCM ဥက္ကဌ Sr. Lucia Ling Hing Pai(FMM) မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊CRCM Website နှင့်ကြေးစည်စာစောင်ရုံးတာဝန်ခံ အယ်ဒီတာSr.Benedetta Myat Hnin Nwe(ISR) မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ကြေးစည်စာစောင် အယ်ဒီတာများအားဂုဏ်ပြုလွှာနှင့် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး Group မှတ်တမ်းတင်ဓါတ်ပုံ  ရိုက်ခဲ့ပါကြသည်။ ဘုရားသခင်ကို  ပထမဦးစွာကျေးဇူးတင်ပါ၏။ ခွင့်ပြုပေးသောCRCM ဥက္ကဌ နှင့် EC members များ၊ ရပ်ဝေရပ်နီးမှ လှူဒါန်းကူညီပေးခဲ့ကြသူများ အားလုံးတို့ကို ကျေးဇူးတင်ပါသည်။
ကြေးစည်'' နာမည် ဖြင့် စာစောင်ကို ခေါ်တွင်သည့် အကြောင်းအရင်း ...
                မြန်မာနိုင်ငံ ကက်သလစ်သီလရှင်သစ္စာသုံးပါးခံသူတော်စင်များအဖွဲ့ချုပ်(CRCM)ဖြန့်ချိသော “ကြေးစည်”စာစောင်ကို၁၉၉၈ ခုနှစ်မှစတင်တည်ထောင်ခဲ့သည်။ထိုကာလများအတွင်း မလေးရှားနိုင်ငံမှMr.Augustineဦးဆောင်သော အာရှကက်သလစ်ပုံနှိပ်စာပေတိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်မှ ၊ကက်သလစ်စာပေအရေးအသား ဆိုင်ရာသင်တန်းတစ်ရပ်Communication Courseကို မြန်မာနိုင်ငံကက်သလစ်သူတော်စင်သီလရှင်များအဖွဲ့ရုံးချုပ်တည်ရှိရာ၊အမှတ် ၁၁၂ (က) ဗိုလ်ချုပ်လမ်းရှိCRCMတွင်ပို့ချခဲ့သည်။ထိုအခွင့်ကောင်းယူကာသင်ယူဆည်းပူးခဲ့သောပညာရပ်များအား လက်တွေ့အသုံးချရန်နှင့်သတင်းဆောင်းပါးများအလျင်အမြန်ဆုံး စာဖတ်သူများထံ ရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့်“အသင်းတော်အတွင်းကန့်သတ်” စာစောင်တစ်ခုကို  စတင်ထုတ်ဝေ ရန်ဆုံးဖြတ်ခဲ့ရာမှ “ကြေးစည်”စာစောင် ပေါက်ဖွားလာခဲ့သည်။ထိုအချိန်တွင် CRCM ၏ ဥက္ကဌအဖြစ် FR. Victor Benard(SDB) ထမ်းဆောင်လျက်ရှိပြီး (CRCM) တွင်တာဝန်ထမ်းဆောင်သော Sr. Christopher(SJA)မှအဖွဲ့ဝင်များနှင့် စုပေါင်းဆွေးနွေးချက်အရ“ဆုတောင်းရာတွင်ကြေးစည်ထုခြင်းအားဖြင့်အမျှဝေသကဲ့သို့မြင်တွေ့ကြားသိရသူအပေါင်းတို့၏ဘဝထဲသို့ဘုရားရှင်၏သတင်း‌ကောင်းကိုရောက်ရှိစေ”ဟုရည်ရွယ်လျက် မြန်မာ့လေ့ထုံးတမ်းနှင့်အညီ သူတော်စင်တို့အားကိုယ်စားပြုသော၊တစ်ခုတည်းသော သတင်းစာစောင်ကို သတင်းကောင်းဖြန့်ဝေခြင်း‘သင်္ကေတ’အဖြစ် “ကြေးစည်”ဟု အမည်‌ပေးခဲ့သည်။သင်တန်းပို့ချစဥ်အကြံပြုလမ်းညွှန်ရာမှစတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။‘ကြေးစည်သတင်းစာစောင်’ကိုသုံးလတစ်ကြိမ် ထုတ်ဝေခဲ့ပါသည်။ရည်ရွယ်ချက်မှာရဟန်းသူတော်စင်အသင်းဂိုဏ်းများ၏လှုပ်ရှားဆက်ကပ်မှုသတင်း၊ခေါ်တော်မူခြင်းအကြောင်း၊အသက်ပေးနှုတ်ကပါဌ်တော်၊ဝိညာဥ်ခွန်အားပေးဆောင်းပါး၊ ဘာသာရေးသတင်း၊ဘုရားထံတော်မှ ခံစားရကျေးဇူးတော် သက်သေခံဖြစ်ရပ်မှန်များ၊ အထွေထွေဗဟုသုတ၊ဓမ္မနှင့်ရသ၊ဆောင်းပါး၊ကဗျာ၊ဝထ္ထု့စသည်တို့ကို စာဖတ်ပရိတ်သတ်များဖတ်ရှုသိရှိစေရန်အတွက်ထုတ်ဝေရခြင်းဖြစ်သည်။အခြေအနေအမျိုးမျိုးကြောင့်၂၀၂၀ခုနှစ်စာအုပ်အတွဲ အမှတ်စဥ် (၂၃)အထိသာထုတ်ဝေပြီး တစ်နှစ်ခွဲရပ်နားထားခဲ့ရပါသည်။သို့ပင်သော်လည်း CRCM မှ ဆွေးနွေးဆုံးဖြတ်သည့် အတိုင်း အထက်ပါကြေးစည် စာစောင်သတင်းများကိုအလွယ် တကူလေ့လာ ဖတ်ရှုခွန်အားယူနိုင်ရန် ရည်ရွယ်လျက်CRCM Website နှင့်ကြေးစည်Facebookကို ၂၀၂၀ ခုနှစ်မတ်လ(၆)ရက် နေ့တွင်ဖွင့်လှစ်ခဲ့ပြီးသတင်းကောင်းဝေငှလျက်ရှိပါသည်။ကြေးစည်စာစောင်တာဝန်ခံများဤကြေးစည်စာစောင်ကို(၁) ၁၉၉၈ ခုနှစ်တွင်ပထမဦးဆုံးစတင်အကောင်အထည်ဖော်သူမှာဒေလာဆာဘရာသာရ်ဂိုဏ်းမှ Bro.Lucas Kyin Thein(FSC) ဖြစ်ပြီး၊ဥက္ကဌ အဖြစ်ဆောင်ရွက်ကာပိုမိုတွင်ကျယ်မှုလာစေရန်၁၉၉၈- ၁၉၉၉ခုနှစ်တွင် Sr. Norine (RNDM)နှင့် အားဖြင့် ဖွဲ့စည်းခဲ့ပါသည်။(၂)၂၀၀၀-၂၀၀၁ခုနှစ်တွင် Sr. Clar (FMM) သည်ကြေးစည်စာစောင်၏ ဥက္ကဌအဖြစ်လည်းကောင်း၊Sr. Pauline(OSM)သည် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊Bro. Denis (SFX)သည်ကွန်ပြူတာစာစီကဏ္ဍကိုလည်းကောင်း၊ဦးကျော်မြင့်သည်ဘာသာပြန် ကဏ္ဍကိုလည်းကောင်း စတင်ဆောင်ရွက်ခဲ့ကြပါသည်။(၃)၂၀၀၂ ခုနှစ်တွင်အဖွဲ့အသစ်ကိုထပ်မံရွေးချယ်တင်မြှောက်ရာSr. Clare (FMM)သည် ဥက္ကဌတာဝန်ကိုလည်းကောင်း၊Sr. Susila (OSM) မှကွန်ပြူတာစာစီကဏ္ဍကိုလည်းကောင်း၊ဦးကျော်မြင့်မှ ဘာသာပြန်တာဝန်ကိုလည်းကောင်းထမ်းဆောင်ခဲ့ကြပါသည်။(၄)၂၀၀၃-၂၀၀၄ ခုနှစ်တွင်စိန့်အလွိုက်ရှက်စ်ဂိုဏ်းမှSr. Jane(FSAG) သည်ကြေးစည်စာစောင်၏ဥက္ကဌတာဝန်နှင့် Bro. Christopher(SFX) သည်ကွန်ပြူတာကဏ္ဍကို ခေတ္တတာဝန်ယူပြီး၊ Bro. Bonaventure Aye Win(SFX) မှကွန်ပြူတာကဏ္ဍကိုဆက်လက်တာဝန်ယူကာ၊ဘာသာပြန်ကဏ္ဍကိုဦးကျော်မြင့်မှဆက်လက်တာဝန်ယူထမ်းဆောင်ခဲ့သည်။(၅)၂၀၀၅-၂၀၀၇ ခုနှစ်တွင်ဤကြေးစည်စာစောင်ကို စတင်တည်ထောင်ခဲ့သူBro.Lucas Kyi Thein သည် ဥက္ကဌအဖြစ်ထပ်မံ တာဝန်ယူဆောင်ရွက်ပြီး၊Bro.Bonaventure Aye Win (SFX)မှကွန်ပြူတာကဏ္ဍကိုလည်းကောင်း၊ဦးကျော်မြင့်သည်ဘာသာပြန်ကဏ္ဍကိုလည်းကောင်း ဆက်လက်တာဝန်ယူခဲ့ကြသည်။(၆)၂၀၀၈-၂၀၁၀ ခုနှစ်တွင်Sr. Lucy Win (SCCG) မှ ဥက္ကဌ အဖြစ်တာဝန်ယူပြီး၊Bro. Bonaventure Aye Win (SFX)မှအထွေထွေတာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့ပါသည်။(၇)၂၀၁၁-၂၀၁၂ခုနှစ်တွင်Sr.Rose Yee Yee Htun (RNDM)မှဥက္ကဌ အဖြစ်တာဝန်ယူ ထမ်းဆောင်ခဲ့သည်။(၈) ၂၀၁၃-၂၀၁၅ ခုနှစ် တွင်Sr. Agnes Piatu (RGS)မှ ဥက္ကဌ အဖြစ်တာဝန်ယူထမ်းဆောင်ခဲ့သည်။(၉)၂၀၁၆-၂၀၁၈ ခုနှစ်အထိ  Sr.Denis Jatawng (SJA) မှ ဥက္ကဌ အဖြစ်တာဝန်ယူ ထမ်းဆောင်ခဲ့သည်။(၁၀)၂၀၁၉-၂၀၂၁ ခုနှစ် အထိSr. Eugenie Petronilla(SFX) ဥက္ကဌ အဖြစ်တာဝန်ယူ ပြီး Sr. Mary Ann Su Latt Htwe(SFX)မှတွဲဖက်တာဝန်ခံအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ဇူလိုင်လတွင်ကြေးစည်စာစောင်ကိုနောက်ဆုံးထုတ်လုပ်ပြီး(CRCM Website ကို မတ်လ(၆) ရက်၊၂၀၂၀ နှင့် Kyese Facebook Page ကို ၂၀၁၉၊ နိုဝင်ဘာလ(၁၅)ရက် တွင်ဖွင့်လှစ်ကာ) online စာမျက်နှာ အဖြစ်သို့  Sr.Eugenie Petronilla (SFX) and Sr. Mary Ann Su Latt Htwe (SFX) တို့လက်ထက်တွင်စတင်ပြောင်းလဲခဲ့သည်။ စာဖတ်ပရိတ်သတ်များ အားလုံးအနေဖြင့် Online  Facebookဥက္ကဌ အယ်ဒီတာအဖြစ်တာဝန်ယူ ထမ်းဆောင်လျက် ရှိ ပါသည်။  စစ္စတာရ် ဆာဘီးနာလှရီဝင်း(ISR)သည် တွဲဖက်တာဝန်ကို ၂၀၂၂ ဇွန်လ မှ ၂၀၂၂ ဒီဇင်ဘာအထိ ကူညီထမ်းဆောင်ခဲ့ပါသည်။ စစ္စတာရ်ကိုကျေးဇူးတင်ပါသည်။ကြေးစည်စာစောင် ၂၅ နှစ်ပြည့်ဂျူဗလီ မဂ္ဂဇင်းကို တာဝန်ခံ အယ်ဒီတာSr. Benedetta Myat Hnin Nwe(ISR) မှ စီစဥ်ဆောင်ရွက်ထုတ်ဝေခဲ့ပြီး၎င်းမဂ္ဂဇင်းစာအုပ်သည် ၅.၁.၂၀၂၃ခုနှစ်တွင် အသင်းတော်အတွင်း ကန့်သတ် (၁၀၀၀)အုပ် တရားဝင်ထွက်ရှိခဲ့ ပြီးဖြစ်သည်။ ကြေးစည်စာစောင် ဂျူဗလီသီချင်းနှစ်ပုဒ် ကို ဆရာတော်ကြီးမောရစ်ညွှန့်ဝေ နှင့် ကို ကျော်သူ တောင်ငူသာသနာ မှ ရေးစပ်ပြီး Sr. Benedetta Myat Hnin Nwe(ISR), Sr.Catherine Kaw Mai (FMM) Sr. Christine (RGS)နှင့်Ko Albino တို့မှသီဆိုပေးခဲ့ကြပါသည်။CBCM,LAVITA Studio တွင်တီးခတ်ပေးကြပါသောကိုဂျင်ပိနှင့်အဖွဲ့၊တည်းဖြတ်Mixing ဆွဲပေးသောကိုအေဆန်းလေးတို့ကိုကျေးဇူးတင်ပါသည်။ဘုရားသခင်၏ ကျေးဇူးတော် ကြောင့် (၂၅) နှစ်ပြည့်‌ ငွေစင်ဂျူဘလီကျေးဇူးတင်မစ္ဆားတရားကို ၅.၁.၂၀၂၃ခုနှစ်တွင်အသင်းဂိုဏ်းပေါင်းစုံအကြီးအကဲများ၏ ၈၄ ကြိမ်မြောက်ဆုံတွေ့ပွဲတွင်ကျင်းပနိုင်ခဲ့သည်။ကြေးစည်စာစောင်ဝယ်ယူအားပေးခဲ့ကြသောစာပေချစ်သူ၊မိဘပြည်သူများ၊ကြေးစည်မြန်မာ  Facebook Page နှင့် CRCM Website  တွင်ဝင်ရောက်ဖတ်ရှုအားပေးကြသူများ၊ကြေးစည်မြန်မာ အဖွဲ့ဝင်များ၊  စာမူရေးသားပို့ပေးကြသော ကလောင်ရှင် ဆရာတော်များ၊ဘုန်းတော်ကြီးများ၊ကိုရင်၊သီလရှင်များ၊လူဝတ်ကြောင်များနှင့်ဘာသာပြန်ပေးသောသူများ အားလုံးတို့ကိုအထူးပင်ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။၂၀၂၃ ခုနှစ်တွင် ကြေးစည်စာစောင်ထုတ်ဝေတည်ရှိခြင်း(၂၅)နှစ်ပြည့်‌ငွေစင်ဂျူဗလီကျေးဇူးတင်မစ္ဆားတရားတွင်လာရောက်ပါဝင်နိုင်ကြသောဘရာသာရ်များ၊စစ္စတာရ်များတို့ကိုကျေးဇူးတင်လျက်ကွယ်လွန်သွားခဲ့ပြီးသောတွဲဖက်တာဝန်ခံအချို့တို့၏ဝိညာဥ်အတွက်ဆုတောင်းပေးခဲ့ကြပါသည်။ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါသည်။ဂျူဗလီ ကောင်းချီးမင်္ဂလာလူတိုင်း ခံစားရရှိကြပါ‌စေ။

      

           ခရစ်တော်၏ ချစ်ခြင်း၌
 Sr. Benedetta Myat Hnin Nwe(ISR)

 ကြေးစည်မြန်မာ KYESE Myanmar  FacebookPage နှင့် CRCMWebsite အယ်ဒီတာ

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။