Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-20 09:42:04

#ကမ္ဘာ့အကောင်းဆုံ ဆရာဆုရရှိသူ ကင်ညာနိုင်ငံသား"(စိန့်ဖရန်စစ်ဂိုဏ်းက ဘရာလ်သာတစ်ပါးPeter Mokaya Tabichi)

 

#သူဘာကြောင့် ကမ္ဘာ့အကောင်းဆုံး ဆရာဆု ရရှိခဲ့သလဲ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးဆရာဆုကို အာဖရိကတိုက်မှာရှိတဲ့ ကင်ညာနိုင်ငံသား ဆရာတယောက်က အခြားစာရင်းဝင် နိုင်ငံပေါင်း ၁၇၉နိုင်ငံက ဆရာ ဆရာမပေါင်း ၁၀၀၀၀ကျော်ကို ကျော်ဖြတ်ကာ ရရှိသွားခဲ့ပါတယ်။ ဒီတခါတော့ သူ့ရဲ့အကြောင်းကို ဝေမျှချင်ပါတယ်။သူ့နာမည်ကတော့ Peter Mokaya Tabichi ပီတာမိုကာရားတာဘီချီ ဖြစ်ပြီး သူ့ကို ၁၉၈၂ ခုနှစ်မှာ ကင်ညာနိုင်ငံ Nyamira ဒေသ အစွန်အဖျားကျေးရွာတရွာမှာ မွေးဖွားခဲ့ပါတယ်။သူဟာ ငယ်စဉ်ကတည်းက ဆရာဖြစ်ချင်ခဲ့သူဖြစ်ပြီး အဓိကအကြောင်းရင်းကတော့ နိမ့်ကျနေတဲ့ ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပစ်ချင်လို့ပါ လို့ သူက ဆိုပါတယ်။ သူ့ရဲ့ ပညာသင်ကြားရေးကိုတော့ ပြင်ပကျောင်းတခုမှာ စတင်ခဲ့ပါတယ်။တာဘီချီဟာ စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာတယောက်လည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ သူဟာ Keriko Mixed Day အလယ်တန်းကျောင်းကိုပြောင်းရွှေ့ပြီး သင်္ချာ နဲ့ ရူပဗေဒ ဘာသာတွေကို သင်ကြားပေးခဲ့ပါတယ်။ဒီကျောင်းဟာ ရစ်ဖ်တောင်ကြားဒေသက အလွန်ခေါင်တဲ့ ရွာမှာတည်ရှိပြီး ဒီရွာဟာ ငတ်မွတ်ခေါင်းပါးမှု နဲ့ ရေရှားမှုတို့ကို အစဉ်လိုလို ခံစားနေရတဲ့ ရွာဖြစ်ပါတယ်။ဆရာ တာဘီချီဟာ လစဉ်လတိုင်း သူ့ရဲ့လစာ၂၀% နဲ့ လောက်အောင်သုံးစွဲပြီး ကျန်တဲ့ ၈၀%ကိုတော့ ချို့တဲ့တဲ့ တပည့်ဖြစ်သူတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ဒီကျောင်းမှာ တက်တဲ့ ကျောင်းသားတွေဟာ မတူညီတဲ့ လူမျိုးစု ၇ ခုစုက လာတာဖြစ်ပြီး အားလုံးနီးဟာ အလွန်ချို့တဲ့သူတွေ ဖြစ်ပါတယ်။ ကျောင်းသား စုစုပေါင်းရဲ့၃ပုံ ၁ခန့်ဟာလည်း မိဘတယောက်စီသာကျန်တော့သူတွေဖြစ်ပါတယ်။ဒီဒေသမှာတော့ ခိုက်ရန်ဖြစ်ပွားခြင်း ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲကြခြင်း၊အသက်မပြည့်မီကိုယ်ဝန်ဆောင်ခြင်း ၊ အိမ်ထောင်ကျခြင်း နဲ့ မိမိကိုယ်မိမိ သတ်သေခြင်း စတာတွေဟာ အမြဲလိုလိုဖြစ်လေ့ရှိတာကြေင့် ဒီဖြစ်ရပ်တွေကို သာမန်ဖြစ်ရပ်တွေအဖြစ်သာ သတ်မှတ်ထားကြပါတယ်။ ဒီလိုအရပ်မျိုးမှာ ရှိနေတဲ့ကျောင်းကို ဆရာ တာဘီချီဟာ အကောင်းဆုံး ပြောင်းလဲပစ်နိုင်ခဲ့တာဖြစ်ပါတယ်။တကျောင်းလုံးမှာမှ ကွန်ပျူတာတလုံးပဲ ရှိသလို အင်တာနက်လိုင်းလည်း ကောင်းကောင်းမရပါဘူး။ဆရာနဲ့ ကျောင်းသား အချိုးချကြည့်ပါကလည်း သူ၅၈ယောက်အတွက် ဆရာ၁ယောက်သာ ရှိပါတယ်။ တာဘီချီဟာ အရင်ဆုံးအနေနဲ့ ကျောင်းခန်းထဲမှာ မကြာခဏခိုက်ရန်ဖြစ်ပွားနေမှုတွေကို ငြိမ်းချမ်းသွားအောင်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် မကြေမလည်ဖြစ်နေတဲ့ ကျောင်းသား သူ အချင်းချင်းဟာ တစည်းတလုံးတည်း ဖြစ်သွားခဲ့ကြပါတယ်။ကျောင်းသားတွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် အစွမ်းကုန်ကူညီပေးခြင်းအားဖြင့် ကျောင်းမှန်မှန်တက်လာစေခဲ့တယ်။ ဒီလို ကျောင်းမှန်လာစေဖို့အတွက် ကျောင်းသားတွေကိုသာမကပဲ တရွာလုံးက ကျောင်းသားမိဘတွေကိုပါ နားလည်သဘောပေါက်အောင် ကြိုးကြိုးစားစား စည်းရုံးခဲ့ရပါတယ်။ ဒေသခံတွေအတွက် သီးနှံစိုက်ပျိုးရေးနည်းလမ်းတွေကို သင်ကြားပေးခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုကို လျှော့ချပေးခဲ့ပါတယ်။သူ့အတွက် အခက်ခဲဆုံးအလုပ်ကတော့ ဒေသခံတွေကို ပညာရေးဟာ အလွန်တန်ဖိုးကြီးကြောင်း နားလည်သဘောပေါက်အောင် ရှင်းပြရတာ ဖြစ်ပါသတဲ့။တဖြည်းဖြည်းနားလည်လာဖို့ ဒေသခံတွေရဲ့အိမ်တွေကို အကြိမ်ကြိမ်သွားရောက်ကာ ရှင်းပြခဲ့ရပြီး နောက်ပိုင်းမှာတော့ ကလေးတွေကို ကျောင်းထွက်နှုန်းနည်းလာသွားဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒီဒေသရဲ့ ထုံးစံဖြစ်နေတဲ့ မိန်းကလေးတွေကို စောစီးစွာအိမ်ထောင်မပြုစေပဲ ကျောင်းပြီးဆုံးအောင် တက်ခိုင်းဖို့လည်း တတ်နိုင်သမျှ တိုက်တွန်းနိုင်ခဲ့ပါတယ်။ဒါအပြင် တပည့်တွေကို သူကိုယ်တိုင်ဦးဆောင်ကာ တဖန်ပြည်လည်သုံးစွဲနိုင်တဲ့စွမ်းအင်နည်းလမ်းများကို ရှာဖွေ တပ်ဆင်ပြီး ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးခဲ့ပါတယ်။သူ့ရဲ့ကြိုးစားမှုကြောင့် ဒေသခံတွေရဲ့ယုံကြည်မှုကို ရရှိခဲ့ကာ သူသင်ကြားတဲ့ အတန်းဟာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီး အရင်က ကျောင်းမှန်မှန်မတက်ကြရာကနေ ကျောင်းမှန်လာခဲ့ကြပါတယ်။ သူ့တပည့်တွေဟာ Intel နိုင်ငံတကာ သိပ္ပံနဲ့ အင်ဂျင်နီယာပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်တဲ့အထိ စွမ်းဆောင်ပြနိုင်ခဲ့ကြပြီး တော်ဝင်ဓာတုဗေဒ အသင်းကြီးကနေ ဆုတခုရရှိခဲ့ပါတယ်။သူပြောင်းလာခဲ့တဲ့၂နှစ်ကျော်ကာလအတွင်းမှာ အဆိုးဆုံးအခြေအနေကနေ အကောင်းဆုံးအခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ တက္ကသိုလ်တက်နိုင်သူ အရေအတွက်ကလည်း ၂ဆကျော် တက်သွားခဲ့ပါတယ်။ သူ့ရဲ့ရှိသမျှအချိန်အားလုံးကို တပည့်တွေရဲ့အနာဂတ်အတွက် ပေးထားခဲ့တာဖြစ်ပါတယ်။ဒီလိုစွမ်းဆောင်မှုတွေကြောင့် သူ့ကို ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆရာအဖြစ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆရာဆုကို ယူအေအီးနိုင်ငံမှာရှိတဲ့Varkeyဖောင်ဒေးရှင်းကနေပေးအပ်တာဖြစ်ပြီး နှစ်စဉ် ကမ္ဘာတဝှမ်းက အကောင်းဆုံးအကျိုးပြုနိုင်တဲ့ ဆရာတွေထဲက ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။အရင်ကတော့ ဒီဆုကို အမေရိကန်၊ပါလက်စတိုင်း၊ကနေဒါ နဲ့ အင်္ဂလန် နိုင်ငံတွေက ဆရာတွေက ရရှိခဲ့ပါတယ်။ဆုကြေးအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၁သန်း ရရှိတာဖြစ်ပြီး ဆုယူဖို့ရာ ဒူဘိုင်းကိုသွားတဲ့ခရီးဟာတာဘီချီရဲ့ဘဝမှာ ပထမဆုံး လေယာဉ်ပျံစီးဖူးခြင်းဖြစ်ပါတယ်။သူဟာHugh Jackman ဆုကို ရရှိခဲ့သလိုကင်ညာသမ္မတရဲ့တလေးတစား ချီးကျူးခြင်းကိုလည်း ခံခဲ့ရပါတယ်။ကလေးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြောင်းလဲခဲ့သလဲ ဆိုတဲ့မေးခွန်းကိုတော့ တာဘီချီက အောက်ပါအတိုင်းဖြေခဲ့ပါတယ်ပထမဆုံး သူတို့ကို ယုံကြည်မှုရှိအောင်လုပ်တယ်။ ကလေးတိုင်းမှာ ထူးချွန်တဲ့ အရည်အချင်း တစုံတရာတော့ ရှိနေတာချည်းပဲ၊ကျွန်တော်သူတို့နဲ့ ရင်းနှီးအောင်နေတယ်၊အမျိုးမျိုးသော လှုပ်ရှားမှုတွေကနေ သူတို့ရဲ့ အားသာချက်ကို မြင်အောင်ကြည့်တယ်။ပြီးတော့ ပြောရုံတင်မဟုတ်ပဲ လက်တွေ့လုပ်ခိုင်းတယ်၊ သူတို့ကို တိုးတက်စေချင်ရင် သူတို့နဲ့ ရင်းရင်းနှီးနှီးနေကြည့်ဖို့လိုတယ်။နောက်တခုက ငြိမ်းချမ်းရေး၊ကျွန်တော် သိပ္ပံဘာသာတွေရပ်သင်တယ် ဒါပေမယ့် အတန်းကို ငြိမ်းချမ်းအောင် အရင်လုပ်ရတယ်၊ကလေးတွေက မတူညီတဲ့လူမျိုး၊မတူညီတဲ့ရွာတွေကလာတယ်၊အဖွဲ့ငယ်လေးတွေကွဲနေပြီး အခြေအတင် ပေါက်ကွဲမှုတွေ မကြာခဏဖြစ်လေ့ရှိတယ်၊ အဲဒီတော့ မတည့်တဲ့သူတွေကို ပေါင်းပေးပြီး စကားပြောပြိုင်ပွဲတွေ ၊ ဉာဏ်စမ်းပြိုင်ပွဲ၊အားကစားတွေ၊သစ်ပင်စိုက်တာတွေကို ပူးပေါင်းပြီးလုပ်စေတယ်။ပြီးတော့ သိပ္ပံသင်ခန်းစာတွေကိုလည်းပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲ ရသလောက် လက်တွေ့လုပ်ခိုင်းတယ်။ အသင်းအဖွဲ့တွေနဲ့ ဒီလိုလက်တွေ့လုပ်ရတာကို သဘောကျကြတယ်။မကြာခဏ ဒီလိုတွေလုပ်တော့ တယောက်နဲ့ တယောက်နားလည်လာကြတယ်။ အခုတော့ အားလုံး အဖွဲ့အစည်းတခုတည်းဖြစ်သွားပြီလေ။ရလာတဲ့ ဆုကြေးကိုရောဘယ်လိုအသုံးချမလဲဆိုတဲ့ မေးခွန်းကိုတော့“နိမ့်ကျနေတဲ့ လူမှုအသိုင်းအဝိုင်းကိုတိုးတက်အောင် ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာပါ။ဒီထက်ပိုကောင်းပြီး ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်တဲ့ နည်းလမ်းကိုလည်း ရှာဖွေနေဆဲ လို့ တာဘီချီက ဆိုပါတယ်။အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း မိမိတပည့်များ အသိဉာဏ်ကြွယ်ဝပြီး တိုးတက်လာမှုတွေကို မြင်ရတာဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်သောပျော်ရွှင်မှုဖြစ်ကြောင်း၊သူတို့ဘဝလမ်းကြောင်းကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ပေါ်တင်ပေးနိုင်ခဲ့သည့်အတွက်လည်းဝမ်းသာကြည်နူးမိကြောင်း၊ဆက်လက်ပြီးလည်း မိမိနိုင်ငံရဲ့ နိမ့်ကျလျက်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ဆရာတယောက်အနေနဲ့ ကြိုးစားသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ် ။

 

# Credit to Photo 

#THUTAMM
#Romancatholicနှင့်ဆိုင်သောဗဟုသုတ
#CatholicNews

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။