Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-18 09:30:21

#Multan တန်သာသနာအတွက် ဆရာတော်အသစ်ကြေငြာ

#ရဟန်းမင်းကြီးဖရန်စစ်သည်ပါကစ္စတန်နိုင်ငံ၊ Multanသာသနာအတွက်ဆရာတော်သစ်၏အမည်ကို ဒီဇင်ဘာလ (၉) ရက်နေ့ကကြေညာခဲ့သည်။သူ၏အမည်ကား ဖာသာရ် Yousaf Sohan ဖြစ်သည်။ ဖာသာရ်သည် သက်တော် (၆၉) နှစ်ရှိပြီဖြစ်သည်။ သူသည်အဆိုပါဂိုဏ်းအုပ်သာသနာ၏ဘုန်းတော်ကြီးဖြစ် သည်။ဆရာတော်အဖြစ်ရွေးချယ်ခံရသည့်အချိန်ထိ ကယ်သီဒရယ်၏တာ၀န်ခံအဖြစ်အမှုတော်ထမ်းနေခဲ့သည်။ သူ၏ဘာသာတူများက လှိုက်လှဲ၀မ်းသာစွာကြိုဆိုနှုတ်ဆက်ခဲ့ပြီး ယခုအသစ်ထမ်းဆောင်ရမည့်အမှုတော်ကိုလည်း ဘုရားသခင်၏အလင်းပေးလမ်းညွှန်မှုဖြင့်မိမိ၏သိုးစုကိုအကောင်းဆုံးအမှုထမ်းနိုင်ရန်ကိုလည်းဆုတောင်းပေးခဲ့ကြသည်။သူသည် သာသနာ၏မွန်ဆီညှော်အဖြစ်လည်းအမှုတော်ထမ်းခဲ့သည်။သူ့အား (စက်တင်ဘာ ၂၊ ၁၉၅၈) ၌ Layyaha ၌မွေးဖွားခဲ့သည်။ စိန့်မေရီအခြေခံရဟန်းဖြစ်သင် ကျောင်းသို့၀င်ရောက်ခဲ့ပြီးနောက်ကက်သလစ်ရဟန်းတစ်ပါးဖြစ်ရန် သင်ကြားရသော ဖီလိုဆိုဖီနှင့်သီဩလိုဂျီဘာသာရပ်များကိုမှုKarachi ရှိခရစ္စတူးဘုရင်ရဟန်းဖြစ်တက္ကသိုလ်တွင်သင်ကြားပြီးစီးခဲ့သည်။ (ဇူလိုင် ၃၊ ၁၉၈၅) တွင်ထာ၀ရရဟန်းသိက္ခာထပ်ခဲ့ပါသည်။သိက္ခာထပ်ပြီးနောက်ကယ်သီဒရယ်ဘုရားကျောင်း၏တာ၀န်ခံအဖြစ်(၁၉၈၅ – ၁၉၈၆) အထိလည်းကောင်း၊ကိုယ်တော်မြတ်စက္ကရာမင်တူးသာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်နှင့် လာဆာလ်အဆောင်၏တာ၀န်ခံအဖြစ် (၁၉၈၆ – ၁၉၈၉) အထိလည်းကောင်း၊ စိန့်ဂျိုးဇက်သာသနာအုပ်စု၏ ကျောင်းထိုင်အဖြစ်(၁၉၉၀– ၁၉၉၁) အထိလည်းကောင်းထမ်းဆောင်ခဲ့သည်။ထို့နောက် (၁၉၉၁ – ၁၉၉၂)အထိ အီတလီနိုင်ငံ၊ရောမ၌သမ္မာကျမ်းစာဘာသာရပ်ကို Urbanတက္ကသိုလ်မှ မာစတာဘွဲ့ရယူခဲ့သည်။နိုင်ငံသို့ပြန်လာပြီး စိန့်ပီတာသာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်(၁၉၉၂ - ၂၀၀၀) အထိလည်းကောင်း၊ (၂၀၀၁ – ၂၀၀၂) အထိစိန့်ဂျိုးဇက်သာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်လည်းကောင်း(၂၀၀၂)မှစ၍ သာသနာ၏ မွန်ဆီညှော်အဖြစ်အမှုတော်ထမ်းနေခဲ့သည်။သူသည်စိန့်ဂျိုးဇက်သာသနာအုပ်စု၏ကြောင်းထိုင်အဖြစ်(၂၀၀၂–၂၀၁၁)ထိ၊ လော်ရက်တိုမယ်တော်သာသနာအုပ်စု၏ကျောင်းထိုင် အဖြစ်  (၂၀၁၁ – ၂၀၁၄) အထိ၊ကာသီဒြယ်၏တာဝန်ခံအဖြစ် (၂၀၁၄ – ၂၀၁၆)၊သန့်ရှင်းသောလက်ဝါးကားတိုင် သာသနာအုပ်စု၏ကြောင်းထိုင် အဖြစ်  (၂၀၁၆ – ၂၀၁၈) အထိထမ်းဆောင် ခဲ့သည်။အချို့သာသနာ၌နှစ်ကြိမ်ထမ်းဆောင် ခဲ့ရသည်။သူသည်သာသနာ အတွင်းခေါ်တော်မှုခြင်းမြှင့်တင်ရေးတာ၀န်ခံအဖြစ်လည်းကောင်း၊လူငယ်များ၏၀ိညာဉ်ရေးတာ၀န်ခံအဖြစ် လည်းကောင်း၊သာသနာ၏ကရုဏာရေးရုံးညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ဘုရားစကားသင်ကြားရေးနှင့် ကျမ်းစာကော်မရှင်၏တာန်ခံအဖြစ်လည်းကောင်း၊ သာသနာပိုင်ပစ္စည်းများထိန်းသိမ်းစောင့်ရှောက်ရေးတာ၀န်ခံ၊ ငြိမ်းချမ်းရေးနှင့်တရားမျှတရေးကော်မရှင်၏တာ၀န်အဖြစ်လည်းကောင်းထမ်းဆောင်ခဲ့သည်။(၂၀၁၈) မှစ၍ ကက်သီဒရယ်၏တာ၀န်ခံအဖြစ်အမှုထမ်းလာခဲ့သည်။သူသည်စိန့်ဂျိုးဇက်အခြေခံရဟန်းဖြစ်သင်ကျောင်း၌လည်း စာသင်ပြပေးသည်။ဗာတီကန်၏စစ်တမ်အရ Multan ဂိုဏ်းအုပ်သာသနာ၏ကက်သလစ်ဘာသာတူဦးရေမှ(၃၀၀၅၀၀)ရှိပြီး သာသနာအုပ်စု (၁၈) ခုရှိသည်။ သာသနာကို(ဒီဇင်ဘာလ ၁၇၊ ၁၉၃၆) ကစတင်တည်ထောင်ခဲ့သည်။ပါကစ္စတန်နိုင်ငံ၌ ဂိုဏ်းချုပ်သာသနာ(၂) ခုရှိသည်။၎င်းတို့မှာ Karachနှင့်Lahore တို့ဖြစ်ကြသည်။ဂိုဏ်းအုပ်သာသနာ(၄)ခုရှိသည်။နိုင်ငံ၏လူဦးရေမှာ (၂၂၀) သန်းရှိပြီးခရစ်ယာန်များမှာလူနည်းစုသာဖြစ်သည်။(၂၀၁၇)၏စစ်တမ်းအရခရစ်ယာန်သည်တတိယလူဦးရေအများဆုံးဖြစ်ပြီး(၁.၂၇)ရာခိုင်နှုန်းရှိသည်ဟုသိရသည်။   

Credit Photo
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်             

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။