Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-02 07:45:52
#စိန့်အက်မန်ကမ်ပီယန်  ဒီဇင်ဘာ (၁)
# (St. Edmund Campion and Companions)

           ကက်သလစ်အသင်းတော်ကနေ တခြားခရစ်ယာန် အသင်းဂိုဏ်းအမျိုးမျိုးကွဲပြားသွားပြီး တစ်ခုနဲ့တစ်ခု ပြိုင်ဘက်လိုရန်မူနေချိန်မှာ မိခင်ကက်သလစ်အသင်းတော်ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး အမှန်တရားအတွက် အသက်ပေး ခဲ့ကြသူတွေထဲမှာ စိန့်အက်ဒ်မန်ကမ်ပီယန်နဲ့သူရဲ့အပေါင်းအဖော်ကက်သလစ် ရဟန်းတွေအများကြီး ပါဝင်ခဲ့ပါတယ်။သူတို့ကို အင်္ဂလန်အာဏာပိုင်တွေက ရက်ရက်စက်စက်နည်းမျိုးစုံအသုံးပြုပြီး ညှဥ်းဆဲနှိပ်စက်၊လန်ဒန်မြို့ထဲလမ်းမတွေပေါ်တရွတ်တိုက်ဆွဲ၊မြင်းတွေနဲ့ ခြေလက်တွေကို ဆွဲဆန့်၊နှလုံး-အသဲ-အူတွေကို မသေခင်ဆွဲထုတ်ပြီး ဦးခေါင်းနဲ့ကိုယ်တွေကို အပိုင်းပိုင်းဖြတ်တောက်ကာ မြို့ရဲ့လေးမျက်နှာစာ တွေမှာလူတိုင်းမြင်နိုင်ဖို့ ချိတ်ဆွဲထား ခဲ့ပါတယ်။ဂျက်ဇွစ်အသင်းဂိုဏ်း (ယေဇူအသင်း)ဝင်ဘုန်းတော်ကြီး စိန့်အဒ်မန်ကမ်ပီယန်ဟာ အင်္ဂလန်ဘုရင်မရဲ့ရာထူးစည်းစိမ်ပေးဖို့ ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပါတယ်။ဘုန်းတော်ကြီးဟာ အော့ခ်စ်ဖော့ဒ်တက္ကသိုလ်က နာမည်ကြီးပါမောက္ခရာထူးကိုစွန့်လွှတ်ကာသူ့ရဲ့ကက်သလစ် ယုံကြည်မှုအတွက် နှိပ်စက်ညှဥ်းပန်းခြင်းနဲ့ ရက်စက်စွာ အသတ်ခံရခြင်းကို ရဲရဲရင့်ရင် ရင်ဆိုင်သွားခဲ့တဲ့ ဓမ္မအာဇာနည် ဖြစ်ပါတယ်။စိန့်အဒ်မန်ကမ်ပီယန်ဟာ အင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့ပြီးကလေးဘဝမှာကက်သလစ်ဖြစ်ခဲ့ပေမဲ့ မိဘတွေနဲ့ အတူ ပရောတဲစ်တန်(နှစ်ခြင်းခရစ်ယာန်)တစ်ယောက်အနေနဲ့ကြီးပြင်းလာခဲ့ပါတယ်။ဒါပေမဲ့ အင်္ဂလီကန် ရဟန်းဖြစ်ဖို့ စာလေ့လာသင်ယူတာတွေပိုများလာတာနဲ့အမျှ ကက်သလစ်အသင်းတော်သာလျှင်ခရစ်တော်ရဲ့ တစ်ခုတည်းသောအသင်းတော်ဖြစ်တယ်ကိုပိုသိမှတ်ယုံကြည်လာခဲ့ပါတယ်။ဒါ့ကြောင့် ကက်သလစ်ယုံကြည်ခြင်းကို ပြန်လည်ကျင့်သုံးခဲ့ပြီး ယေဇူးအသင်းသို့ဝင်ရောက်ကာကက်သလစ်ရဟန်းတစ်ပါးအဖြစ် သိက္ခာခံယူခဲ့ပါတယ်။အင်္ဂလန်နိုင်ငံမှာ ကက်သလစ်တွေကို ညှဥ်းပန်းနှိပ်စက်နေတဲ့အချိန် သူ့ဒေသကိုလျို့ဝှက်စွာပြန်လည်ရောက်ရှိလာခဲ့ပြီးကက်သလစ်ဘာသာဝင်တွေကို အခက်အခဲအမျိုးမျိုးကြားစွန့်စားပြီး ယုံကြည်ခြင်းအပြည့်နဲ့ အစေခံကူညီပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ဘုန်းတော်ကြီးကမ်ပီယန်ဖမ်းဆီးနှိပ်စက်ခြင်းကိုခံခဲ့ရပါတယ်။ဘုန်းတော်ကြီးကက်သလစ် ယုံကြည်ခြင်းကိုစွန့်လွှတ်ရင်အသက်ချမ်းသာနဲ့ရာထူးစည်းစိမ် ရမယ်လို့ ကမ်းလှမ်း ခံခဲ့ရပေမဲ့သူ့ရဲ့ ခရစ်တော်ကို ယုံကြည်ခြင်းနဲ့ ကက်သလစ် အသင်းတော်ကိုသာ သစ္စာ ရှိရှိ အသက်ပေး သက်သေခံ ခဲ့ပါတယ်။ အဲဒီအချိန်က သူနဲ့အတူ တခြား ဘုန်းတော်ကြီး(၂၈)ပါးလည်း အသတ်ခံခဲ့ကြရပါတယ်။၁၅၇၃ ခုနှစ်နဲ့၁၆၇၉ ခုနှစ်အကြားအင်္ဂလန်နံဝေါလ်ဒေသမှာ တရားတော်အတွက်အသတ်ပေးခဲ့သူတွေထဲမှာ အထင်ရှားဆုံးကတော့Saint Edmund Campion and RobertSouthwell စိန့်အက်မန်ကမ်ပီယန်နဲ့စိန့်ရောဘတ်ဆော့ဝေးတို့ ဖြစ်ကြပါတယ်။အမှန်တရားအတွက်အသက်ကိုပေးအမှုတော်ဆောင်ကာ ဘဝတစ်ခုလုံးအပ်နိုင်တဲ့ယုံကြည်ခြင်းမျိုးကျွန်ုပ်တို့လည်းရရှိနိုင်အောင် သူတော်စင်သူတော်မြတ် တွေကနေ တဆင့်ဆုတောင်းပြီး ကျေးဇူးတော်တောင်းခံကြပါစို့။သူတို့ရဲ့ ယုံကြည်ခြင်းကြောင့်လောကမှာ ရက်စက်သောဒုက္ခဝေဒနာနှင့် သေခြင်းကို ရင်ဆိုင်ခဲ့ကြရပေမဲ့စိန့်အဒ်မန်ကမ်ပီယန်နဲ့အပေါင်းအဖော်တို့ဟာယခုအချိန်မှာခရစ်တော်နဲ့အတူ ရှိနေပြီးထာဝရငြိမ်းချမ်းပျော်ရွှင်တဲ့အသက်ကိုရရှိနေကြပြီး ဖြစ်ပါတယ်။
St.Edmund Campion SJ and Companions.
Pay for us! 
Credit toPhoto

ထန်းဟာ, SJ

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။