Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-02 00:41:21

#အာရှကက်သလစ်ဆရာတော်ကြီးများမှအာရှလူထုထံပန်ကြားချက်

#Message from the FABC General Conference to the Peoples of Asia
Baan Phu Waan, Bangkok, 12-30 October 2022
 

            အာရှတိုက်မှ ကက်သလစ်သာသနာတော်ကြီး၏သိုးထိန်းများဖြစ်ကြသော ကျွန်ုပ်တို့အနေဖြင့် ဤပျော်ရွှင်စရာ၊ မျှော်လင့်ခြင်းနှင့်တပ်တူ ရှိနေကြောင်း အာရှတိုက်သားများအား သတင်းစကားပါးလိုက် ပါသည်။ အာရှတိုက် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အစည်းအ‌ဝေးကြီးအားဖြင့်  အာရှတိုက်အားဘုရားသခင် ကောင်းကြီးအထူးသွန်းလောင်းခြင်းအတွက် ကျေးဇူးတင်ပါသည်။ ဤအဖွဲ့အစည်း၏အဖွဲ့ဝင်ထဲ၌ ဆရာတော် (၁၇) ပါး၊ အရှေ့တိုင်းဝိနည်း ကက်သလစ်သာသနာမှဆရာတော် (၂) ပါးတို့ပါ၀င် ကြ သည်။ အစည်းအ‌ဝေးကြီး၏ဆောင်ပုဒ် မှာ ‘အာရှလူထုများအတူတကွ လျှောက်လှမ်းစို့’ ဖြစ်သည်။ ဤဆောင်ပုဒ်သည်  လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကပင်အတူလျှောက်လှမ်းခဲ့ကြောင်း  ဤဆောင်ပုဒ်ဖြင့် ပြန်လည် အတည်ပြုပါသည်။ ထို့အတူ ပို၍အသက်ဝင်လာစေရန်၊ လျှောက်လှမ်းအသစ်များကိုလည်းဖောက်လျှောက်ရမည်။ကျွန်ုပ်တို့အားလှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး၊ အစည်းအ‌ဝေးကြီးသို့လည်း ယဉ်ကျေးမှု ဝန်ကြီးအား ကြွရောက် စေသည့်အတွက် ထိုင်းတော်၀င်အစိုးရအားကျေးဇူးတင်ပါကြောင်း၊ ထိုင်းနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အားလည်းကျေးဇူးအထူးတင်ကြောင်း၊     အထူးသ ဖြင့် ဤထူးကဲသောနှစ် (၅၀) ပြည့်ရွှေရတုမဂ်လာနှစ်အား အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပြုသော မြို့တော်ဘန်ကောက်၏ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်အားကျေးဇူးတင်ကြောင်း၊ ဗာတီကန်၏ကိုယ်စားလှယ်မှစ၍ အခြားသောကမ္ဘာ့တိုက်ကြီးများမှကိုယ်စားလှယ်များလည်း ဤအစည်းအ‌ဝေး ကြီး၌ပါ၀င်ခြင်းအတွက်လည်းကျေးဇူးတငျပါကွောငျး၊ ဤအစည်းအ‌ဝေးကြီး၌အကျိုးရှိသောဆုတောင်းခြင်းကိုပြုနိုင်ခြင်း၊ နားထောင် ခြင်း၊ ဆန်းစစ်ခြင်း၊ အချင်းချင်းအားပေးသည့်အသီးအပွင့်များကိုရရှိစေခဲ့ကြောင်း၊ ကိုးဗစ် (၁၉) ကြောင့်ထိခိုက်နာကျင်ခံစားခဲ့ရသောဒဏ်ကို ကု စားသောအချိန်လည်းဖြစ်ကြောင်း၊ကျွန်ုပ်တို့၏တင်ပြဆွေးနွေးချက်များအားဖြင့် အာရှတိုက်၏လိုအပ်ချက်များ၊ လစ်လပ်နေမှုများကိုထင်ဟပ်ပေါ်လွင်စေခဲ့ကြောင်း၊ အာရှ တိုက်၏အခြေအနေများကိုပြန်လည်သုံးသပ်ပြီးနောက် အတူတကွရှေ့ဆက်လျှောက်လှမ်းရန်အတွက် အသိ၊ မျှော်လင့်ချက်၊ သတ္တိရရှိလာသကဲ့ သို့ အာရှ၏ကောင်းကျိုးအတွက် ဆုံးဖြတ်ချက်များကိုလည်းချမှတ်နိုင်ကြောင်း၊ ကမ္ဘာ့တိုက်ကြီးအသီးသီးမှ မတူညီသောစိန်ခေါ်မှုများ၏အကူအ ညီနှင့်တရားမျှတခြင်းကိုတောင်းဆိုနေမှုကိုလည်းကြုံရကြောင်း၊ချို့တဲ့နွမ်းပါးသူတို့၏ဒုက္ခ၊ အခွင့်အရေးဆုံးရှုံးမှု၊ အပယ်ခံများဂုဏ်သိက္ခာရှိစွာရှင်သန်ရေး၊ဒုက္ခသည်များ၊ ရွှေ့ပြောင်းများ၊ နေရပ်စွန့်ခွာထွက်ပြေးရသူများ၊ ဌာနေတိုင်းရင်းသားများ၏ စိုးရိမ်မှုများ၊ ဂုဏ်သိက္ခာရှိပြီး၊ လုံခြုံသော နေရာရရှိရေး၊ ဖြုန်းတီးခံနေရသော သဘာ၀တရား၏ ငိုညည်းသံ၊ ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးလာမှု၊ လုံလောက်သောဂရုစိုက်မှုပေးရန် တောင်းဆိုမှု၊သာသနာတော်ကြီးအတွင်း၌လည်းကောင်း၊ လူမှုအသိုင်းအဝိုင်း၌လည်းကောင်း လူငယ်များအဓိပ္ပါယ်ရှိရှိဖြင့်  မိမိတို့၏အတွေးအမြင်များကို  ကိုဖော်ထုတ်နိုင်ရန်၊ သာသအတွင်း၌ အမျိုးသမီးများအားလည်းနွေးထွေးစွာပွေ့ပိုက်နေရာပေးရေး၊ ၎င်းတို့၏ ဂုဏ်သိက္ခာကိုလေးစားခြင်း၊ လူမှန်နေရာမှန်စွာ သုံးရန်၊ မိသားစုများသည် ပို၍တည်ငြိမ်ပြီး၊ အားလုံးထံမှအထောက်အပံ့ရရေးကိုရှာဖွေနေသည်။ထို့အတူအောက်ပါအခြေအနေများကိုလည်းအထူးစိုးရိမ်ကြောင်း၊ နာကျင်ခံစားနေရသောအချို့သာသနာများ၏ဝေ‌ဒနာကို သက်တောင့်သက်သာဖြစ်အောင် စာနာစိတ်၊ မျှကူခံထမ်းပေးရန်၊အစွန်းရောက်တို့၏အသံများကျယ်လောင်စွာထွက်ပေါ်လာမှုကို အမြော်အမြင်ကြီးစွာဖြင့်တုန့်ပြန်ပေးရန်၊လူ့အသက်ကိုအထူးလေးစားကာကွယ်တတ် ခွ င်း သည်  လူမှုအသို်းအဝို်းအွငျး၌ လုပျဆောငျရနျ၊ကျွန်ုပ်တို့၏တိုက်ကြီးအတွင်း အကြမ်းဖက်မှု၊ ပဋိပက္ခာများတိုးပွားလာနေမှုသည် တွေ့ဆုံဆွေးနွေးရေးကို‌တောင်းဆိုနေကြောင်း၊လူမှုအသိုင်းအဝိုင်းသည် နည်းပညာ၏စိန် ခေါ်ချက်ပြောင်းလဲမှု ကိုရင်ဆိုင်နေရသည်။ ဤနည်းပညာ၏စိန်ခေါ်ချက်သည် အကျိုးလည်းရှိ သကဲ့သို့ ဆိုးကျိုးများကိုလည်းရှိသည်။ဆုတောင်းခြင်းနှင့်လက်တွဲလုပ်ဆောင်ခြင်းအားကိုပြု၍ချစ်ခြင်း၊ စာနာခြင်း၊ တရားမျှတခြင်း၊ ခွင့်လွှတ်ခြင်း၌ ဤစိန်ချက်များကိုတုန့် ပြန်လိုပါသည်။ ငြိမ်းချမ်းခြင်းနှင့်ပြန်ကြေအေးသင့်မြတ်ခြင်းသည်တစ်ခုတည်းသောရှေ့ဆက်ရန်နည်းလမ်းဖြစ်သည်ဟုယုံကြည်ပါ သည်။ အချင်းချင်းနားထောင်ခြင်းနှင့် တရားတော်နှင့်ညီသောဆန်းစစ်မှုကို အခြေခံသည့်နည်းလမ်းသစ်များဖြင့်တမန်တော်လုပ်ငန်း များကိုဖော်ဆောင်ရန် အမြင်များကိုရရှိခဲ့ကြသည်။ ဧ၀ံဂေလိတရားတော်နှင့်ရဟန်းမင်းကြီးဖရန်စစ်၏သွန်သင်မှုများကို အခြေခံ၍  ကျွန်ုပ်တို့သည်သွားရောက်ရန်ခက်ခဲသည့်နေရာများသို့ အရောက်သွားမည်ဟု ဓိဌာန်ပြုသည်။ ကျွန်ုပ်တို့အကူအညီလိုအပ်ဆုံးသူများ ထံသို့၀မ်းမြောက်၀မ်းသာသွားရောက် အစေခံရန်ခေါ်တော်မူခြင်းခံရသည်။ကျွန်ုပ်တို့သည်တမန်တော်လုပ်ငန်းနှင့်သဘာ၀ပတ်၀န်းကျင်ကိုအပြုသဘောဆောင်သည့်ပြုပြင်ပြောင်းလဲရေးဖြစ်သည့် ‘ကမ္ဘာမြေကြီး၏ငိုကြွေးသံနှင့်ချို့တဲ့နွမ်းပါးသူတို့၏ငိုကြွေးသံကိုနားစွင့်တုန့်ပြန်ရန်ခေါ်တော်မူခြင်းခံရသည်။ကျွန်ုပ်တို့သည် အချင်းချင်း၏လိုအပ်ချက်များကိုဖြည့်စွက်ခြင်းနှင့်သဟဇာတရှိစေရန် ခေတ်ကာလ၊ အသင်းအဖွဲ့၏လိုအပ်ချက်ကို စိတ် ရင်းကောင်းဖြင့်ဆွေးနွေးတင်ပြချက်ကို နားစွင့်တတ်ရန်ခေါ်တော်မူခြင်းခံရသည်။ ကျွန်ုပ်တို့သည် သက်၀င်ယုံကြည်မှုမတူ၊ ထုံးတမ်းမတူ၊ ယဉ်ကျေးမှုမတူသောနီးစပ်သူညီအစ်ကိုမောင်နှမများနှင့်ငြိမ်းချမ်းရေးနှင့် သင့်မြတ်ခြင်းယဉ်ကျေးမှုကိုတိုးမြင့်လုပ်ဆောင်ရမည်။ ကျွန်ုပ်တို့တို့သည်  ဘာသာရေးအသိုင်းဝိုင်းအတွင်း ၌သာသဟဇာတရှိရန်ကြိုးစားရုံမကဘဲ နိုင်ငံ၏ အစိုးရနှင့်လည်းကောင်း၊ အစိုးရမဟုတ် သည့်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်းကောင်း ချိပ်ဆက်၍ လူ့အခွင့်အရေး၊ ဆင်းရဲမွှဲတေမှုပ ပျောက်ရေး၊ လူကုန်ကူးမှု၊ကမ္ဘာမြေကြီးအား စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် အခြားသောဘုံလုပ်ငန်းများကို လုပ်ဆောင်မည်ဟုအဓိဌာန် ပြုပါသည်။ ကျွန်ုပ်တို့အချင်းချင်းကိုနားထောင်ခြင်းသည်ဘုရားသခင်၏အသံတော်ကိုနားထောင်ခြင်းဖြစ်သောကြောင့် အချင်းချင်းကိုနားထောင် တတ်သောယဉ်ကျေးမှုကိုလည်းတိုးမြင့်လုပ်ဆောင်ရန်လိုသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌လည်းကောင်း၊ ကျွန်ုပ်တို့၏ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးမိသားစုများနှင့် အဖွဲ့အစည်းများအား အဖော် ပြုရာ၌လည်းကောင်း၊ အထူးသဖြင့် ခက်ခဲနေသော အခြေအနေ၌ရှိနေသောသူများအား ကူညီနိုင်ရန်မှာ ကျွန်ုပ်တို့ကိုယ်တိုင်ဦးစွာ ပြုပြုပုံသွင်းပြီး ပြောင်းလဲမည်ဟုရည်ရွယ်ပါသည်။ဤအဓိဌာန်နှင့်ဆုံးဖြတ်ချက်သစ်များကို အတူတကွဖော်ဆောင်လျှောက်လှမ်းခြင်းဖြင့် ကမ္ဘာကြီးအားရက်ရောသောဆက်ကပ်ခြင်းဖြင့် အသုံးတော်ခံလျှက်ရှိသည်။ ထို့အတူ ကက်သလစ်သာသနာတော်ကြီးသည် အာရှတိုက်ကြီးကို ပိုမိုကောင်းမွန်သောတိုက်ကြီးဖြစ်လာစေ ရန်ကြိုးစားလုပ်ဆောင်ပံ့ပိုးပေးလျှက်ရှိသည်ကိုလည်း အာမခံလျှက်ရှိသည်ကိုအသိပေးနိုင်သည်။ သင်တို့အားလုံးအတွက် ကျွန်ုပ်တို့ဆု တောင်းပေးမည်ဟုကတိပြုသကဲ့သို့ သင်တို့လည်း ကျွန်ုပ်တို့အားလုံးအတွက်ဆုတောင်းပေးကြပါ။ လူသားအကျိုးနှင့်ဖန်ဆင်းခြင်းအား လုံးအတွက် အတူတကွခရီးဆက်ကြပါစို့ ..........
ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်၊ (အောက်တိုဘာ ၃၀၊ ၂၀၂၂)
ဘာသာပြန် ဖာသာရ် ကလေမင်းးအားတယ်
Photo Crd 

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။