Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-01 10:04:18
#ရဟန်းမင်းကြီးဖရန်စစ် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ‘ဘာရိန်း’ သို့တမန်တော်ခရီးကြွရောက်မည်။
#Pope’s visit to Bahrain a ‘precious ste p on path of fraternity’

  ရဟန်းမင်းကြီးဖရန်စစ်သည် နို၀င်ဘာလ (၃ မှ ၆) ရက်နေ့အထိ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ‘ဘာရိန်း’ သို့တမန်တော်ခရီးကြွ ရောက်မည်ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းဒုတိယအကြိမ်ကြွရောက်ခြင်းလည်းဖြစ်သည်။ ဤခရီးစဉ်သည် ရဟန်းမင်းကြီး၏ (၃၉) ကြိမ် မြောက်ပြည်ပတမန်တော်ခရီးဖြစ်ပြီး၊ နိုင်ငံပေါင်း (၅၈) နိုင်ငံသို့ကြွရောက်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီး၏ယခုခရီးစဉ်နှင့်စပ်လျင်း၍ ဗာတီကန် သတင်းပြန်ကြားရေးကအောက်ပါအတိုင်ပြောကြားခဲ့သည်။ယခုကြွရောက်ခြင်းသည်သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးမည့်ခြေလှမ်းဖြစ်ကြောင်း၊ယခုတစ်ကြိမ်၏ အဓိကအချက်နှစ်ချက်မှာ အဆိုပါဒေသ၌ နေထိုင်နေကြသော ကက်သလစ်ဘာသာ၀င်များအား ‘တွေ့ဆုံခြင်း’ နှင့် ‘အားပေးတိုက်တွန်းခြင်း’ ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည်ဘာရိန်း၌ပထမဦးဆုံးအကြိမ်ကျင်းပသော ‘အရှေ့အနောကျလူမှုအသိုင်းအဝိုင်းအတူတကွယှဉ်တွဲနေထိုင်ရေး’ ဆွေးနွေးပွဲ၏ပိတ်ပွဲအခမ်းအနားသို့လည်းတက်ရောက်မည် ဖြစ်ကြောင်း၊ ထိုအစည်းအ‌ဝေး၌‘ညီအစ်ကိုမော်နှမစိ်’ ကိုတိုးမြင့် လုပ်ဆောင် ကြ မည့့််သကျဝငျယုံကွညျမှုမတူသောဘာသာရေးခေါင်းဆောင် (၂၀၀) ခန့်ကိုတွေ့ဆုံမည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် (၂၀၁၉) က လူသားထု အားစောင့်ရှောက်ခြင်းနှင့်စပ်လျင်း၍ အာဘူဒါဘီ၌သမိုင်းသွင်စေမည့်စာတမ်းတစ်ခုကိုလက်မှတ်ထိုးခဲ့သည်။ ထိုစာတမ်းအရသက်၀င်ယုံကြည်မှု မတူသူများတွေ့ဆုံဆွေးနွေးပြီး အချင်းချင်းလေးစားကာအတူယှဉ်တွဲနေထိုင်ရေးကိုရှေ့ရှုရန်ဖြစ်သည်။ အလွန်အရေးကြီးသော ခြေလှမ်းဖြစ် ကြောင်း၊ဥရောပနှင့်အခြားကမ္ဘာ့နိုင်ငံများ၌စစ်မတ်ဖြစ်ပွားနေမှုများသည် ဘာသာရေးခေါင်းဆောင်များအတွက် အတူတကွစုစည်းလုပ်ဆောင် ရမည့်တွန်းအားတစ်ခုထပ်မံဖြစ်လာဦးမည်ဖြစ်ကြောင်း၊ ဤအတူတကွတွေ့ဆုံဆွေးနွေးခြင်း၏ဦးတည်ချက်ကား ကမ္ဘာ့ငြိမ်းချမ်းရေးကိုအတူတ ကွပူးပေါင်းရှာဖွေတည်ဆောက်ခြင်းဖြစ်ကြောင်း၊ ယခုတမန်တော်ခရီးစဉ်သည် အထက် ကဆိုခဲ့သောအစည်းအ‌ဝေးသို့ကြွရောက်ပါရန် ဘာရိန်း ဘုရင် Hamad bin Isa Al Khalifa ၏ဖိတ်ကြားခြင်းကိုလက်ခံကြွရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ကြွရောက်ခြင်းဖြင့်လည်း ဘာရိန်းရှိကက်သလစ်ဘာသာတူများကိုအားပေးရန်လည်းဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည် ကမ္ဘာ့သိုးထိန်းလည်းဖြစ်၍ ဘာရိန်းနိုင်ငံရှိကက်သလစ်ဘာသာတူများနှင့်တွေ့ဆုံအားပေးမည်ဖြစ်ကြောင်း၊ ထိုကက်သလစ်အစုအဖွဲ့သည် ဌာနေဖွားမဟုတ်ကြကြောင်း၊ ဘာရိန်းနိုင်ငံ၌ ကက်သလစ်ဘာသာတူ (၈၀၀၀၀) ရှိသည့်အနက် (၁၀၀၀) သာနိုင်ငံသားကဒ်ကိုင်ဆောင်ထားကြောင်း၊ ပင်လယ်ကွေ့ဒေသများမှခရစ်ယာန်အနည်းစုကြောင်းကိုပြသကြောင်း၊ နိုင်ငံ၌မှီတင်း နေထိုင် ကြသော ကက်သလစ်အများစုမှ အိန္တိယ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနိုင်ငံများမှအများစုဖြစ်ပြီး၊ တူရကီ၊ ဆီးရီးယား၊ လက်ဘနွန်၊ အီဂျစ်နှင့်ဂျော်ဒန်တို့မှလည်း ရေကြည်ရာမျက်နုရာလာရောက်အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြကြောင်း၊ ရဟန်းမင်းကြီးသည် တမန်တော်ခရီးရောက်ရှိနေစဉ်အတွင်း လူထုနှင့် (၇) ကြိမ်တွေ့ဆုံမည်ဖြစ်ရာ (၄) ရက်မြောက်နေ့၌ ဒေသခံကက်သလစ်ဘာသာတူများနှင့်တွေ့ ဆုံဖြစ်ပြီး ထိုသို့တွေ့ဆုံရာတွင် လူငယ်၊ ကက်သလစ်သာသနာ၏ဘာသာရေးခေါင်းဆောင်များနှင့်ဘာရိန်း၏ အိမ်နီးချင်းကက်သလစ်ဘာသာတူ များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ရဟန်းမင်းကြီးသည် မကြာမီဘာရိန်းနိုင်ငံသို့ကြွရောက်တော့မည်ဖြစ်၍ ဘာရိန်းနိုင်ငံမှကက် သလစ်ဘာသာ၀င်များနှင့်ဒေသမှခရစ်ယာန်မဟုတ်သောဘာသာရေးပုဂ္ဂိုလ်များလည်း ရဟန်းမင်းကြီးအဘယ်သို့သော်ငြိမ်းချမ်းရေးကိုမျှော်လင့် ချက်ပေးနိုင်သည့်အားပေးစကားများ၊ တိုက်တွန်းချကများကိုမိန့်ကြားအလင်းပြသွားလေမည်နည်းဟုစိတ်လှုပ်ရှားစွာစောင့်စားနေကြပါသည်။        

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။