Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-07 09:52:19
 #ဗာတီကန်မှ (၅၇) ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့ဆောင်ပုဒ်ကိုကြေညာ
 #Vatican announces theme for 57th World Day of Social Communications

                          ‘Speak with the heart: Veritatem facientes in caritate” (Doing the truth in charity’(ရင်တွင်းဖြစ်ကိုသာပြောပါ။ အမှန်တရားကိုမေတ္တာရားဖြင့်ပြုလုပ်ပါ)ဟုဗာတီကန်လူထုဆက်သွယ်ရေး ရုံးချုပ်မှ (၂၀၂၃) ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ဆောင်ပုဒ်ကို ကြာသပတေးနေ့ကတရား၀င်ကြေညာ လိုက်သည်။ဤဆောင်ပုဒ်သည်(၂၀၂၂)ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော‘Listen with the ear of the heart’ (စိတ်ဖြင့်နားထောင်ပါ) နှင့်ဆင်တူပါသည်။ လာမည့်နှစ် (၂၀၂၃၊ အောက်တိုဘာလ) ၌ ဆီးနော့ကျင်းပမည် ဖြစ်သည်။  ‘ရင်းတွင်းဖြစ်ကိုပြောပါ’ဟုဆိုရာ၌ ‘မျှော်လင့်ခြင်းကိုပေးသောဆင်ခြင်မှုကိုပေးရန်’ ဤသို့ပြုရန်မှာ ဆက်သွယ်ရေးနည်းပညာကို ပေါင်းကူးတံတားကို တံတိုင်းအဖြစ်မဟုတ်။ ပေါင်းကူးတံတားအဖြစ် အသုံးပြုရန် ဖြစ်သည်’ ဟုဆိုလိုသည်။ Speaking the truth with a style of mercy အမှန်တရားကိုသနားခြင်းဖြင့်ပြောပါ။အမှန်တရားကိုပြောဆိုရန် မသက်မသာဖြစ်နေသော်လည်း မစိုးရိမ်ဘဲပြောပါ။ ပြောရဲဆိုရဲရန် ဧ၀ံဂေလိကျမ်းစာမှ အရင်းအမြစ်ကိုရှာရန်လည်း တိုက်တွန်းထားသည်။ အမှန်တရားကိုပြောဆိုရာ၌ သနားခြင်း၊ ရိုးစင်းသောပျော်ရွှင်ခြင်းနှင့် ကျွန်ုပ်တို့ခေတ်အခါသမယ၏ လူသားများ တွေ့ကြုံနေရသော ဒုက္ခများကိုလည်းမျှ‌ဝေ ခံထမ်းရမည်။ ဧမာဦးရွာသို့ပြန်သော တပည့်တော်ကြီး နှစ်ပါးကဲ့သို့ ဖြစ်ပျက်သမျှ၌ ခံစားမျှယူရမည်။Non-hostile communicationရန်လိုမှုမဖက်သော ဆက်သွယ်မှုဖြစ်ရမည်။ကမ္ဘာပေါ်၌ဖြစ်ပျက်နေသော ပဋိပက္ခဖြစ်ရပ်များ၌ လူထုဆက်သွယ်ရေကို အသုံးုရာတွင် ရန်ဆောင်မှု မျိုးမနွယ်စေရန်သတိရှိရမည်။လူထုဆက်သွယ်မှုသည် အမှန်ဆိုသော်အခြားသူများနှင့် ဆွေးနွေးပြောဆိုခြင်းကိုလမ်းစဖွင့်ပေးသည်။လက်နက်လျော့ချရေး(သို့)လက်နက်စွန့်လွတ်သည့်လမ်းစဉ်ကိုလည်းအားပေးသည်။စစ်ဖြစ်စေလိုသောစိတ်သည် ကျွန်ုပ်တို့၏ စိတ်ထဲ၌ငုပ်လျှိုးနေကြောင်းကို စိန့်ဂျွန်(၂၃)ကပရောဖက်ဉာဏ်ဖြင့်သူ၏‘Pacem in Terris’ စာချွန်တော်ထဲ၌ထည့်သွင်းရေးသားခဲ့သည်။သို့ဖြစ်၍တစ်ဦးစီဖြစ်စေ၊ အထူးသဖြင့် လူထုဆက်သွယ်ရေးလုပ်ငန်းများ၌  လုပ်ကိုင်ကြသူများ အနေဖြင့်အသက်မွေး၀မ်းကျောင်းရင်းတရားမျှတခြင်း၊ညီအစ်ကိုရင်းစိတ်ဓာတ်နှင့်လူသားဆန်သော အနာဂတ်ကိုတည်ဆောက်ရန်ကြိုးစားရမည်။

ဘာသာပြန် ဖာသာရ်ကလေးမင်းအားတယ် 
Crd Photo
NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။