Untitled Document
Untitled Document
Untitled Document
ဘာသာပြန်
#သမီးကလေးထံမှခရစ္စမတ်လက်ဆောင် #ရှားမာန်
လူတစ်ယောက်သည် ၃ နှစ်အရွယ်သမီးငယ်ကလေးက ရွှေစက္ကူကလေးတစ်ရွက်ဖြုန်းတီးခဲ့သည့်အတွက် သူမကိုအပြစ်ပေးခဲ့လေသည်။ အကြောင်းမှာ ခရစ္စမတ်(စ်) သစ်ပင်ခြေရင်း၌ထားရှိရန် သေတ္တာကလေးတစ်ခုကို အလှဆင်ဖို့အတွက်တောင် ပိုက်ဆံခက်ခဲလွန်းသောကြောင့် ဒေါသထွက်မိခြင်းဖြစ်လေသည်။ မည်သို့ပင်ဆိုစေ နောက်မနက်ခင်းလေးမှာတော့ သမီးငယ်ကလေးဟာ ဖခင်ထံသို့လက်ဆောင်ကလေးယူလာပြီး
“ဖေဖေ၊ ဒီမှာ ဖေဖေအတွက်..” လို့ပြောလိုက်သည်။
ထိုသူသည် အစောပိုင်းက သမီးငယ်ကလေးကို အလွန်အကျွံအပြစ်ပေးတုံ့ပြန်ခဲ့သောကြောင့် ရှက်ရွံ့မိလေသည်။ သို့သော် သမီးငယ်ယူလာသော သေတ္တာကလေးသည် ဘာမှမပါဘဲ ဗလာ ဖြစ်နေသည်ကို သူသိသောအခါ တစ်ခါထပ်၍ ဒေါသထွက်လာရပြန်သည်။ သူက သမီး ကလေးကို
“သင် တစ်စုံတစ်ဦးကိုလက်ဆောင်ပေးသည့်အခါ အတွင်းထဲမှာ တစ်ခုခုတော့ဖြစ်ရလိမ့်မယ်ဆိုတာ သိထားတယ်မဟုတ်ဘူးလား”
သမီးကလေးရဲ့မျက်ဝန်းထဲမှမျက်ရည်များအပြည့်နဲ့ သူမ၏ဖခင်ကိုကြည့်ရင်း
“အိုဖေဖေရယ်၊ အဲ့ဒီလိုလည်းလုံးဝမဟုတ်ဘူးလေ။ အဲဒီသေတ္တာထဲကို သမီးရဲ့အနမ်းကလေးတွေအပြည့် မှုတ်ထည့်ထားတာလေ။ အားလုံးက ဖေဖေ့အတွက်ပါပဲ။”
ထိုအခါမှ ဖခင်သည်လည်းစိတ်မကောင်းဖြစ်သွားရလေသည်။ သူ၏သမီးကလေးကိုပွေ့ဖက်ပြီး သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်ခဲ့လေသည်။
မကြာခင်အချိန်တွင် မတော်တဆမှုတစ်ခုကြောင့် ကလေးမကလေး သေဆုံးသွားလေသည်။ ဖခင်သည် သမီးကလေး ပေးထားခဲ့သော ထိုရွှေသတ္တာကလေးကို အိပ်ယာထဲတွင်နှစ်ပေါင်းများစွာ ထားရှိထားပြီး၊ စိတ်ဓာတ်ကျသည့်အခါတိုင်း ထိုသေတ္တာထဲတွင်ထားခဲ့သည့် သမီးငယ်လေး၏ချစ်ခြင်းမေတ္တာနှင့် အနမ်းကလေးများကို စိတ်ကူးယဉ်အမှတ်ရကာ တမ်းတလွမ်းဆွတ်နေမိတော့လေသည်။
#ကိုယ်ကျင့်တရား - အမှန်တကယ် အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူသားများတစ်ဦးစီတိုင်းအတွက် ကျွန်ုပ်တို့၏ကလေးများ၊ ကျွန်ုပ်တို့၏မိသားစုဝင်များ၊ မိတ်ဆွေများအားဖြင့် ဘုရားသခင်ထံမှ ချွင်းချက် မရှိသောချစ်ခြင်းမေတ္တာများဖြင့် ပြည့်၀နေသော ကွန်တိန်နာကားတစ်စီးအပြည့် ရွှေလက်ဆောင်များကိုရရှိခဲ့ကြပေသည်။ သည့်ထက်ပိုပြီး အဖိုးထိုက်သော အခြားပိုင်ဆိုင်မှုများမရှိနိုင်တော့ပါ။
#ရှားမာန်(ဘာသာပြန်)
ဘာသာျပန္မ်ား