Untitled Document
Untitled Document
Untitled Document
ကဗ်ာ
အလွန်မွန်မြတ်သောလက်ဝါးကပ်တိုင်၏ အောင်ပွဲ

အလွန်မွန်မြတ်သောလက်ဝါးကပ်တိုင်၏ အောင်ပွဲ

လက်ဝါးကပ်တိုင်သည် အဆုံးမဟုတ်၊

ရှင်ပြန်ထမြောက်ခြင်းသို့ သွားရာလမ်း

ရှုံးနိမ့်ခြင်းရဲ့ အမှတ်အသားမဟုတ်၊

မေတ္တာရဲ့ အောင်ပွဲပါ။

လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်က 

မိမိကိုယ်ကိုမေတ္တာဖြင့် အပြည့်အဝ ပူဇော်ခဲ့သူပါ။

ကိုယ်တော်မူကား အကန့်အသတ်မရှိ ခွင့်လွှတ်ခဲ့ပြီး၊

အရာအားလုံးကို စွန့်လွှတ်ကာ

ခမည်းတော်၏ ရွှေလက်တော်၌

မိမိကိုယ်ကို အပ်နှံခဲ့သူပါ။

ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်က

သစ္စာရှိသောမေတ္တာ သင်ယူရာကျောင်းဖြစ်လာသလို

နေ့စဉ်ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးများ ထမ်းရန်၊

ဆင်းရဲဒုက္ခကြား သစ္စာရှိစွာ ရပ်တည်ရန်၊

မိမိကိုယ်ကျိုးကို မရှာဘဲ

အခြားသူများကို အစေခံရန် သင်ကြားပေး၍

လက်ဝါးကပ်တိုင်ကို ဖက်တွယ်သောအခါ

ခရစ်တော်ကို ကျွန်ုပ်တို့ ဖက်တွယ်ခြင်းပါ

လက်ဝါးကပ်တိုင်၌ သစ္စာရှိစွာ နေသောအခါ

ကိုယ်တော်ရဲ့ကျေးဇူးတော်က

ကျွန်ုပ်တို့ရဲ့အားနည်းခြင်းမှာ အင်အားဖြစ်လာ၊

ကျွန်ုပ်တို့ရဲ့ဆင်းရဲဒုက္ခက

မျှော်လင့်ခြင်းရဲ့သက်သေအဖြစ်ပြောင်းလဲပေး၍

လက်ဝါးကပ်တိုင်ကို မရှက်ကြပါစို့။

အကြောင်းမူကား လက်ဝါးကပ်တိုင်အားဖြင့်

ခရစ်တော်သည် အပြစ်နဲ့သေခြင်းကိုအောင်မြင်ပြီး၊

ထာဝရအသက်သို့ သွားရာလမ်းအား

ကျွန်ုပ်တို့အတွက် ဖွင့်ပေးတော်မူခဲ့ပါပြီ။

✍️ Celeste, MSP 

 

ကဗ်ာမ်ား