Untitled Document
Untitled Document
Untitled Document
ကဗ်ာ

 

 " ကိုယ်တော်၌သာ နှလုံးသား ငြိမ်းချမ်းရာနေရာ”

( စိန့်ဂတ်စ်စတင်း - St. Augustine)

 

မငြိမ်းချမ်းတဲ့နှလုံးသားတစုံလောကကြီးထဲရှာဖွေခဲ့

အမှန်ကိုရှာဖွေခဲ့သလို မေတ္တာကိုလည်းရှာဖွေခဲ့ကာ၊

ငြိမ်သက်ခြင်းကိုပါ ရှာဖွေမိခဲ့။

လမ်းများစွာကို လျှောက်ခဲ့သော်လည်း

သူ့ဝိညာဉ်-  ဘုရားသခင်ကို ဆာလောင်ဆဲပင်။

 

ထိုသို့ဖြစ်လျှင် အို သခင်ဘုရား

က်ုယ်တော့်ကျေးဇူးတော်က သူ့နှလုံးသားကိုထိတွေ့ခဲ့

အမှောင်ထုက တဖြည်းဖြည်း အလင်းရောင်ဖြစ်လာခဲ့

လောကအချည်းနှီး-  ဆန္ဒများမှ လှည့်ထွက်လာကာ

ကိုယ်တော်ရဲ့ အမှန်တရား၌ သူ့နှလုံးသား ဖွင့်ပေးခဲ့။

 

“ကျွန်ုပ်တို့ရဲ့နှလုံးသားများ

ကိုယ်တော်၌ ငြိမ်သက်ခြင်း မရမချင်း

မငြိမ်းချမ်း ဖြစ်နေကြမည်သာ။” ဟူသော

ဤစကား သူ့ စံထားရာ သီချင်းဖြစ်လာခဲ့ပြီ။

လောက စည်းစိမ်ဥစ္စာများက သူ့နှလုံးသား 

အနက်ရှိုင်းဆုံးဆာလောင်မှုအား

ဖြည့်ဆည်းမပေးနိုင်ကြောင်း သူသိရှိခဲ့ပြီ။

 

အမှန်တရားရဲ့ ဆရာသခင် -  စိန့်ဩဂတ်စ်စတင်း၊

အရာအလုံးစုံထက် ဘုရားသခင်အား ရှာဖွေရန် ကျွန်ုပ်တို့အား သွန်သင်ပေးပါ။

ကျွန်ုပ်တို့ရဲ့နှလုံးသားများ လမ်းပျောက်သောအချိန်

ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော ဘုရားထံသို့ 

ပြန်လှည့်ရန် ပို့ဆောင်ပေးပါ။

 

ကျွန်ုပ်တို့ရဲ့မျက်ရည်များကိုဆုတောင်းခြင်းဖြစ်ပါစေ

ကျွန်ုပ်တို့ရဲ့ ရှာဖွေခြင်းက ယုံကြည်ခြင်း ဖြစ်ပါစေ။

ကျွန်ုပ်တို့ရဲ့ မငြိမ်ချမ်းသောနှလုံးသားများ

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ၌

ငြိမ်သက်ခြင်းကို ရှာတွေ့ပါစေ။

 

တစ်ချိန်က လမ်းပျောက်ခဲ့သောဘဝမှ

ဘုရားက ထူးကဲတဲ့အလင်းရောင်ရှေ့ခေါ်ဆောင်လာခဲ့

ရှာဖွေနေသော ဝိညာဉ်တစ်ခုမှ

သစ္စာရှိသော အစေခံတစ်ပါး ကိုယ်တော်ချီးမြှင့်ပေးခဲ့

 

စိန့်ဩဂတ်စ်စတင်း - 

ကျွန်ုပ်တို့အတွက် ဆုတောင်းပေးပါ။

ဘုရားသခင်အား ဆက်လက်ရှာဖွေနိုင်ရန်၊

အမှန်တရားကို ဆက်လက်ချစ်မြတ်နိုးနိုင်ရန်၊

ကျွန်ုပ်တို့ရဲ့နှလုံးသားများဘုရားသခင်၌သာ 

မိမိတို့ရဲ့ စစ်မှန်သောအိမ်အဖြစ် မတွေ့မချင်း 

ဘယ်သောခါမျှ မရပ်တန့်ဘဲ ရှာဖွေနိုင်ရန်

ကြားဝင် ဆုတောင်းပေးပါ။

✍️ Celeste, MSP

ကဗ်ာမ်ား