Untitled Document
Untitled Document
Untitled Document
ကဗ်ာ
"ဉာဏ်ရည်တုထက် မြတ်သောလူ့နှလုံးသား"

"ဉာဏ်ရည်တုထက် မြတ်သောလူ့နှလုံးသား"

ဉာဏ်ရည်တုသည်

လူသားတို့ရဲ့အတွေးကို တုပနိုင်သော်လည်း၊

လူသားတို့ရဲ့ နှလုံးသားကို အစားမထိုးနိုင်ပါ။

စက်က စကားလုံးများကို ထိမ်းသိမ်းနိုင်သော်လည်း၊

နာကျင်နေသောသူရဲ့မျက်ရည်ကို အမှန်တကယ် နားလည်နိုင်မည်မဟုတ်ပါ။

အချက်အလက်များကို တွက်ချက်နိုင်သော်လည်း၊

ခွင့်လွှတ်ခြင်းရဲ့တန်ဖိုးကို နှလုံးသားဖြင့်မခံစားနိုင်ပါ။

နည်းပညာသည် မြန်ဆန်စွာ တိုးတက်လာပါစေ၊

သို့သော် လူသားရဲ့ဂုဏ်သိက္ခာ မလျော့ပါစေနဲ့။

ဉာဏ်ရည်တုက ပိုမိုအစွမ်းထက်လာပါစေ၊

သို့သော် လူသားရဲ့ အသိစိတ် မှေးမှိန် မစေနဲ့။

ဘုရားသခင်ပေးသော ဉာဏ်ပညာဖြင့်

နည်းပညာကို လမ်းညွှန်ကြပါစို့။

အသိစိတ်ဖြင့် မှန်ကန်သောအရာကို ရွေးချယ်ကြပါစို့။

မေတ္တာတရားဖြင့် နည်းပညာကို အသုံးပြုကြပါစို့။

AI (Artificial intelligence) က

လူသားကို အုပ်ချုပ်ရန် မဟုတ်၊

လူသားကို အစေခံရန် ဖြစ်ပါစေ။

AI သည် လူသားကို အစားထိုးရန် မဟုတ်၊

လူသားတို့ရဲ့ ကောင်းကျိုးကို မြှင့်တင်ရန် ဖြစ်ပါစေ။

စက်များ ပိုမိုထက်မြက်လာသည်ထက်၊

လူသားတို့ ပိုမို ပညာရှိ၍ ကြင်နာတတ်ကြပါစေ။

ကမ္ဘာကြီး ပိုမိုနည်းပညာမြင့်မားလာသည်ထက်၊

လူသားတို့ရဲ့နှလုံးသားများမေတ္တာပို၍ပြည့်ဝလာပါစေ

အဘယ်ကြောင့်ဆိုသော်

လူသားရဲ့ အကြီးမားဆုံးသောတန်ဖိုးကား

သူသိရှိနိုင်သော အရာများတွင်သာ ရှိနေခြင်းမဟုတ်

သူမေတ္တာပြနိုင်ခြင်း၊ ခွင့်လွှတ်နိုင်ခြင်း၊

ကြင်နာတတ်ခြင်း နဲ့ အခြားသူအတွက်

မိမိကိုယ်ကို ပေးဆပ်ခြင်းတို့တွင်သာ ရှိနေခြင်းပါ။

သို့ဖြစ်ပါ၍ ဘုရားသခင်ထံ

ဤသို့ ဆုတောင်းကြပါစို။

 ညဏ်ပညာ၏ မူလအစဖြစ်တော်မူသော 

အိုဘုရားသခင်

နည်းပညာကို ဉာဏ်ပညာဖြင့် လမ်းညွှန်ပေးပါ။

ဉာဏ်ရည်ကို အသိစိတ်ဖြင့် ထိန်းကျောင်းပေးပါ။

တိုးတက်မှုကို မေတ္တာတရားဖြင့် ပြည့်စုံစေပါ။

AI သည် လူသားဆန်မှုကို လျော့နည်းမသွားစေဘဲ၊

လူသားအားလုံးရဲ့ ဘုံကောင်းကျိုးအတွက်

မေတ္တာဖြင့် အစေခံသော လက်တစ်စုံ ဖြစ်ပါစေ။

✍️ Celeste, MSP 


ကဗ်ာမ်ား