Untitled Document
Untitled Document
Untitled Document
ကဗ်ာ
"သီလသည်ဆိုတာ သီလသယ်ဆောင်ပေးသူ"

  

"သီလသည်ဆိုတာ သီလသယ်ဆောင်ပေးသူ"

 လောကအမြင် ကြီမြတ်မှုက

ရာထူး၊ဂုဏ်ထူး၊ ဂုဏ်ကျော်ဇောမှု၊

စည်းစိမ်၊ပညာ၊ရုပ်ရည်၊စသာအရာဖြင့်မှတ်ယူကြကာ၊

ခရစ်တော်ပြောသော ကြီးမြတ်မှုက

ဘုရားသခင်ရဲ့မေတ္တာတော်ဖြင့် ဖြည့်ထားခြင်းပါ။

နှလုံးသားကို ဘုရားနဲ့ ဖြည့်ထားခြင်းက

လူသားဆန်ခြင်းဖြစ်ကြောင်းထောက်ပြလာ။

ခရစ်တော်ရဲ့ လူသားဆန်ခြင်းက

ချစ်ခြင်း-သနား၊ခွင့်လွတ်-စာနာခြင်းတွေ

စသည့် မွန်မြတ်သောပါရမီ စိတ်ထားတွေပါ။

သီလသည်ဘဝက ဘုရားကျေးဇူးတော်အားဖြင့်

ခရစ်တော်ရဲ့လူသားဖြစ်ခြင်းကို သက်သေပြရန်ပါ

ချစ်နိုင်စွမ်း ညဏ်ရည်ညဏ်သွေးတွေက

ဘုရားဘုန်းဂုဏ်တော် ဖော်ပြပေးခြင်းပါ။

ဘုရားဘုန်းဂုဏ်တော် ပြန်လည် သွတ်သွင်းပေးရန်

ဘုရားချစ်ခြင်းကိုပြုံးရွှင်တဲ့မျက်နာဖြင့်အစေခံရန်ပါ

သူတော်စင်ရဲ့အပြုံးကအသက်ပါသောအပြုံးပါ

ဘုရားပုံရိပ်တော်အား ပြန်၍ပုံဖော်ရမှာက

သူတော်စင်တွေပါ။

ခရစ်တော်ကစစ်မှန်သောလူစင်စစ်ဖြစ်ခြင်းဖော်ပြလာ

သူတော်စင်ဘဝက သခင်နဲ့တူအောင်သင်ယူခြင်းပါ

ကိုယ်တော်ရဲ့ လူသားဆန်ခြင်းတွေက

ချစ်ခြင်း၊ခွင့်လွတ်၊ စာနာ၊သည်းခံ၊နာခံခြင်း

စသော ကြီးမားသောနှလုံးသားရှိခြင်းပါ။

ကိုယ်တော်ကလူဖြစ်ရခြင်း၏ဂုဏ်သိက္ခာသင်ပေးသူ။

* အမိမယ်တော်ကလည်း သားတော်နည်းတူ

လူသားဖြစ်းခြင်းရဲ့ လူ့ဂုဏ်သိက္ခာဖော်ပြပေးသူပါ။

နာခံခြင်းက အမိမယ်တော်ကိုအသီး ပွင့်စေခဲ့၍

အချိန်မတန်သေးပါဟု သားတော်ပြောသောစကား

အမိမယ်မယ်တော် ယုံကြည်သောကြောင့်

သူစေခိုင်းသမျှကိုပြုကြပါဟုတိုက်တွန်းကာ

လက်ဝါးကပ်တိုင်ခြေတော်အရင်းထိသစ္စာရှိသူပါ။

အမိမယ်တော်ရဲ့ဘဝတလျှောက် ပြန်ကြည့်ပါက

လူတွေရဲ့အာရုံစိုက်ခြင်း ရှာသူမဟုတ်

စိတ်ရှည်၊ကရုဏာစာနာ၊ စသော

ကောင်းချင်းတွေဖြင့်သားတော်ကဲ့သို့

လူသားဆန်ခြင်းအား ပြသခဲ့သူပါ။

သူတော်စင်ဘဝက အမိမယ်တော်ကဲ့သို့

အချိန်မတန်သေးတာကို ယုံကြည်ပါ

ခရစ်တော်ရဲ့နေရာယူမယ့် သူတော်စင်များ

အချိန်မတန်ဘဲ နေရာယူရန်မဟုတ်ပါ

အစေခံခြင်းမှုအတွက်သာဖြစ်ကြောင်း နှလုံးသွင်းပါ။

ခရစ်တော်ရဲ့ Ministry နေရာယူမယ့်သူတော်စင်များ

ခြေဆေး၍ နိမ့်ချအစေခံရန် လူသားဆန်ခြင်းပြသပါ

သူတော်စင်တို့ အခြားသူအား စီရင်ခြင်းထက်သနားပါ

ပိုမိုစာနာသနားခြင်းဖြင့် ဂုဏ်သိက္ခာနဲ့ညီလျော်စွာ

ပြုမူဆောင်ရွက်ကာ လူသားဆန်ခြင်းပြသပါစို့။

သူတော်စင်တို့ ပြတိုက်ထဲက ပစ္စည်း မဖြစ်စေပါနဲ့

ပြတိုက်ထဲကပစ္စည်းက လှပပေမဲ့ အသက်မရှိ

ပြတိုက်ထဲက ပစ္စည်းမှာမူ

လက်ရှိကာလအား ပုံဖော်မဲ့အစား အတိတ်ကိုသာပြ၍

အနာဂတ်မရှိသော ပစ္စည်းပါ။

သူတော်စင်ဘဝက လက်ရှိဘဝနဲ့ အနာဂတ်အတွက်

အသက်ကို ပုံဖော်ပေးမဲ့သူတွေ ဖြစ်ရန်လို။ 

"ရင်ကျက်သောသီလသည်တို့ရဲ့လက္ခဏာ ကား "

မှားမှန်းသိလျက် အမှားကိုဝန်ခံခြင်းပါ။

ကိုယ်ကျိုးမဖက်သော ရက်ရောခြင်းပါ

အလုပ်၊ လုပ်ပါက အားရပါးရလုပ်၍ အနစ်နာခံသူပါ

အတင်းပြောတာရှောင်၍ ကောင်းခြင်းတွေကိုချီးမွမ်းသူ

ဘက်လိုက်ခြင်းကိုရှောင်၍ မျှတခြင်းကိုနှစ်သက်သူ

ဗလောင်ဆူသံမှရုန်းထွက်၍တိတ်ဆိတ်မှုကိုနှစ်သက်သူ

ရယ်မောသော်လည်း လောင်ပြောင်မှုကင်းသူ 

သူတော်စင်တို့ ခရစ်တော်နဲ့ မယ်တော်ကို အတုယူကြစို့

သာသနာတော်က သင်တို့ထံမှလိုအပ်တဲ့အရာက

ပို၍သန့်ရှင်းစင်ကြယ်သော သူကိုအလိုရှိနေပြီး

ကိုယ်ကျိုးမဖက်သောမေတ္တာဖြင့်လုပ်ဆောင်သူကို

အလိုရှိနေတယ်ဆိုတာကို မမေ့ကြပါနဲ့။

 

3 August 2026 Monday တရစ်ရက်တာ ဝတ်စောင့်ခြင်းမှ

Fr. Dominic Thet Tin ရဲ့ တရားတော်မြတ်မှ

မိမိ နှလုံးသားကို ထိ၍ မှတ်မိသော

သတင်းစကားလေးများကို ကိုးကားပြီး ပြန်၍ ဝေမျှပေးလိုသောဆန္ဒဖြင့် 

 ✍️  Celeste, MSP

 

 

 

 

 

 

ကဗ်ာမ်ား