Untitled Document
Untitled Document
Untitled Document
ကဗ်ာ
စိန့်ဂျော်ကင်း နဲ့ စိန့်အန္နားတို့ပွဲ

 

 စိန့်ဂျော်ကင်း နဲ့ စိန့်အန္နားတို့ပွဲ

 

စိန့်ဂျော့ကင်း နဲ့  စိန့်အန္နား 

သမီးတော်လေး မာရီယာ  မိသားစုဝင် သုံးဦးမှာ

 မိဘများ နဲ့ သားသမီးများ အတွက် စံနမူနာ

အသင်းတော်မှ ဇူလိုင် ၂၆ ရက် နေ့မြတ်ကို

မိဘများပွဲနေ့အဖြစ် သတ်မှတ်ထား

စိန့်ဂျော့ကင်း နဲ့ စိန့်အန္နားတို့ရဲ့နေ့စဥ်ဘဝ

ဘုရားသခင်အား အပြည့်အဝ ယုံကြည်ကိုးစားကာ

ဆုတောင်း၊နှိမ့်ချ၊မေတ္တာဘာဝနာ၊ဖြူစင်နှလုံးဖြင့်

 ရှင်သန်ခဲ့သော  မိဘများဟုမှတ်ကျောက်တွင်ဝယ်

သမ္မာကျမ်းစာတော်မြတ်၌ သမီးတော်မာရီယာအား

မည်သို့မည်ဖုံ ပြုစုပျိုးထောင် အသေးစိပ် ဖော်ပြ မထား သော်လည်း၊

 ကက်သလစ်အသင်းတော် အစဉ်အလာ အရ 

မိဘတို့သည် မာရိယာအား ယုံကြည်၊ဆုတောင်း၊

ဘုရားအလိုတော်  နာခံ၊ မေတ္တာဖြင့်

ရှင်သန်တတ်ရန် သွန်သင်ပေးခဲ့သူတွေပါ

နုတ်ဖြင့် သာမက မိမိတို့ရဲ့ဘဝ သက်သေတည်ကာ

လမ်းပြပေးခဲ့ ပါသောကြောင့် မာရိယာအား

သိကြားတမန်တော် အမိန့်တော်ပြန်ချိန်

"ကိုယ်တော်၏ အလိုတော်အတိုင်းဖြစ်ပါစေ" ဟု

ယုံကြည်အပြည့် ဘုရားအလိုတော်လက်ခံနိုင်ခြင်းပါ

စိန့်​ဂျော့ကင်းနဲ့ စိန့်အန္နားတို့ရဲ့ အမွေအနစ်မှာ

 ငွေကြေး၊ ရာထူး ဂုဏ်ဒြပ် မဟုတ်ဘဲ 

ယုံကြည်၊ မျှော်လင့်၊မေတ္တာတွေပါ

စိန့်ဂျော့ကင် နဲ့ စိန့်အန္နားတို့ရဲ့ အသက်တာအားဖြင့်

မိဘတို့ရဲအကြီးမားဆုံးတာဝန်ကား သားသမီးမျာအား

ဘုရားသခင်ထံ လမ်းပြပေးရမည်ဟုညွှန်ပြလာ

သားသမီးနေရာ ယူထားသူတိုင်း

 ကလေး၊ လူငယ် များအတွက်

မာရီယာလေးက စံနမူနာ ယူထိုက်သူပါ

မာရီယာသည် ဘုရားသခင်ကို ချစ်မြတ်နိုး၍

ဆုတောင်းခြင်းကို နှစ်သက်ကာ

 မိဘများကို ရိုသေလေးစား၊နာခံ၊ နှိမ့်ချတတ်သူပါ

 ဖြူစင်ရိုးသား ဘုရားအလိုတော် ယုံကြည်လက်ခံ

လက်တွေ့ဘဝ ကျင့်စဥ်တို့ဖြင့် အသက်ရှင်ခဲ့တာ မာရီယာပါ

သို့ဖြစ်ပါ၍

 ယနေ့ခေတ် မိဘတိုင်း

စိန့်ဂျော့ကင်းနဲ့ စိန့်အန္နားတို့ ကဲ့သို့ 

ယုံကြည်၊ မေတ္တာ၊ စံနမူနာ ကောင်းဖြင့်

 သားသမီးများအား ပြုစု ပျိုးထောင်ကြပါစို့

သားသမီးတိုင်းလည်း မာရီယာအား

စံနမူနာအတုယူ၍ မိဘများအား ချစ်ခင်၊ ရိုသေလေးစား၊နာခံကျိုးနွံ

ဘုရားသခင်အားလည်း ယုံကြည်၊ မျှော်လင့်၊

ချစ်မြတ်နိုးကာ နေ့စဉ်အသက်တာရှင်သန်ကြပါစို့။

 

* မိသားစုတိုင်း ဘုရားသခင်၏မေတ္တာရောင်ခြည်တော်

ထွန်းလင်းတောက်ပသော မိသားစုများဖြစ်ကြပါစေ။*

*စိန့်ဂျော့ကင်း နဲ့ စိန့်အားန္နားတို့ ပွဲနေ့မြတ်မဟာ

ရဟန္တာသူတော်မြတ် နှစ်ပါး ဘွဲနာမ ခံယူသူတိုင်း၊

မိဘများ နဲ့ စာဖတ်နေသူ

နှလုံးသားဝယ် ရင်မှာမြူး၍

ချမ်းမြေ့ကြည်နူး လိုရာဆုများရရှိစေရန်

စိန့်ဂျော့ကင်း နဲ့ စိန့်အားန္နားတို့ရဲ့

 ကြားဝင်ပန်ကြား တောင်းလျှောက်သံကို

 ဘုရားကြား၍ကောင်းကြီးကျေးဇူးသက်ရောက်ပါစေ

ဆန္ဒပြုကာ တောင်းဆုချွေ။*

✍️ Celeste, MSP 

 

 

 

ကဗ်ာမ်ား