Untitled Document
Untitled Document
Untitled Document
ကဗ်ာ
စိန့် မာရီယာ ဂေါ်ရက်တီ ( St. Maria Goretti)

စိန့်မာရီယာဂေါ်ရက်တီ ( St. Maria Goretti)

အလွန်စင်ကြယ်သောနှလုံး၊ တောက်ပသောဝိညာဉ်၊

ဘုရားရှင်၏မေတ္တာကို အရာခပ်သိမ်းထက် ရွေးချယ်ခဲ့သူ။

နာကျင်မှုကြား၌ပင် ယုံကြည်ခြင်းကို မစွန့်ခဲ့၊

ရန်သူကိုပင် ခွင့်လွှတ်ကာ မေတ္တာဖြင့် အောင်မြင်ခဲ့သူ

ယုံကြည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ မျှော်လင့်ခြင်းနှင့် ကျေးဇူးတော်ဖြင့် ခရစ်တော်နှင့်အတူ 

အမြဲလျှောက်လှမ်းခဲ့သူ

သူမ၏အသက်တာကနေ ကျွန်ုပ်တို့ကိုသင်ပေးသည့်အရာမှာ —

ချစ်ခြင်းမေတ္တာကမည်သည့်အခါမျှအချည်းနှီးမဖြစ်။

သန့်ရှင်းသောဘဝ ၊ရိုးရှင်းသောဘဝ

သစ္စာရှိသောဘဝသက်တာဖြင့် အသက်ရှင်ခဲ့သူ။

သူမ၏ရဲစွမ်း သတ္တိနှင့် ယုံကြည်ခြင်းသည် 

ကျွန်ုပ်တို့၏လမ်းကို အမြဲထွန်းလင်းစေပါစေ။

စင်ကြယ်ခြင်းသည် သန့်ရှင်းခြင်း၏လမ်း

ခွင့်လွှတ်ခြင်းသည် မေတ္တာ၏အမြင့်ဆုံး သက်သေပါ။

သူမ၏သတ္တိ၊ ယုံကြည်ခြင်းနှင့် ခွင့်လွှတ်ခြင်းသည်ကျွန်ုပ်တို့၏ဘဝကို အမြဲထွန်းလင်းပါစေ။

 

 Celeste, MSP ✍️

ကဗ်ာမ်ား