Untitled Document
Untitled Document
Untitled Document
ကဗ်ာ
ယုံကြည်ခြင်း၏ သက်သေခံ အသက်တာ

 

    ယုံကြည်ခြင်း၏ သက်သေခံ အသက်တာ

* သံသယသည် ယုံကြည်ခြင်း၏ အဆုံးမဟုတ်ပါ။

စိတ်ရင်းမှန်ဖြင့်သခင်ကိုရှာဖွေစေသောလမ်းဖြစ်ပါက

သံသယက ယုံကြည်ခြင်းသို့ ဦးတည်စေသော

အစ ဖြစ်လာပါတယ်။

* စိန့်သောမာတ်စ်ကဲ့သို့ မေးခွန်းတိုင်းကို သခင်ထံ ပို၍

နီးကပ်စေသောအခွင့်အရေးအဖြစ်လက္ခံကြပါစို့။ 

ထိုအခါကျွန်ုပ်တို့၏နှလုံးသားမှ"အကျွန်ုပ်၏ သခင်၊

အကျွန်ုပ်၏ဘုရား"ဟုယုံကြည်ခြင်းဖြင့်ဝန်ခံနိုင်မှာပါ။

* စစ်မှန်သောယုံကြည်ခြင်းဟာ အရာအားလုံးကို 

မြင်ရမှ ယုံကြည်ခြင်းမဟုတ်၊ဘယ်သောအခါမျှ 

မပျက်ကွက်ဘဲ သခင်ကို အပြည့်အဝ ယုံကြည်ကိုးစားခြင်းဖြစ်တယ်။

* ကြောက်ရွံ့ခြင်းနှင့် သံသယများကြောင့်

သခင်ယေဇူးထံမှ ဝေးကွာမသွားပါစေနှင့်

ရိုးသားသောစိတ်၊ နှိမ့်ချသောစိတ်၊ 

မျှော်လင့်ခြင်းအပြည့်ဖြင့်သခင်ထံသို့ လာကြပါစို့။

* သခင်ခရစ်တော်သည်သင့်နှလုံးသားကိုထိတွေ့တဲ့ခါ

သံသယသည်ယုံကြည်စိတ်ချမှုအဖြစ်ပြောင်းလဲ၍

အားနည်းခြင်းသည်သတ္တိအဖြစ် ပြောင်းလဲလာမယ်

ယုံကြည်ခြင်းသည်အခြားသူများကိုအလင်းပေးသော

သက်သေခံအသက်တာ ဖြစ်လာပါလိမ့်မယ်။

* ထို့ကြောင့် ရှင်ပြန်ထမြောက်တော်မူသောသခင်ကို

စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပါ။

ဘဝအသက်တာတစ်ခုလုံးဖြင့် ချစ်ပါ။

သတင်းကောင်းကို သတ္တိရှိရှိ မျှဝေပါ။

သို့မှသာ အခြားသူများလည်း သခင်ကို

သိကျွမ်း၍ ယုံကြည်လာကြပါလိမ့်မယ်။

 

 Celeste, MSP ✍️

 

ကဗ်ာမ်ား