သံသယမှ ယုံကြည်ခြင်းသို့
* သံသယကို သင်၏နေအိမ် မဖြစ်စေနဲ့၊
ခရစ်တော်ထံ သင့်အားပို့ဆောင်ပေးမည့် လမ်းကြောင်း ဖြစ်စေပါ။
* စိတ်နှလုံး ရိုးသားစွာဖြင့် သခင်ကို ရှာဖွေပါ၊
ထိုအခါကိုယ်တော်သည် သင့်အားမိမိကိုယ်ကို ထင်ရှားပြတော်မူပါလိမ့်မယ်။
* စိန့်သောမာတ်စ်ကဲ့သို့
မျက်စိဖြင့် မြင်မှ ယုံကြည်ခြင်းမဟုတ်ဘဲ
ယုံကြည်ခြင်းကို စိတ်နှလုံးဖြင့် အပ်နှံထားပါ။
"အကျွန်ုပ်၏ သခင်၊ အကျွန်ုပ်၏ ဘုရား!"
ဤစကားသည် ကျွန်ုပ်တို့ အသက်တာ၏
ဆုတောင်းမေတ္တာ ဖြစ်ပါစေ။
Celeste, MSP ✍️