*စိန့်ပီတာကဲ့သို့ မိမိ၏အားနည်းမှုများနဲ့ ကျရှုံးမှုများ ရှိသော်ငြားလည်း ခရစ်တော်အပေါ် သစ္စာရှိကြပါစို့။
*စိန့်ပေါလ်ကဲ့သို့ပင်ဘုရားသခင်၏ကျေးဇူးတော်
သည် ကျွန်ုပ်တို့၏ဘဝကို ပျော်ရွှင်ဖွယ်ကောင်းသော မစ်ရှင်တစ်ခုအဖြစ်သို့ ခွင့်ပြုကြပါစို့။
*ဆက်ကပ်အပ်နှံထားသောဘဝသည် ကျွန်ုပ်တို့၏ ပြီးပြည့်စုံမှုအေပါ်မူတည်ခြင်းမဟုတ် ဘုရားသခင်၏ ကတိတော်သည် ကျွန်ုပ်တို့မှတစ်ဆင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတိရပါ။
*ဆုတောင်းခြင်း၊ အဖွဲ့စည်းအသက်တာနှင့်
မေတ္တာဖြင့်အမှုတော်ဆောင်ခြင်းမှတဆင့်
ဧဝံဂလိသတင်းကောင်း ဟောပြောရာတွင်သတ္တိရှိပါ။
အခြေအနေတိုင်း၌ ဘုရားသခင်၏ခေါ်တော်မူခြင်းအပေါ်သစ္စာရှိပြီး၊အသင်းတော် နှင့်
တစ်လုံးတစ်ဝတည်း ရှိကြပါစို့။
မိမိတို့၏အသက်တာသည်နှိပ့်ချခြင်းနှင့်ကမ္ဘာအတွက် ခရစ်တော်၏မေတ္တာရှင်သန်ခြင်းကိုသက်သေခံသော
မျှော်လင့်ချက်ဖြစ်ပါစေ။
Celeste MSP, ✍️
မှတ်ချက် - သူတော်စင်များအတွက်ရည်ညွန်းလျက်