
ပြောင်းလဲစရာက ခေါင်းခဲစရာ၊
ခေါင်းခဲစရာမို့ မပြောင်းလဲဘဲ မနေရ။
ခေါင်းခဲစရာ ဖြစ်သော်ငြားလည်း ပြောင်းလဲရမှာပါ။
ပြောင်းလဲခြင်းက ဖြောင့်မတ်သောဘဝ ရရှိဖို့ပါ၊
ကျွန်ုပ်တို့အားလုံး အပြစ်သည်တွေပါ။
အပြစ်သည်တိုင်းက ပြောင်းလဲရမှာပါ။
ပြောင်းလဲခြင်းက အပြစ် အညစ်ကြေးဘဝမှ
ဖြူစင်သောဘဝ ဆီသို့ ပြောင်းလဲခြင်းပါ။
ပြောင်းလဲဖို့က ခေါင်းခဲဖို့ မဟုတ်၊
ဘုရားကျေးဇူးတော် ရရှိစေဖို့ပါ။
St. Augustine မိန့်ကြားစကား
ကိုယ်တော်၌သာ နားခိုခြင်း ရှိပါက
ကျွန်ုပ်တို့ဘဝ ငြိမ်းသက် စေတယ်။
စစ်မှန်သော ငြိမ်သက်ခြင်းက၊
ဘုရားနဲ့တွေ့မှ ငြိမ်သက်/ ပျော်ရွှင်မယ်။
ဘုရားမေတ္တာရရှိဖို့ နိမ့်ချ၊ ယုံကြည်စိတ်ဖြင့်
ရှာဖွေ၊ အစေခံရမှာပါ။
မကောင်းမှုတွေ အမြစ်တွယ်ခြင်းက
မာနတရားကြောင့်ပါ။
နိမ့်ချသူသာ ဘုရားနဲ့တွေ့၍
နိမ့်ချသူသာလျင် ချီးမြှောက်ခံရမယ်။
✍️ Celeste, MSP