Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-19 00:43:14

စိန်ဂျူဗလီရှင် Sr. Clare Angeles, FMM ၏ကိုယ်ရေးအကျဉ်း

Sr.Clare Angeles သည် စိန့်ဖရန်စစ်သာသနာအုပ်စုမှ အဖU Peter Angeles နှင့် Daw Mary Constance တို့၏သားသမီး (၇) ဦးအနက် အထွေးဆုံးသမီးရတနာ ဖြစ်ပါသည်။ သူမသည် အတန်းပညာကို Francisan Missionarics of Mary အသင်းဂိုဏ်းဖွင့်ထားသော အထက်တန်းကျောင်းတွင် ပညာသင်ယူဆည်းပူးခဲ့သည်။ ဆက်လက်၍ အလယ်တန်းနှင့် အထက်တန်း ပညာကိုအောင်မြင်သည့်အထိ( Good Shepherd Sisters များဖွင့်သောSt. Phlominea အထက်တန်းကျောင်းတွင်ပညာဆည်းပူးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင်ယခုပြင်ဦးလွင်ခေါ်မေမြို့ ဖရန်စစ္စကင်းသီလရှင်သင်တန်းကျောင်းသို့ဝင်ရောက်ပြီးအသင်းဂိုဏ်း အကြောင်း၊သီလရှင်တွေအကြောင်းသင်ကြားခဲ့ရပါသည်။ သင်တန်းကျောင်းသို့ဝင်ရောက်ပြီးဘုရားရှင်ထံအပ်နှံကာသင်တန်းကျောင်းတွင် တရားစကျင့်ပြုခဲ့သည်။၁၉၆၅ ခုနှစ်တွင် ပထမကတိသစ္စာကိုခံယူကာ မိမိဘဝကို ဘုရားရှင်၏သာသနာ‌တော် အတွက် အပ်နှံခဲ့သည်။ပထမ သစ္စာကို ခံယူပြီးပြီးချင်း ချင်းပြည်နယ်မြောက်ပိုင်းတွန်းဇံမြို့ ငယ်လေးသို့ သာသနာပြုရန်အတွက်‌စေလွတ်ခြင်း ခံခဲ့သည်။ ထိုမြို့လေး၌မူလတန်းကျောင်းတွင် က‌လးသူငယ်များနှင့်စကားမ‌ပေါက်သော်လည်း ကလေးများစာသင်ပေးကာပျော်ရွှင်စွာသာသနာပြုခဲ့သည်။၁၉၇၀-၁၉၇၃ ခုနှစ်အထိ ဗန်းမော်မြို့ရှိ အာဝေမာရီယားကျောင်းတွင် အကြီးအကဲများမှတာဝန်ပေးသဖြင့် သွားရောက်အမှုတော်ထမ်း ဆောင်ခဲ့သည်။ စစ္စတာရ်သည် မြန်မာပြည်တဝှမ်းမာရီယား၏ သာသနာပြုသီလရှင်ဂိုဏ်းရှိရာအသိုင်းအဝိုင်းများ၌ ကျရာတာဝန်အသီးသီးတို့ကိုဆောင်ရွက်ရင်းမိမိ၏ အသက်တာကိုအပ်နှံကာသာသနာပြု‌နေ ပါသည်။"သူမသည်ဝင်လိုသူများ၏ တာဝန်ခံနှင့်အသိုင်းအဝိုင်း၏ အကြီးအကဲတာဝန်ခံ၊မြန်မာနိုင်ငံ FMM-အသင်းဂိုဏ်း၏ Jounalist အဖြစ်၊CRCM Social Communication Center ကြေးစည်စာစောင်ရုံးတာဝန်ခံအဖြစ်(၄)နှစ်တာဆောင်ရွက်ပြီး English speaking သင်တန်းများကို များကိုလည်းပေးခဲ့သည်။အထူးသဖြင့်လူမျိုးမရွေးဘာသာ မရွေး၊ ဆင်းရဲချမ်းသာမခွဲခြားပဲအားလုံးကိုဖော်ရွေစွာဆက်ကပ်ပေးလျှက်ရှိသည်။နှစ်(၆၀) အတွင်း ကိုယ်ကျန်းမာစိတ်ချမ်းသာစွာ အမှုတော်ကိုထမ်းဆောင်ရင်း ၁၅.၆.၂၀၂၃ နေ့တွင်ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကိုတာမွေ၊စိန့်ဖရန်စစ်စီစီဘုရားကျောင်း၌အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။Sr.Clare နှင့် FMM အသင်းဂိုဏ်းအတွက် အထူးဂုဏ်ယူပါသည်။Big Congratulations dear Sr. Clare

  ဒက်ဇူးမယ်(ISR)

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။