Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-04 08:08:41

မြန်မာနိုင်ငံ ကက်သလစ်သူတော်စင်များအဖွဲ့ချုပ် (၈၅) ကြိမ်မြောက်အစည်းအဝေး
 85th General Convention of Catholic Religious Conference of Myanmar

မြန်မာနိုင်ငံကက်သလစ်သူတော်စင်များအဖွဲ့ချုပ်(Catholic Religious Conference of Myanmar(CRCM)) ၏ (၈၅) ကြိမ်မြောက်အစည်းအဝေးကို၂၀၂၃ခုနှစ် ဇွန်လ (၂) ရက်မှ (၄) ရက်နေ့အထိပြုလုပ်ကျင်းပရာအသင်းဂိုဏ်းအသီးသီးမှအကြီးအကဲနှင့်ကိုယ်စားလှယ်(၄၅ )ပါး တတ်ရောက်ခဲ့ကြပါသည်။ထိုအစည်းအဝေး(၃)ရက်တာအခမ်းအနားအတွက်Rev. Fr. Jerome Vungh Za Langh (OFM) မှFacilitatorအဖြစ်ဦးဆောင်မှုပြုပေးခဲ့ပါသည်။အဖွင့်မစ္ဆားတရားတော်မြတ်ကိုရန်ကုန်ဂိုဏ်းချုပ်ဆရာတော်နိုဝယ်စောနောအေးမှဦးဆောင်ဦးရွက်ပြုကာရဟန်းတော်များခြံရံလျှက်တင်လှူပူဇော်ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြပါသည်။၎င်းနောက်စီဘီစီအမ်ပညာရေးကော်မရှင်ဆရာတော်ကြီးနှင့်အဖွဲ့ဝင်များမှအတွေ့အကြုံဗဟုသုတဝေမျှခြင်း၊ယူနီဆက်ဝန်ထမ်းများမှ ဗဟုသုတများဝေမျှပေးခြင်း၊ဒုတိယရက်တွင်CRCM နာယက ဆရာတော်ကြီးဂျက်စတင်းစောမင်းသိုက်မှမစ္ဆားတရားတော်မြတ်ကိုဦးဆောင်ကာပူဇော်ဆုတောင်းပေးပြီးအသင်းဂိုဏ်းအသီးသီးမှသာသနာပြုလုပ်ငန်းလှုပ်ရှားမှုအတွေ့အကြုံကိုတင်ပြပေးခြင်း၊ဆွေးနွေးတိုင်ပင်အကြံပေးကြပါသည်။နောက်ဆုံးရက်တွင် MIRS, Secretary, Financial နှင့် KYESE Report များတင်ပြခဲ့ကြပြီးနောက်လာမည့်General Conventionအတွက် ‘Theme’ ကို အတူတကွပြန်လည်ရွေးချယ်ကာ အစည်းအဝေးကို အဆုံးသပ်ခဲ့ကြပါသည်။ ဒက်ဇူးမယ်(ISR)

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။