Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-03 00:41:03

#ရဟန်းမင်းကြီးဖရန်စစ်ကဆင်းရဲသား၊ဒုက္ခသည်များအပေါ်သာသနာအနေဖြင့်ချစ်ခြင်းမေတ္တာပြသရမည်ဟုဘူဒါပတ်မြို့ စိန့်အဲလစ်ဇဘက်ဘုရားကျောင်း၌မိန့်ကြား
#Pope says the Church needs to be charitable while meeting the poor and refugees in Budapest's St. Elizabeth Church

ကျွန်ုပ်တို့အနေဖြင့်မေတ္တာတရားနှင့်ဆိုင်သောဘာသာစကားကိုကျွမ်းကျင်ထိရောက်စွာပြောဆိုနိုင်သောသာသနာတစ်ခုကိုလိုအပ်သည်။ဆိုလိုသည်မှာမေတ္တာတရားလုပ်ငန်းများကိုလုပ်ဆောင်ပေးနိုင်သောသာသနာကိုလိုအပ်နေသည်။မေတ္တာတရားနှင့်ဆိုင်သောစကားသည်တစ်ကမ္ဘာလုံးကလည်းနားလည်သည်။ကြားနိုင်သည်။ဤဘာသာစကားသည်သက်၀င်ယုံကြည်မှုတူသည်ဖြစ်စေ၊မတူသည်ဖြစ်စေနားလည်နိုင်ကြောင်းကိုဟန်ဂေရီနိုင်ငံ၏မြို့တော်ဘူဒါပတ်မြို့ရှိစိန့်အဲလစ်ဇဘက်၏အမည်နာမကိုခံယူထားသောဘုရားကျောင်းကြီး၌ယနေ့(ဧပြီ၂၉)စနေနေ့၌မိန့်ကြားခဲ့သည်။သူသည်အာဖရိက၊အရှေ့အလယ်ပိုင်း၊ပါကိစ္စတန်နှင့်အာဖကန္နီစတန်နိုင်ငံတို့မှထွက်ပြေးလာပြီးခိုလှုံနသေောနွမ်းပါးချို့တဲ့သူနှင့်ဒုက္ခသည်(၆၀၀)နီးပါးတို့အားမိန့်ကြားခဲ့သည်။ရဟန်းမင်းကြီးသည်နိုင်ငံအတွင်း၌လွန်စွာလူသိများပြီးသဒ္ဓါကြည်ညိုပွားမှုရှိသောနိုင်ငံ၏ရဟန္တာလည်းဖြစ်သောစိန့်အဲလစ်ဇဘက်နှင့်စပ်လျင်း၍ဥပမာပေးမိန့်ကြားခဲ့သည်။သူသည်မေတ္တာတရားနှင့်ဆိုင်သောဘာသာစကားကိုပြောဆိုခဲ့သည်။စိန့်အဲလစ်ဇဘက်ကိုလည်း စိန့်ဖရန်စစ်၏အသက်တာကအလင်းရစေခဲ့သည်။သူသည်ယေဇူးသခင်ထံမှလည်းရူပါရုံရခဲ့သည်။လောကစွဲလန်းတပ်မက်ခြင်းများအားလုံးကိုလည်းငြင်းဆန်နိုင်ခဲ့သည်။ဆင်းရဲနွမ်းပါးချို့တဲ့သောသူ၊၎င်းတို့အနက်အနာကြီးရောဂါစွဲကပ်ခံစားနေရသူများအားသူကိုယ်တိုင်မရွံမရှာပြုစုစောင့်ရှောက်ခဲ့သည်။စိန့်အဲလစ်ဇဘက်သည်မေတ္တာတရား၏ပြယုဂ်ဖြစ်သည်။ဆင်းရဲသားတို့နှင့်တွေ့ဆုံခြင်းသည်တစ်ဦးစီ၏ယုံကြည်ခြင်းအသက်တာကိုပိုမိုပြည့်၀စုံလင်စေသည်။မေတ္တာတရားလုပ်ငန်းဟုဆိုရာ၌ရုပ်၀တ္ထုပစ္စည်းများကူညီခြင်းကိုသာဆိုလိုသည်မဟုတ်။ဘက်စုံလွှမ်းခြုံသောအကူအညီများကိုဆိုလိုသည်။လူသားများအားမိမိတို့ခြေပေါ်၌ပြန်လည်ရပ်တည်လုပ်ကိုင်စားသောက်နိုင်အောင်ကူညီတည်ဆောက်ပေးခြင်း၊၎င်းတို့၌ရှိနေသောကောင်း ချီးများနှင့်ဂုဏ်သိက္ခာကိုသိရှိမြင်တွေ့လာအောင်ကူညီခြင်းတို့ဖြစ်သည်။အစားအစာများဖြင့်ဗိုက်ပြည့်ရုံမျှကူညီကျွေးမွေးရုံဖြင့်မလုံလောက်။လူတို့၏နှလုံးသားကိုလည်းပြည့်အောင်ဖြည့်ဆည်းရမည်။ရဟန်းမင်းကြီးဖရန်စစ်သည်ဟန်ဂေရီနိုင်ငံသားတို့၏ ကြီးမားလှသောမေတ္တာတရားလုပ်ငန်းများအတွက်ကျေးဇူးတင်ကြောင်း၊သာသနာပြုကွန်ရက်ကိုတည်ဆောက်၍သာသနာပြုများ၊ပရဟိတ္တလုပ်သားများ၊သာသနာအုပ်စု၊ဂိုဏ်းချုပ်၊ဂိုဏ်းအုပ်သာသနာများ၏ကရုဏာရေးရုံးများနှင့်ချိပ်ဆက်လုပ်ကိုင်နေကြကြောင်း၊ရုပ်ပိုင်းဆိုင်ရာအကူအညီများသာမကဘဲဆုတောင်းခြင်းအဖွဲ့များကိုလည်းဖွဲ့စည်း၍လည်းကောင်း၊ကက်သလစ်မဟုတ်သောခရစ်ယာန်အဖွဲ့အစည်းများနှင့်လည်းအဖွဲ့များဖွဲ့၍စုပေါင်းကူညီနိုင်သည့်အကူအညီအများကိုကူညီပေးလျှက်ရှိသည်။ထို့အတူရဟန်းမင်းကြီးဖရန်စစ်သည်ဥရောပအလယ်ပိုင်းဒေသမှနိုင်ငံများ၏ကြီးမာသောရက်ရောမှု၊ဒုက္ခသည်များအားအထူးသဖြင့်ယူကရိန်းနိုင်ငံမှစစ်ရှောင်များအားလှိုက်လှဲနွေးထွေးစွာကြိုဆိုလက္ခံပေးခြင်းအတွက်လည်းကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ရဟန်းမင်းကြီးဖရန်စစ်သည်ရဟန်းမင်းကြီးအဖြစ်အမှုတော်စတင်ထမ်းဆောင်လာခဲ့သည်နောက်ယခုတစ်ကြိမ်ဟန်ဂေရီနိုင်ငံသို့တမန်တော်ခရီးကြွရောက်ခြင်းသည်သူ၏(၄၁)ကြိမ်မြောက်ပြည်ပခရီးစဉ်အဖြစ်မှတ်တမ်း၀င်ခဲ့ပါသည်ရဟန်းမင်းကြီးဖရန်စစ်သည်ဟန်ဂေရီနိုင်ငံ၌(၃)ရက်တာသီတင်းသုံးမည်ဖြစ်သည်။ရဟန်းမင်းကြီးအားကလေးသူငယ်များမှပျော်ရွှင်စွာဖြင့်ကြိုဆိုခဲ့ကြသကဲ့သို့ဒု၀န်ကြီးချုပ်တို့မှနွေးထွေးစွာကြိုဆိုခဲ့ကြသည်။ဟန်ဂေရီနိုင်ငံ၏ရိုးရာအခမ်းအနားဖြင့်လည်းကြိုဆိုခဲ့ကြသည်။(ShalomWorld SWnews)

ဘာသာပြန် -ဖာသာရ် ကလေးမင်းအိန်ဂျယ်

credit photo 

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။