Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-27 08:34:25

Holy Father plans to visit his homeland Argentina in 2024
ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၄၌ဇာတိမြေအာဂျင်တီးနားသို့ကြွရောက်ရန်စီစဉ်နေ

ရဟန်းမင်းကြီးဖရန်စစ်ကသူ၏ဇာတိမြေအာဂျင်တီးနားသို့မကြာမီကြွရောက်ရန် စီစဉ်နေကြောင်းဖြင့်မိန့်ကြားခဲ့သည်။ရဟန်းမင်းကြီးဖရန်စစ်သည်ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သော (၂၀၁၃)မှစ၍ယနေ့ထိတိုင်မိခင်နိုင်ငံသို့ကြွရောက်လည်ပတ်ခြင်းမပြုခဲ့သေးပေ။မိခင်နိုင်ငံသို့ လာမည့်နှစ် (၂၀၂၄တွင်ကြွရောက်ရန်စီစဉ်နေသည့်အကြောင်းကိုအာဂျင်တီးနားနိုင်ငံ၏သတင်းစာတစ်စောင်ဖြစ်သော 'LaNacion' ဖြေကြားခဲ့သည်။ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်ဇာတိမြေသို့အစဉ်ပြန်ကြွသွားလိုသောဆန္ဒရှိသည်။သို့သော် အာဂျင်တီးနား၏နိုင်ငံရေးနှင့်ဆက်စပ်မှုမရှိပေ။ ဇာတိမြေသို့ကြွရောက်ရန် သူ၏အစီအစဉ်မှာ (၂၀၁၇)ကတည်းကစီစဉ်ထားပြီးဖြစ်သည်။အကြောင်းအမျိုးမျိုးကြောင့် ယနေ့ထိရွေ့ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်၏အာဂျင်တီးနားသို့ကြွရောက်ခြင်းသည် (၂၀၂၃၊ အောက်တိုဘာလ)အထွေထွေရွေးကောက်ပွဲကျင်းပပြီးသောအလွန်ကာလဖြစ်ပါသည်။ သက်တော်စေ့၍အနားယူတော့မည့်Buenos Aires ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ် MarioPoli ၏အရိုက်အရာကိုဆက်ခံရန်အတွက်ရွေးချယ်နေသည်မှာ အတော်အတန်ပြီးစီးနေပြီဖြစ်ကြောင်း၊အဆိုပါအရိုက်အရာကိုဆက်ခံရန် အလေးထားထည့်သွင်းစဉ်းစားရမည့် သူ(၃)  ပါးရှိကြောင်း၊ အဘယ်သူဖြစ်မည်ကိုမထုတ်ဖော်ရ။ (၃) ပါးအနက်တစ်ပါးတည်းသာရွေးချယ်ခံရမည်ဖြစ်ကြောင်း၊ဗာတီကန်ရုံးတော်၏အလုပ်အမှုဆောင်များအဖွဲ့၊ကာဒီနယ်များအဖွဲ့တို့၏ သဘောထားကိုလည်းထည့်စဉ်းစားရမည်ဖြစ်ကြောင်း၊တစ်ဦးတည်းဆုံးဖြတ်ရမည့် ဆုံးဖြတ်ချက်မဟုတ်ကြောင်း သတင်းဌာနအားမိန့်ကြားခဲ့သည်။စိန့်ဂျွန်ပေါလ် နှင့်စပ် လျင်း၍လည်းကိုးကားကာစိန့်ဂျွန်ပေါလ် (၂)သည် ပျံလွန်ပြီးနောက်ရဟန္တာ   ဖြစ်လာခဲ့သကဲ့သို့သက်ရှိထင်ရှားရှိနေစဉ်၌ပင် သူ ရဟန္တာဖြစ်နေခဲ့သည်။ရဟန်းမင်းကြီးဂျွန်ပေါလ်(၂) ၏ရိုးသားဖြောင့်မတ်ခြင်းသည်မေးခွန်းထုတ်ရန်ပင်မလိုအပ်ပေ။ 1983 အသက်(၁၅) နှစ်၌ဆုံးပါးသွားခဲ့သော EmmanuelaOrlandi နှင့်စပ်လျင်းသောတောင်းဆိုချက်အသစ်မှာလည်း ယခုတိုင်တုန့်ပြန်ဖြေကြားခြင်းလည်းမရှိသေးခြင်းနှင့်စပ်လျင်း၍အချို့ကရဟန်းမင်းကြီးဂျွန်ပေါလ်(၂) သာသနာအားဦးစီးနေချိန်ဖြစ်သွား၍တာ၀န် လစ်ဟင်းမှုအဖြစ် တွေးထင်ကြသည်။ရဟန်းမင်းကြီးဖရန်စစ်သည် ယခင်နှစ်(၂၀၂၂၊ ဒီဇင်ဘာ ၃၀ ရက်နေ့၌ပျံလွန်သွားခဲ့သော ရဟန်းမင်းကြီးဘေးနေဒစ််၁၆ နှင့်စပ်လျင်း၍မေးမြန်းရာတွင်သွားလေသူရဟန်းမင်းကြီးထံမှကောင်းသောအကြံပြုချက်များကိုရရှိခဲ့ကြောင်း၊သူ၏ဘ၀နေ၀င်ချိန်နီးလာသောကျန်းမာရေးချို့တဲ့ချိန်ရောက်မှမကြာခဏတွေ့ဆုံဖြစ်ကြောင်းလည်းဖြေကြားခဲ့သည်။Shalom World SWnews)
ဘာသာပြန်- ဖာသာရ်ကလေးမင်းအိန်ဂျန်

Credit Photo

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။