Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-16 04:56:43

ရဟန်းမင်းကြီးဖရန်စစ် မွန်ဂိုးလီးယားနိုင်ငံသို့ကြွရောက်မည်ဟုမိန့်ကြားPope Francis says he will travel to Mongolia

ရဟန်းမင်းကြီးဖရန်စစ်သည်ပြီးခဲ့သည့်သောကြာနေ့က မွန်းဂိုးလီးယားနိုင်ငံသို့ကြွရောက်ရန်ပြင်ဆင်နေကြောင်းမိန့်ကြားခဲ့သည်။မွန်ဂိုးလီးယားနိုင်ငံသည် လူသိအလွန်နည်းသောဘုရင်အုပ်ချုပ်သည့်နိုင်ငံတစ်ခုဖြစ်သည်။ဤခရီးစဉ်ကိုရှေ့လများထဲ၌သွားရန်ရှိသည့်ဟန်ဂေရီနှင့်ပြင်သစ်ခရီးစဉ်အပြီးကြွရောက်မည်ဖြစ်သည်။ဘုရားအလိုတော်ရှိပါကလာမည့်နှစ်ပတ်အတွင်းရဟန်းမင်းကြီးဖရန်စစ်သည်သူ၏(၄၁)ကြိမ်မြောက်အီတလီနိုင်ငံပြင်ပခရီးစဉ်ကိုဟန်ဂေရီနိုင်ငံသို့ကြွရောက်မည်ဖြစ်သည်။ထို့နောက် ပြင်သစ်နိုင်ငံMarseilleသို့လည်းကောင်း၊မွန်ဂိုးလီးယားသို့လည်းကောင်းကြွရောက်မည်ဖြစ်ကြောင်းအီတလီကြောင်းလိုင်း(ITA)အားဧပြီလ(၁၄)ရက်နေ့ကပြောကြားခဲ့သည်။မွန်ဂိုးလီးယားနိုင်ငံသို့ကြွရောက်သောတမန်တော်ခရီးစဉ်သည်ရဟန်းမင်း ကြီးများအနက်ပထမဦးဆုံးကြွရောက်သောရဟန်းမင်းကြီးဖြစ်လာပေမည်။မွန်ဂိုးလီးယားနိုင်ငံ၏နယ်နိမိတ်အကျယ်အ၀န်းမှာ(၂၈၈၀)မိုင်သာရှိသည်။တရုတ်နှင့်လည်းနယ်စပ်ခြင်းထိစပ်နေပြီးတရုတ်နှင့်အဓိကစီးပွားရေးကူးသန်းဖက် ဖြစ်သည်။ နိုင်ငံ၏ လူဦးရေ(၃)သန်းရှိသည့်အနက်ကက်သလစ်ဘာသာတူဦးရေမှာ(၁၃၀၀)သာရှိသည်။ဒုတိယအကြော့သာသနာပြုခြင်းကိုပြန်လည်စတင်ခဲ့သည်မှာ(၁၉၂၂)၌ဖြစ်ပြီး အဓိကသာသနာပြုနေသော သာသနာပြုအဖွဲ့မှာ ‘the Immaculate Heart of Mary’ (မယ်တော်၏အလွန်စင်ကြယ်သောနှလုံးတော်) သာသနာပြုအဖွဲ့ဖြစ်သည်။ ယခင်ကသာသနာပြုခဲ့ရမှကွန်မြူနစ်စနစ်ကျင့်သုံးသောအုပ်ချုပ်သူများကြောင့်ဘာသာရေးဖိနှိပ်မှုများရှိခဲ့ရာမှရပ်နားခဲ့ရပြီး(၁၉၂၂)မှပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ် သည်။မွန်းဂိုလီးယားနိုင်ငံ၏ပထမဦးဆုံးဒေသခံရဟန်းတော်ကို(၂၀၁၆)တွင်သိက္ခာထပ်ပေးနိုင်ခဲ့သည်။ယခင်နှစ်ကရဟန်းမင်းကြီးဖရန်စစ်သည် ဒုတိယအကြိမ်သာသနာပြုခြင်းကိုစတင်ပြီး နှစ်ပေါင်း (၂၀) အကြာ အီတလီနိုင်ငံသားသာသနာပြုဘုန်းတော်ကြီးGiorgio Marengo အားမွန်ဂိုးလီးယားနိုင်ငံ၏ကာဒီနယ်အဖြစ်ရွေးချယ်တင်မြောက်ခဲ့သည်။အဆိုပါကာဒီနယ်သည်သက်တော်(၄၈) နှစ်သာရှိသေးသည်။ရုရှားနှင့်လည်းနယ်စပ်ခြင်းထိစပ်နေသည်။နိုင်ငံသည်ကမ္ဘာအကြီးဆုံးလူနေမှုနည်းပါးသောနိုင်ငံတစ်ခုဖြစ်သည်။Gobi သဲကန္တာရသည်နိုင်ငံ၏သုံးပုံတစ်ပုံကိုနေရာယူထားသည်။ရဟနျးမငျးကွီးသညျ မှနျဂိုးလီးယားနိုငျငံသို့ကွှရောကျနိုငျခွရှေိသညျ့အကွောငျးပွီးခဲ့သောဖဖေောျဝါရီလတောငျဆူဒနျမှအပွနျလယောဉျပေါျ၌ပွုလု်သောသတငျးစာရှငျးလငျးပှဲတှငျပထမဆုံးအကွိမျမိနျ့ကွားခဲ့သည်။(၂၀၂၃) ခုနှစ်၌ ရဟန်းမင်းကြီးဖရန်စစ်တမန်တော်ခရီးကြွရောက်နိုင်ခြေရှိသည့်နိုင်ငံများရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ယခုနှစ် (၂၀၂၃) တွင်တမန်တော်ခရီးအဖြစ် မည်သည့်နိုင်ငံများသို့ ကြွရောက်နိုင်ခြေရှိပါသနည်း။ဟန်ဂေရီနိုင်ငံ၏မြို့တော်Budapest သို့ယခုလ (ဧပြီ ၂၈-၃၀)ကြွရောက်မည်ဖြစ်ပြီးသုံးနှစ်တာအတွင်းဥရောပနိုင်ငံတစ်ခုသို့ဒုတိယအကြိမ်ကြွရောက်ခြင်းဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်သည်(ဩဂုတ်လ ၁-၆)အထိပေါ်တူဂီနိုင်ငံ၌ကျင်းပမည့်ကမ္ဘာလူငယ်များနေ့သို့လည်းကြွရောက်ရန်မျှော်လင့်ထားသည်။ပွငျသစျနိုငျငံတောငျပိုငျး၊Marseille သာသနာကယခုအပတျထဲ၌အသိပေးကွညောလိုကျသညျမှာ(စကျတငျ ဘာ၂၃)ရ်နေ့၌ရဟနျးမငျးကွီးဖရနျစစျသညျ မစ်ဆားတရားဦးဆောငျပူဇောျမညျဖွစျကွောငျး၊ ရဟနျးမငျး ကွီးသညျမွထေဲပငျလယျဒသေမှကကျသလစျဆရာတောျကွီးမြား၏အစညျးအ‌ဝေးသို့တကျရောကျနစေဉျယခုကဲ့သို့အခှငျ့ကောငျးယူခွငျးဖွစျသညျ။ ရဟနျးမငျးကွီးဖရနျစစျမိနျ့ကွားခဲ့သောမှတျခကြျအရမှနျဂိုးလီးယားသို့ပွငျသစျတောငျပိုငျးမှတိုကျရိုကျကွှရောကျမညျဟုမြှောျလငျ့ရပါသညျ။ရဟနျးမငျးကွီးဖရနျစစျသညျ အိန်ဒိယနိုငျငံသို့လညျးကွှရောကျရနျမြှောျလငျ့ထားကွောငျး၊အဘယျကွောငျ့ဆို သောျ အိန်ဒိယနိုငျငံ၏ဝနျကွီးခြုပျ Narendra Modiကသူ့အားဖိတျကွားထားကွောငျးပွောကွားခဲ့သညျ။

 Credit News and Photo CNA

ဘာသာပြန် - ဖာသာရ်ကလေးမင်းအိန်ဂျယ်

 

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။