Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-04-06 21:45:13

Good Friday, 2023 - သန့်ရှင်းသော သောကြာနေ့ကြီး

Good Friday, 2023-သန့်ရှင်းသောသောကြာနေ့ကြီး၌မစ္ဆားပူဇော်ပါသလား။
         အမိကက်သလစ်သာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်း၌ မစ္ဆားပူဇော်ခြင်းမရှိသည့်တစ်ရက်တည်းသောနေ့မှာသန့်ရှင်းသော သောကြာနေ့ကြီးပင်ဖြစ်ပါသည်။သန့်ရှင်းသောကြာသပတေးနေ့ကြီးညမစ္ဆားပူဇော်အပြီး၌ မစ္ဆားပလ္လင်များမှစ၍မစ္ဆားပစ္စည်းများအားလုံးကိုသိမ်းဆည်းထားလိုက်ပြသည်။ကိုယ်တော်မြတ်ကိုခေတ္တစံမြန်းစေသောပလ္လင်မှလွှဲ၍ဖယောင်းတိုင်ထွန်းညှိခြင်းမှသည်သာမန်အချိန်၌ပြုလုပ်သောမည်သည့်အမူမျှမပြုရပေ။မည်သည့်အဆောင်အယောင်မျှမထားရှိရ။အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်ဖမ်ဆီးခံရခြင်းနှင့်သက်တော်စွန့်ခြင်းကြောင့်၀မ်းနည်းသည်ပူဆွေးခြင်းကိုပြသောနေ့ဖြစ်သည်။သန့်ရှင်းသောသောကြာနေ့ကြီးမွန်းလွှဲ(၃)နာရီ၌ ယေဇူးသခင်၏ဒုက္ခခံခြင်းနှင့်သက်တော်စွန့်သည့်၀တ်ပြုခြင်းကိုကျင်းပလေ့ရှိသည်။ဤ၀တ်ပြုခြင်း၌ပရောဖက်ဉာဏ်ဖြင့်ယေဇူးသခင်၏ဒုက္ခခံထမ်းခြင်းကိုကြိုတင်ဟောထားသောကျမ်းစာကိုဖတ်ရူသည်။မစ္ဆားတရားပူဇော်ခြင်းမရှိသော်လည်းယမန်နေ့ကကြိုတင်ဖန်ဆင်းထားသောကိုကိုယ်တော်မြတ်ဖြင့်အဆိုပါ၀တ်ပြုခြင်းသို့ကြွရောက်သောဘာသာတူများကိုမူကိုယ်တော်မြတ်ပင့်ပေးပါသည်။ကိုယ်တော်မြတ်ပင့်ယူအပြီး၌ ဘာသာတူများသည် ခရူးစူးအား အရိုအသေပေးခြင်းအခမ်းအနားကိုဆက်လက်ပြု လုပ်နိုင်သည်။သန့်ရှင်းသောသောကြာနေ့ကြီးသည် အသားရှောင်ခြင်း၊၀ါရှောင်ခြင်းကိုမဖြစ်မနေပြုရသောနေ့ဖြစ်သည်။ထိုနေ့၌မည်သည့်အရာကိုပြုကြမည်နည်း။မည်သည့်အရာကိုကျွန်ုပ်တို့ပြုနိုင်သနည်း။ထိုနေ့၌မိသားစုများသည်ခါတိုင်းအချိန်ကဲ့သို့မဟုတ်ဘဲမလိုအပ်ဘဲအသံများဆူဆူညံညံပြုလုပ်ခြင်း၊စကားများပြောဆိုခြင်း၊သီချင်း၊တီဗွီများဖွင့်ခြင်း၊မိသားစုပျော်ပွဲရွှင်ပွဲပြုခြင်းများကိုရှောင်၍တိတ်ဆိတ်နိုင်သမျှတိတ်ဆိတ်စွာဖြတ်သန်းသင့်သည်။ထို့အတူဘုရား၀တ်ပြုခြင်းအစီအစဉ်များ၌ပါ၀င်နိုင်ရန်အားထုတ်သင့်သည်။စိတ်ပုတီးများစိပ်ခြင်း၊ကိုယ်တော်မြတ်သွားရောက်ဖူးခြင်း၊ကျမ်းစာကိုမိသားစုများနှင့်အတူတကွဖတ်ရူခြင်းများပြုလုပ်နိုင်သည်။သန့်ရှင်းသောသောကြာနေ့ကြီးသည် ဆင်ခြင်ထောက်ရှု၍သံ‌ဝေဂ ဝေယူရသောနေ့၊တစ်နှစ်ပတ်လုံးအနက်ထူးခြားသောနေ့တစ်နေ့ဖြစ်ရမည်ဖြစ်သည်။၀ါတွင်း တစ်လျှောက်၌အာပတ်ဖြေခြင်းကိုမပြုရသေးပါကဤသန့်ရှင်းသော သောကြာနေ့ကြီးသည်သင်နှင့်သင့်မိသားစု၀င်များအတွက်အာပတ်ဖြေခြင်းကိုပြုရန်အကောင်းဆုံးအချိန်ဖြစ်သည်။
မွန်းလွှဲ(၃းဝဝ)နာရီတွင် ဆိုအပ်သောမေတ္တာ
ယေဇူးသခင်သည်အသက်စွန့်တော်မူသည် အသက်စွန့်တော်မူသောစမ်းအိုင်သည် လူသားနှင့်ဝိညာဉ်များအတွက်ယိုစီးထွက်တော်မူ၍ကရုဏာတံခါးတော်သည် တစ်ကမ္ဘာလုံးအတွက်ဖွင့်တော်မူ၏။အိုအသက်၏စမ်းအိုင်တော်၊တိုင်းတာ၍မမှီနိုင်သော ကရုဏာရှင်၊တစ်ကမ္ဘာလုံးကိုကိုယ်တော်၏ကရုဏာတော်ဖြင့်လွှမ်းခြုံထားတော်မူ၍ကျွန်ုပ်တို့အပေါ်သို့အကုန်အစင်သွန်းလောင်းချပေးတော်မူပါ။အသက်၏ စမ်းအိုင်အဖြစ်ယေဇူး၏နှလုံးတော်မှယိုစီးထွက်တော်မူသော အိုသွေးတော်နှင့်ရေတော်၊ကျွန်ုပ်တို့သည်ကိုယ်တော်ကိုအားကိုးပါ၏။(အာမင်)

(ရဟန္တာမဖောစတီးနား - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။)

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။