Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-24 00:45:37

မိသားစုများအတွက်မှတ်သားစရာရဟန်းမင်းကြီးဖရန်စစ်၏အဆိုအမိန့် (၁၀) ချက်

         ရဟန်းမင်းကြီးဖရန်စစ်မှကမ္ဘာပေါ်ရှိမိသားစုများအတွက်နာယူမှတ်သားသင့်လှသောအဆိုအမိန့်(၁၀)ချက်ကိုမြွတ်ကြားထားပါသည်။ဤအဆိုအမိန့်များကိုရဟန်းမင်းကြီးဖရန်စစ်သည်(၂၀၁၅၊ စက်တင်ဘာလ၊၂၆-၂၇)ရက်တိုင်အမေရိကန်နိုင်ငံ၊ဖီလာဒဲဖီးယားမြို့၌ကျင်းပခဲ့သောကမ္ဘာကက်သလစ် မိသားစုများညီလာခံကြီးတွင်မြွတ်ကြားခဲ့ခြင်းဖြစ်သည်။အားလုံးအတွက်လည်းအလွန်အရေးကြီးလှသောကောက်နုတ်ချက်အဆိုအမိန့်ဖြစ်သည်။သေချာစွာဖတ်ရှုပါ။ထောက်ရှုပါ။ပျော်ရွှင်မှု ကိုလည်းခံစားရပါစေ။ထိုအဆိုအမိန့်(၁၀)ချက်များမှာ(၁)မိသားစုသည်လူမူအသိုင်းအဝိုင်း၏အခြေခံအုတ်မြစ်ဖြစ်သည်။မိသားစုအဖြစ်နေထိုင်ရခြင်းသည်အလွန်ဂုဏ်ရှိလှသည်။အဘယ်ကြောင့်ဆိုသော်လူမှုအသိုင်းအဝိုင်းသည်အကောင်းဖက်သို့လည်းကောင်း၊အလှတရားဖက်သို့လည်းကောင်း၊ ပိုမိုတောင့်တင်းခိုင်မာလာသောကြောင့်ဖြစ်သည်။မိသားစုအပေါ်ခိုင်မာစွာတည်ဆောက်ထားသည်ဆိုပါကဧကန်ကြီးထွားဖွံ့ဖြိုးလာပေမည်။၂)မိသားစုသည်ဘုရားသခင်၏လက်ရာတော်များအနက် အလွန်သပ်ရပ်ပြီး၊လက်ရာမြောက်သောလက်ရာတော်ဖြစ်သည်။ကမ္ဘာကြီးကိုမဖန်ဆင်းမီဘုရားသခင်သည်ချစ်ခဲ့သည်။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ချစ်ခြင်းဖြစ်သည်။ဘုရားသခင်၏အဖြစ်တော်၌ချစ်ခြင်းသည်အလွန်များပြားလှသည်။ ထိုချစ်ခြင်းသည်ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်ပုဂိုလ်သုံးပါးတစ်ဆူဘုရား၏အတွင်းတွင်ရှိနေသည်။ချစ်ခြင်းမေတ္တာသည်အလွန်ကြီးမြတ်သည်။အလွန်လျှံထွက်လျှက်ရှိသည်။ဘုရားသခင်၏အတွင်း၌ရှိနေသောချစ်ခြင်းသည်အလွန်ကြီးမားသော ကြောင့် ထိုချစ်ခြင်းကို တစ်ပါးတည်းတစ်ကိုယ်ကောင်းဆန်စွာသိမ်းထားရန်မည်သို့မျှမဖြစ်။ ထိုချစ်ခြင်းမှရုန်းထွက်၍ပြင်ပရှိအရာများကိုကိုယ်ရှင်ကိုယ်ချစ်သကဲ့သို့ချစ်ရပေတော့သည်။ချစ်ခြင်းကိုအခြေခံ၍ဘုရားသခင်ဖန်ဆင်းသောအလွန်လှပသည့်အရာသည်သမ္မာကျမ်းစာတော်အရမိသားစုပင်ဖြစ်သည်။ဘုရားသခင်သည်လူယောင်္ကျားနှင့်လူမိန်းမတို့ကိုဖန်ဆင်းခဲ့သည်။ဖန်ဆင်းထားသောအရာများအားလုံးကိုဘုရားသခင်သည်လူတို့ကိုအာဏာကိုလွှဲအပ်ပေးခဲ့သည်။ကမ္ဘာကြီးကိုလည်းပေးခဲ့သည်။ကြီးထွားကြလော့၊ပွားများကြလော့၊မြေပေါ်၌စိုက်ပျိုးကြ၊သီးပွင့်စေကြ၊ကြီးထွားစေကြ၊ဘုရားသခင်သည်သူဖန်ဆင်းသောအရာများ အားလုံးကိုမိသားစု တစ်စုကိုပေးအပ်ခဲ့သည်။ ဘုရားသခင်၌ရှိသောချစ်ခြင်းအားလုံး၊ ဘုရားသခင်၌ရှိသောအလှအပအားလုံး၊ဘုရားသခင်ပိုင်ဆိုင်ထားသောအမှန်တရားအားလုံးမိသားစုကိုပေးခဲ့သည်။မိသားစုသည်ဤချစ်ခြင်းအားလုံးကိုအမှန်တကယ်ခံယူနိုင်မှသာလျင်စစ်မှန်သောမိသားစုဖြစ်သည်။၃)ဘုရားသခင်သည် သူ၏တစ်ပါးတည်းသောသားတော်ကိုဘုရားသခင်ပေးသောချစ်ခြင်းမေတ္တာကို လက်ခံရန် အသင့်ရှိသော စိတ်နှလုံးသားရှိသည့်ဤလောကမှမိသားစုတစ်စုဆီသို့စေလွှတ်ခဲ့သည်။ဘုရားသခင်ဖန်ဆင်းသောအမျိုးသားနှင့်အမျိုးသမီးတို့သည် အမှားကျူးလွန် လိုက်ကြသောအခါဘုရားသခင်နှင့်ဝေးကွာသွားကြ၏။သို့သော်ဘုရားသခင်သည်သူတို့ကိုပစ်ပယ်မထားခဲ့ပေ။ဘုရားသခင်သည်ချစ်ခြင်းမေတ္တာပြည့်နက်လျှံထွက်နေသောကြောင့်လူတို့နှင့်အတူပြန်လည်ကြေအေးရန်ကိုယ်တိုင်ကြိုးစားခဲ့သည်။ဘုရားသခင်ချိန်းချက်သောအချိန်မရောက်မီတိုင်အောင်လူတို့နှင့်အတူရင်းနှီးစွာနေထိုင်ခဲ့သည်။ဘုရားသခင်၏အကြီးမားဆုံးချစ်ခြင်းမေတ္တာဖြစ်သောသူ၏သားတော်ကိုပေးခြင်းဖြင့်သူ၏ချစ်ခြင်းကိုလူတို့အားပေးခဲ့သည်။ဘုရားသခင်သည်သူ၏သားတော်ကိုအဘယ်သို့စေလွှတ်ခဲ့သနည်း။နန်းတော်တစ်ဆောင်ဆီသို့လော။စီးပွားရေးလုပ်ရန် ခမ်းနားလှသောမြို့ကြီးတစ်မြို့သို့လော။ဘုရားသခင်သည်သားတော်ကိုမိသားစုတစ်စုဆီသို့ပို့ဆောင်ခဲ့သည်။ဤမိသားစုဆီသို့ဘုရားသခင်သူ၏သားတော်ကိုယုံကြည်စွာစေလွှတ်ဝံ့ခဲ့သည်။အဘယ်ကြောင့်ဆိုသော်ဤမိသားစုသည်သူ၏ချစ်ခြင်းမေတ္တာကိုခံယူရန်နှလုံးသားအသင့်ရှိနေသောမိသားစုဖြစ်သည်။ချစ်ခြင်းကိုလက်ခံကြိုဆိုရန်နှလုံးသားတံခါးကျယ်ပြောစွာဖွင့်ထားသည်။၄)ဘုရားသခင်သည်မိသားစုအားမိသားစုအချင်းချင်းတစ်ဦးကိုတစ်ဦးချစ်သော၊ဘုရားသခင်၏ကိုယ်ပွားများအဖြစ်ပညာများသင်ကြားပေးရန်အလိုရှိသည်။ဘုရားသခင်သည်နှလုံးသားတံခါးကို အစဉ်ခေါက်နေသည်။ ဤသို့ပြုလုပ်ရသည်ကိုလည်းဘုရားသခင်နှစ်သက်တော်မူသည်။ ဤသို့ပြုလုပ်ရခြင်းမှာသူ၏နှလုံးသားထဲမှလာသည်။ဘုရားသခင်မည်သည့်အရာကိုအကြိုက်နှစ်သက်ဆုံးဆိုသည်ကိုသင်သိပါသလော။မိသားစု၏တံခါးကိုခေါက်ရပြီး၊စည်းလုံးညီညွှတ်နေသောမိသားစုကိုဖွေရှာရ၊မိသားစု၀င်အချင်းချင်းချစ်ကြသော မိသားစုကိုဖွေရှာရ၊မိသားစုအနေဖြင့်မိမိတို့ရင်သွေးများကို ပြုစုပျိုးထောင်ပေး၊ပညာပေး၊ဤကဲ့သို့ရှေ့ဆက်လျှောက်ရန်ကူညီပေးသောမိသားစုကိုဖွေရှာရ၊ကောင်းမွန်သောလူမူအဖွဲ့အစည်းကိုဖန်တီးပေးသောမိသားစု၊အမှန်တရား၊အလှတရားကို ဖန်တီးပေးသောမိသားစုကိုဖွေးရသည်ကိုအလွန်နှစ်သက်သည်။၅)မိသားစုအတွင်းအခက်အခဲရှိပေမည်။၎င်းတို့ကိုချစ်ခြင်းဖြင့်အောင်မြင်ကျော်လွှားရမည်။မိသားစုအတွင်း၌အခက်အခဲများတွေ့ကြုံလာရပေမည်။မိသားစုအတွင်း၌ငြင်းကြ၊ခုန်ကြသည်များရှိမည်။တစ်ခါတစ်ရံပန်းကန်များပျံသွား(ပစ်ပေါက်၊လွင့်စင်၊ထုခွဲ)သည်များလည်း ရှိပေမည်။မိသားစုအတွင်း၌သားသမီးများသည်မိဘတို့ကိုခေါင်းကိုက်ဆေးဖော်ပေးတတ်သည်။ယောက္ခမပေးသောဒုက္ခများကိုမူကျွန်ုပ်ထုတ်မပြောတော့ပေ။ မိသားစုအတွင်း၌ကားတိုင်သည်အစဉ်(အစဉ်)ရှိနေမည်သာ။ ခမည်းတော်အားချစ်ခြင်း၊ခမည်းတော်၏သား တော်အားချစ်ခြင်းသည်လည်းကားတိုင်လမ်းကိုဖောက်နေသည်။မိသားစုတွင်လည်းရှောင်းကွင်း၍မလွှတ်နိုင်ပေ။သို့သော်ကားတိုင်ကိုထမ်းပြီးနောက်ရှင်ပြန်ထမြောက်ခြင်းကိုကြုံရမည်။ဤလမ်းကိုလည်းဘုရားသခင်၏သားတော်သည် ဖောက်လျှောက်ခဲ့သည်။ထို့ကြောင့်မိသားစုသည်မျှော်လင့်ခြင်းကိုထုတ်လုပ်ပေးသောစက်ရုံဟုကျွန်ုပ်တင်စား လိုပါသည်။ထိုမျှော်လင့်ချက်သည်အသက်၏မျှော်လင့်ချက်နှင့်ရှင်ပြန်ထမြောက်ခြင်းကိုထုတ်လုပ်ပေးသည်။ဘုရားသခင်သည်ဤလမ်းကိုဖောက်သောသူပင်ဖြစ် သည်။မိသားစုအတွင်း၌ဒုက္ခများကြုံရမည်။ဤဒုက္ခများကိုချစ်ခြင်းဖြင့်အောင်မြင်ကျော်လွှားရမည်။အမုန်းတရားဖြင့်မည်သည့်ဒုက္ခကိုမကျော်လွှားနိုင်။စိတ်၀မ်းကွဲနေသောစိတ်သည်မည်သည့်ဒုက္ခကိုမျှ မကျော်လွှားနိုင်။ချစ်ခြင်းသည်ဆင်နွဲရန်ဖြစ်သည်။ ချစ်ခြင်းသည်ပျော်ရွှင်ခြင်းဖြစ်သည်။ ချစ်ခြင်းသည်ရှေ့ဆက်လှမ်းရန်ဖြစ်သည်။၆) သားသမီးများနှင့်အဖိုးအဖွားများကိုဂရုစိုက်ပေးပါကျွန်ုပ်တို့သည်ခလေးများနှင့်အဖိုးအဖွားများကိုပို၍ဂရုစိုက်ပေးရမည်။ကလေးများနှင့်လူငယ်များသည်အနာဂါတ်များဖြစ်သည်။ သူတို့သည်အင်အားများဖြစ်သည်။ကျွန်ုပ်တို့ကိုရှေ့ဆက်တိုးရန်တွဲခေါ်ပေးမည့်သူများဖြစ်သည်။၎င်းတို့သည်ကျွန်ုပ်တို့မျှော်လင့်ချက်ထာရမည့်သူများဖြစ်သည်။ အဖိုးအဖွားများသည်မိသားစု၏အမှတ်ရစရာများ (မြတ်ကျောက်) ဖြစ်သည်။ သူတို့သည်ကျွန်ုပ်တို့အားယုံကြည်ခြင်းမျိုးစေ့ကိုပေးခဲ့ကြသူ၊လက်ဆင့်ကမ်းပေးခဲ့ကြသူများဖြစ်သည်။၇)သန့်ရှင်းခြင်းနှင့်ချစ်ခြင်းသည် နေ့စဉ်အသက်တာ၏လှုပ်ရှားပြုမှုများတွင်ဖော်ပြနေသည်။ပျော်ရွှင်ခြင်းကဲ့သို့ပင်၊သန့်ရှင်းခြင်းသည်လည်းသေးဖွဲသောအမှုကိစ္စများတွင်ကပ်ညှိလိုက်ပါနေသည်။ဤ သေးဖွဲသောအမှုများသည်ကျွန်ုပ်တို့၏အိမ်၊ မိသားစုမှသင်ယူသည်။ သေးဖွဲသောအမှုများသည်အမေ၊အဖွား၊အဖေ၊အဖိုး၊သားသမီးများ၊ညီအစ်ကိုမောင်နှမများတိတ်တဆိတ်ပြုလုပ်သောအမှုများဖြစ်သည်။သေးဖွဲသောအမှုများသည်သိမ်မွေ့ခြင်း၊ယုယခြင်း၊စာနာခြင်းတို့၏အသေးစားသင်္ကေတဖြစ်သည်။ ညစာကိုပူပူနွေးနွေး စားလိုသောဆန္ဒကဲ့သို့ လည်းကောင်း၊မနက်အလုပ်မသွားမီအိပ်ယာထသည်နှင့်မနက်စာအဆင်သင့်ပြင်ဆင်ထားသကဲ့သို့လည်းကောင်းခိုင်းနှိုင်းရပေမည်။ နွေးထွေးသောမိသားစုအပြုအမူဖြစ်သည်။အိပ်ယာမ၀င်မီဆုတောင်းခြင်းဖြင့်ဘုရားသခင်၏ကောင်းကြီးကိုခံယူသကဲ့သို့လည်းကောင်း၊သို့မဟုတ်တစ်နေ့တာလုံးအလုပ်ပင်ပင်ပန်းပန်းဖြင့်ပြန်လာရာမှအလွန်နွေးထွေးသောပွေ့ဖက်မှုကိုခံရလိုက်သကဲ့သို့ဖြစ်သည်။ ၈)မိသားစု၊အိမ်သည်ယုံကြည်ခြင်းကိုသင်ကြားပြီး၊ကြီးထွားစေသည်။ယုံကြည်ခြင်းသည်ချစ်ခြင်း၌ရှင်သန်၍ပုံဖော်မှကြီးထွားလာသည်။ထို့ကြောင့်ကျွန်ုပ်တို့၏အိမ်များ၊မိသားစုများသည်ကျွန်ုပ်တို့၏မိသားစုနှင့်ဆိုင်သောဘုရားကျောင်းများ ဖြစ်သည်။ ၎င်းတို့သည်ကျွန်ုပ်တို့၏ယုံကြည်ခြင်းအမှန်တကယ်ရှင်သန်လာစေသောနေရာမှန်ဖြစ် သကဲ့သို့၊ ယုံကြည်ခြင်း၌အသက်တာကြီးထွားဖွံ့ဖြိုးလာစေသောနေရာဖြစ်သည်။၉)သေးငယ်၍ချစ်စရာကောင်းသောအပြုအမူများသည် လောကြီးထဲ၌ယေဇူးသခင်၏တည်ရှိနေခြင်းကိုဖော်ပြသည်ဖြစ်သောကြောင့်ပြုလုပ်ရန် ယေဇူးသခင်ကအားပေးတိုက်တွန်းသည်။ဤသေးငယ်အံ့ဖွယ်ရာများကိုမပြုဘဲမနေရန်ယေဇူးသခင်သည်မိန့်မှာသည်။ ထိုအရာများကိုပြုလုပ်ရန်၊ဖြန့်ကျက်ရန်အားပေးသည်။ ယေဇူးသခင်သည်ကျွန်ုပ်တို့၏နေ့စဉ်ဘ၀ကိုဖြတ်သန်းလျှောက်လှမ်းရန်တောင်းဆိုနေသည်။ ဤသေးမွှားသောအမူများသည်သူ၏ရှင်သန်နေခြင်း၊ ကမ္ဘာကြီး၌တက်ကြွစွာသူရှိနေခြင်းကိုပြသောသင်္ကေတဖြစ်သည်။ယခုပင်ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့မေးမြန်းကြပါစို့။ ကျွန်ုပ်တို့အိမ်၊ အသင်းအဖွဲ့များ၌ အထက်ကဆိုခဲ့သောလမ်းစဉ်များကို အဘယ်သို့ကျင့်ကြံအားထုတ်ကြသနည်း။အဘယ်ကဲ့သို့သောကမ္ဘာမျိုးကိုကျွန်ုပ်တို့၏ ရင်သွေးများကိုချန်ထားရစ်ခဲ့လိုသနည်း။၁၀)မိဘများသည်ပါရမီအရာ၌စံပြဖြစ်ရန်အရေးကြီးသည်။ကျွန်ုပ်တို့၏သားသမီးများသည်ကျွန်ုပ်တို့ကို၎င်းတို့၏စံထားထိုက်သူ၊ စုစည်းခြင်းကိုအားပေးအားမြောက်ပြုတတ်သူများအဖြစ် မိဘများကိုမြင်ကြပါစေ။စိတ်၀မ်းကွဲအောင်ဖန်သောမိဘများအဖြစ်မမြင်ပါစေနှင့်။ သားသမီးများ သည်မိဘများအားခမည်းတော်ဘုရားကြဲသောမျိုးစေ့များအားလုံးကိုကောင်းသောမျိုးစေ့များအဖြစ်ပွင့်သီးလာအောင်လက်တွဲလုပ်ဆောင်တတ်သောအမျိုးသားများ၊ အမျိုးသမီးမျာဖြစ်သာမြင်ကြပါစေ။ သင်တို့ကိုယ်တိုင်ဖြေဆိုရန်အတွက်မေးခွန်းတစ်ခုချန်ထားခဲ့မည်။ထိုမေးခွန်းကစိတ်တိုခြင်းအကြောင်း ကိုပြောခဲ့သကဲ့သို့အိမ်၌ အော်ငေါက်လေ့ရှိသလော။ သို့မဟုတ် စကားပြောရာတွင်ညင်သာသိမ်မွေ့စွာ ပြောပါသလော။ ဤစိတ်ထားသည်ကျွန်ုပ်တို့၏ချစ်ခြင်းကိုတိုင်းတာရန်အကောင်းဆုံး နည်းလမ်းဖြစ် သည်။ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ယေဇူးသခင်၏စကားတော်ဖြင့်ပြန်လည်ဆန်းသစ်သစ္စာတည်ကြည်သောမိသားစုကိုပွင့်လင်းစွာဖိတ်ခေါ်နေပါသည်။အမျိုးသားနှင့်အမျိုးသမီးတို့ပြုသောပဋိညာဉ်တော်(လက်ထပ်ထိမ်းမြှာခြင်း)၌ပါ၀င်ဝေမျှလိုသူများကိုခေါ်ဖိတ်လျက်ရှိပါသည်။ ဤပဋိညာဉ်သည်အသက်ကိုမွေးဖွားပေးပြီး၊ ဘုရားသခင်ကိုဖော်ပြသည်။ ယေဇူးသခင်သည်ကျွန်ုပ်တို့အားငြိမ်းချမ်းခြင်း၊ သိမ်မွေ့နူးညံ့ခြင်း၊မိသားစု၏ချစ်ခြင်းများ၌ပါ၀င်နိုင်ရန်ကူညီပါစေ။ ကျွန်ုပ်တို့၏သားသမီးများ၊အဖိုးအဖွားများကိုပြုစုပျိုးထောင်သောအမူများ၌နူးညံ့သိမ်မွေး၍စိတ်ရှည်၊ချစ်ခင်စွာဖြင့်ပျိုးထောင်တတ်ရန်ကူညီပါစေ ….
ဘာသာပြန် - ဖာသာရ် ကလေးမင်းအိန်ဂျယ်
credit photo

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။