Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-12 07:39:15

13.2.2024 - Tuesday of week 6 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၁၃ ရက် သာမန်ကာလ ဆဌမပတ် - အင်္ဂါနေ့
Mark 8:14-21 -ရှင် မာကု ၈:၁၄-၂၁
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ယာကုပ် ၁:၁၂-၁၈။ မာကု ၈:၁၄-၂၁တဆေးအနည်းငယ်နဲ့ မုန့်ညက်တွေကိုပွယောင်းစေနိုင်ကြောင်း လုကာ ၁၃:၂၁ နဲ့ ဂလာတိ ၅:၉ တို့မှာ အကောင်းဖက်ကနေဆိုထားပါတယ်။ ဒီနေ့ကျမ်းစာမှာတော့ ဖာရီဇေးဦးတွေရဲ့ တဆေးက လူတွေကိုလွှမ်းမိုးပြီး လမ်းမှားရောက်စေနိုင်ကြောင်း သခင်ဘုရားက သတိပေးတော်မူပါတယ် (မာကု ၈:၁၅)။အသေးအမွှားဆိုပြီး အလေးမထားလို့ မရပါဘူး။ မကောင်းတဲ့ အလိုဆန္ဒရဲ့နှောင့်ယှက်ခြင်းကြောင့် ဝိညာဉ်သေဆုံးနိုင်ပါတယ် (ယာကုပ် ၁:၁၄-၁၅)။ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုတာလိုပေါ့။ အရေပြားပေါ်က အဖြူကွက်လေးကို သတိမထားမိဘဲ နှစ်တွေကြာလာတော့ နူနာဖြစ်သွားပါတယ်။ အခြားတစ်ဖက်မှာလည်း‘The longest journey begins with a step’.‘တစ်နေ့တစ်လံပုဂံဘယ်ပြေးမလဲ’ ၊ ‘Have a bit, have a bit and it becomes habit’. ‘မိုးစက်မိုးပေါက်လေးတွေစုပေါင်းပြီး မြစ်ချောင်းတွေကို ရေပြည့်စေ’စတဲ့ ဆိုရိုးစကားတွေရှိပါတယ်။တစ်နေ့နည်းနည်း၊တစ်နေ့နည်းနည်းနဲ့ နှစ်တွေကြာပြီး စုမိသွားတဲ့အခါအရက်သမားကြီးလည်းဖြစ်လာနိုင်သလို ပညာရှင်ကြီးလည်းဖြစ်လာနိုင်ပါတယ်။ဘာတွေကိုတစ်နေ့နည်းနည်းလုပ်မလဲဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပါပဲ။

 

Daily Reflection
2024-05-14 07:22:35

15.5.2024 - 7th Week of Easter, Wednesday
St. Isidore the Farmer
မေလ ၁၅ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် ‌ဗုဒ္ဓဟူးနေ့၊
ရှင်ယောဟန် ၁၇း ၁၁ - ၁၉ - John 17:11-19
Reflection by Bro. John Therersan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR