Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-04 20:36:08

6.2.2024 - Monday of week 5 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၆ ရက်- သာမန်ကာလ ပဉ္စမပတ် - အင်္ဂါနေ့
Mark 7:1-13 - မာကု ၇:၁-၁၃
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

တ-ဓမ္မ ၈:၂၂-၂၃၊၂၇-၃၀။ မာကု ၇:၁-၁၃ဗိုလ်ချုပ်အောင်ဆန်းက သူနာပြုဆရာမဒေါ်ခင်ကြည်ကိုမေတ္တာရှိကြောင်း၊မေတ္တာတုန့်ပြန်စေလိုကြောင်း အရင်မပြောဘဲလက်ထပ်ခွင့်အရင်တောင်းခဲ့တယ်လို့ ဖတ်ဖူးပါတယ်။သူကလူရိုးပါ။ ဒီလူတွေကို ရွှေချပေးနေရတာဘယ်တော့များမှ အရောင်တောက်လာမယ်မသိဘူး’လို့ဆရာတော်ကြီးတစ်ပါးက ညည်းဖူးပါတယ်။ ဒီလူတွေက လူအတွေပါ။တချို့က ဘုရားထက် အစားကိုပိုဦးစားပေးပြီးဘုရားစဉ်နဲ့ မီးဖိုချောင်နေရာအထားမှားနေကြပါတယ်။ သူတို့ကလူလည်တွေပါ။ ဘုန်းကြီးတစ်ပါးက‘ကျွန်ုပ်ရသမျှဘုရားသခင်ကိုလှူတယ်၊ ဘုရားကမယူမှ သူသုံးတယ်’ လို့ဆိုပါတယ်။ ဘယ်လိုလှူသလဲမေးကြည့်တော့‘ဘုရားသခင်ရှိရာ မိုးကောင်းကင်ပေါ်ကိုအားလုံးပစ်တင်လိုက်တယ်၊သူမယူလို့ ပြန်ကျလာမှကျွန်ုပ်သုံးတယ်’တဲ့။သူကတော့လူလိမ်ပါ။အီစွပ်ပုံပြင်မှာတော့‘ငါသောက်မယ့်ရေကို နောက်အောင်လုပ်တာ မင်းမဟုတ်ရင်မင်းအဖေပဲဖြစ်ရမယ်’လို့သိုးငယ်ကို စွပ်စွဲတဲ့ဝံပုလွေအကြောင်းတွေ့ရပါတယ်။အဲ့လိုလူမျိုးကလူမိုက်ပါ။ပြစ်ဒဏ်စီရင်ချက်ချပြီးမှသက်သေအထောက်အထားကို မတရားတဲ့နည်းလမ်းနဲ့ရှာတဲ့တရားသူကြီး တချို့လည်းတွေ့ဖူးကြမှာပါ။သူတို့ကတော့ လူယုတ်ပေါ့။ ဒီနေ့ ရှင်မာကုဧဝံဂေလိကျမ်းမှာ အဲ့ဒီလိုလူအမျိုးမျိုး၊စိတ်အထွေထွေကိုတွေ့ရပါတယ်။‘အိုဘုရားသခင်၊အကျွန်ုပ်၏အတွင်းစိတ်၌ ဖြူစင်သောနှလုံးသားကို ဖန်ဆင်းတော်မူပါ’(ဆာလံ ၅၁:၁၀)။

Daily Reflection
2024-05-14 07:22:35

15.5.2024 - 7th Week of Easter, Wednesday
St. Isidore the Farmer
မေလ ၁၅ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် ‌ဗုဒ္ဓဟူးနေ့၊
ရှင်ယောဟန် ၁၇း ၁၁ - ၁၉ - John 17:11-19
Reflection by Bro. John Therersan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR