90th General Convention of Catholic Religious Conference of Myanmar from 2-4 January 2026
90th General Convention of Catholic Conference of Myanmar 2nd - 4th January 2026
2 January 2025 Friday, CRCM ၌အထွေထွေညီလာခံပထမနေ့ကို နံနက် ၇: ၀၀ မှာ Morning Prayer နှင့် ၇:၁၅ မိနစ်တွင် Holy Mass
ဖြင့်စတင်ဖွင့်လှစ်ခဲ့ကြပြီး၊ နံနက် ၉: ၀၀မှအစပြု၍ THEME: " CRCM's synodal call: "Artisans of Christ's peace and Reconcilငation" THEME
အောက်မှာမြန်မာနိုင်ငံသူတော်စင်အသင်းဂိုဏ်းအသီးသီးမှ မိမိတို့အသင်းဂိုဏ်း၏ လှုပ်ရှားမှု( ACTIVITIES) များကို တင်ပြဝေဌဖလှယ်ပေးခဲ့ကြပြီး ကိုယ်တော်မြတ်ဖူးမျှော်ခြင်းအခမ်းအနားနှင့် ဘုရားကောင်းချီးတော်အားဖြင့် အထွေထွေညီလာခံ ပထမနေ့ကိုစတင်ကျင်းပနိုင်ခဲ့ပါတယ်။
၃ ဇန်နဝါရီ ၂၀၂၆၊ စနေနေ့ ၏
အထွေထွေ ဓမ္မညီလာခံ ဒုတိယနေ့ကို နံနက် ၇:၀၀နာရီ မှာ ဆုတောင်းမေတ္တာကို Sr. Magdalen Sanda Win, RGS မှ ဦးဆောင်ပေးပြီး၊ ၇:၃၀ တွင်
Msgr. Andrea Ferrante ၊ CRCM ဥက္ကဌ Fr. Bosco Zeya Aung, SDB နှင့် သူတော်စင်ရဟန်းတော်များသည်မစ္ဆားတရားတော်မြတ်၌ပါဝင်ပူဇော်ကျင်းပပေးခဲ့ကြပါသည်။ ထို့နောက် နံနက်စာ စားသုံးကြပါသည်။
၉:၀၀ နာရီတွင် Msgr. Andera Ferrante မှ သူတော်စင်များဖြစ်ကြသော ရဟန်း၊ ကိုရင်၊သီလရှင်အား ဆက်ကပ်အပ်နှံခြင်း၊ ငြိမ်းချမ်းခြင်း၊ ပြုပြင် ပုံသွင်းခြင်း၊ ထားရှိရမည့်စိတ်နေသဘောထားများအကြောင်းကို အားပေးလှုံ့ဆော်ပေးပြီး၊ ဆက်ကပ်ခြင်းဘဝသက်တာကို ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ နေထိုင်ကျင့်ကြံအားထုတ်သွားကြရန် အမှာစကားမြွက်ကြားပေးခဲ့ပါတယ်။
ထို့နောက် Sr. Leh Leh Khaing, SJA မှ the Great Pilgrimage of Hope ခေါင်းစဥ်ဖြင့် ဝေမျှပေးခဲ့ပြီးနောက်၊Tea break ကို အတူတကွ စားသုံးကြပြီး၊ ဆက်လက်၍ Fr. Stephen Chit Thein မှ Pontifical Mission Societies ( PMS) အကြောင်းဝေမျှပေးခဲ့ပြီး၊ CRCM Treasure : Sr. Magdalen Sanda Win, RGS မှ ငွေကြေးနဲ့ပတ်သက်သောအကြောင်းအရာကိုအဆိုတင်သွင်းခဲ့ပါတယ်။၁၁:၃၀ တွင် Fr. Jerome, OFM မှ Myanmar Association of Spiritual Directors, MASD နဲ့ ပတ်သက်သောအကြောင်းအရာများကို အဆိုတင်သွင်းခဲ့ပြီး၊ နေ့လည် ၁၂:၀၀ နာရီမှာ နေ့လည်စာကို သုံးဆောင်ခဲ့ကြပါတယ်။၁:၃၀ မှာ Formation Team : Sr. Lucy Thida, MSP မှ အဆိုတင်သွင်းခဲ့ပြီးနောက်၊ Missionary Companions အဖွဲ့ဝင် Sr Grace, IJ နှင့် Sr. Ester, FMA တို့မှအဆိုတင်းသွင်းပေးခဲ့ပါတယ်။ ထို့နောက် Myanmar Institute of Religious Studies, MIRS: Sr. Jeya Mary, MSSM နှင့် Sr. Maria Ni Ni, MSP တို့မှ အသီးသီး အဆိုတင်သွင်းခဲ့ကြပါသည်။ Evangelization Office ( The Way Channel) မှလည်း အဆိုတင်သွင်းပြီးနောက်၊ CRCM Secretary: Sr. Rita, MSP မှ အဆိုတင်သွင်းခဲ့ကာ ဘုရားသခင်ကောင်းကြီးတော်များအားဖြင့် ဓမ္မညီလာခံ၏ တစ်နေ့တာကို ကောင်းမွန်စွာ ကျင်းပနိုင်ခဲ့ပါသည်။
၄ ဇန်နဝါရီလ၂၀၂၆၊ တနင်္ဂနွေနေ့ တတိယနေ့၏ အထွေထွေဓမ္မညီလာခံကို နံနက် ၇:၀၀ နာရီတွင် Sr. Rose Lima, MSP မှ နံနက် ဆုတောင်းမေတ္တာ ကို ဦးဆောင်ပေးကာ သူတော်စင်မျာူ အတူတကွ ရွတ်ဆိုကြပြီးနောက် နံနက်စာကို သုံးဆောင်ခဲ့ကြပါသည်။ ၈: ၃၀ တွင် Fr. Amal, S.J မှ The Digital Exmine: "Take My Mind and Memory, Lord." ခေါင်းစဥ်ဖြင့်ဝေမျှပို့ချပေးခဲ့ပြီး၊ Sr. Jossy Mary, MSSM မှ လည်း Safe guarding အကြောင်းအရာများကို ဝေမျှပေးခဲ့ပါသည်။ ၉:၀၀ နာရီ အချိန်တွင် CRCM Treasure နဲ့ Household in charge တို့အား Hand-over လွှဲပြောင်းပေးခြင်း အစီအစဥ်ပြုလုပ်ပေးခဲ့သော အစီအစဥ်တွင် Sr. Rosy Sor Moe, SFM နှင့် Sr. Maria Eulalia FSAG တို့မှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ကြပါတယ်။
Sr. Grace, I.J နှင့် Sr. Elizabeth တို့ လည်း အဆိုတင်သွင်းခဲ့ကြပြီး၊ ရှေလုပ်ငန်းစဥ်များကိုလည်း တွေးနွေးပြီး အထွေထွေညီလာခံကို ဘုရားကျေးဇူးတော်နှင့် သူတော်စင်တစ်ပါးစီ၏ပါဝင်မှုဖြင့် ကျင်းပြပီးစီခဲ့ပါသည်။
Sr. Maria Ni Ni, MSP
KYESE Communication and Website in Charge, CRCM