" 89th General of Catholic Religious Conference of Myanmar" 19th - 20th June 2025
မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် သူတော်စင်အသင်းဂိုဏ်းများ အကြီးအကဲတို့၏ (၈၉) ကြိမ်မြောက် ညီလာခံအစည်းအဝေး။
၁၉ - ၂၁ ဇွန်လ ၂၀၂၅။
" 89th General of Catholic Religious Conference of Myanmar " ကို 19th - 21st June 2025 တွင်ပြုလုပ် ကျင်းပခဲ့ပြီး၊ ၎င်းအစည်းအဝေးကြီး၏ Theme : "Learning God's Ways to Journey together as Pilgrims of Hope " ဖြစ်၍ Resource person: Sr. Elizabeth Kan Hwai, RNDM နှင့် Facilitator: Sr. Louis Marie, SPS ဖြစ်ပါတယ်။
19th June 2025:
ညီလာခံအစည်းအဝေးကြီး ၏ ပထမနေ့
7:00 am Morning prayer ကို Sr. Susan Ma San, SFX မှ ဦးဆောင်၍၊ 7: 30 am မစ္ဆားတရားတော်မြတ်ကို CRCM ၏ နာယကဆရာတော် အသစ်ဖြစ်သော ဆရာတော် Stanisalus Min Ko မှ ညီလာခံအစည်းအဝေးကြီး၏ အဖွင့်မစ္ဆားတရားတော်မြတ်ကို ဦးဆောင်ကျင်းပပေးခဲ့ပြီး၊ ထို့ပြင် CRCM ဥက္ကဌ Rev. Fr. Bosco Zeya Aung ၊ EC Team Member များဖြစ်ကြသောRev. Fr. Girish S.J ၊ Rev. Fr. Jerome, OFM တို့နှင့်အတူ Religious ရဟန်းတော်များ ပါဝင်ပူဇော်ပေးခဲ့ကြပါတယ်။ ထို့နောက် နံနက်စားကို သုံးဆောင်ခဲ့ကြပါတယ်။
9: 00 am တွင် ညီလာခံ အစည်းအဝေးစတင်၍
Sr. Louis Marie, SPS မှ တာဝန်ယူ ဖွင့်လစ် ဆောင်ရွက်ခဲ့ကာ၊ Rev. Fr. Bosco Zeya Aung, SDB မှ အဖွင့် နုတ်ခွန်းဆက် စကားကို ပြောကြားပေးခဲ့ပါတယ်။
9: 10 am တွင်
သူတော်စင်များ၏ သဘာပတိ နာယက ဆရာတော် Stanislaus မင်းကို ၏ မိန့်ခွန်းမှာ ငြိမ်းချမ်းရေးကို ဖော်ကျူးပေးသော သီလသည်များ ဖြစ်မှသာ ဘုရားသားသမီးဖြစ်လာကြမည်။
စစ်မှန်သောတရားမျှတမှု ပျက်သုန်းလာသောအခါ
ရန်လိုမှု၊ စစ်မက်ဖြစ်ပွားမှု၊ ကမ္ဘာအဝှမ်းခေတ်စားလာ၊
စစ်မဖြစ်ပါက ခေတ်မမီသလို ဖြစ်လာနေ၍
မိသားစုတွေအကြား နာကျင်မှုတွေများပြားလာ
စစ်မီး၊ တောမီး၊ ရေဘေး၊ ငလျင်ဘေး
သဘာဝတရား တုန့်ပြန်ခြင်းတွေ၊ ကပ်ရောဂါတွေကြောင့်လည်း ရင်စီးခံနေကြရတယ်။
ဒီနှစ်ဟာ. မျှော်လင့်ခြင်း၏ ကောင်းကင်ခရီးသည်များဟု ပုပ်ရဟန်းမင်းကြီး ပါးပါဖရန်စစ်သတ်မှတ်ပေးထားသကဲ့သို့၊ ကျွန်ုပ်တို့တွေလည်း ငြိမ်းချမ်းရေးကို မျှော်လင့်ခြင့်ဖြင့် ခရီးပြုနေကြသော ဧည့်သည်အာဂန္တု တွေပါ၊
ကမ္ဘာဦးမှာ ဘုရား ဖန်ဆင်းထားသောအရာများကိုဘုရားသခင်က လူအား စီမံခန့်ခွဲရန် ခန့်အပ်ခြင်းသာ၊ အတ္တသဘောဖြင့် အပိုင်ယူရန်မဟုတ်။
လူသားက ဘုရားအလိုတော်ဆန့်ကျင်သောအခါ အနိဋာရုံ ခါးသည်းမှုတွေ ကြုံတွေ့နေကြရတယ်။ မျှော်လင့်ခြင်းသည် ငါတို့အား စိတ်ပျက်စေမည်မဟုတ်ဟု စိန့်ပေါလ်ကပြောပါတယ်။
ပုပ်ဖရန်စစ်၏ စာချွန်တော်မှာ
အဖြစ်အပျက်တွေကြား မျှော်လင့်ချက်ဖြင့် အသက်ရှင်ကြရန်၊ ငြိမ်းချမ်းရေးနဲ့ အသက်ကိုတန်ဖိုးထားရန်၊ ဒုက္ခကြုံတွေ့သူ၊ မကျန်းမာသူ၊ မသန်စွမ်းသူ၊ လူငယ်၊ကလေး ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူ၊ သက်ကြီးရွယ်အို၊ ဆင်းရဲသူ စသော အားလုံးနှင့်ဆက်စပ်သော မျှော်လင့်ချက်တွေ၊ မျှော်လင့်ချက် လက္ခဏာတွေကြားမှာ ပထမဆုံး ရှာဖွေသော မျှော်လင့်ချက်က ငြိမ်းချမ်းရေးပါ။
ငြိမ်းချမ်းရေးက စိန်ခေါ်နေ၍ ခိုင်မြဲသောခြေလှမ်းတွေနဲ့ လျှောက်ရန် ဖိတ်ခေါ်နေတယ်။
ငြိမ်းချမ်းရေးအတွက် လူသားတိုင်းက တာဝန်ရှိတယ်။ အတွင်းနှလုံးငြိမ်းချမ်းရေးအပြင် ၊ ငြိမ်းချမ်းရေးကို ဖော်ကျူးပေးသော သီလသည်များ ဖြစ်မှသာဘုရားသားသမီးဖြစ်ကြမှာပါ။
မာတေဦး၉ : ၅ ၌" ငြိမ်းချမ်းရေးကို ဆောင်ရွက်သူ မင်္ဂလာရှိရုံသာမက ဘုရားသားသမီးများလည်းဖြစ်ကြမယ်။" ဟု ခရစ်တော်ပြောသောစကားအားဖြင့် ဘုရားသားသမီးဖြစ်ကြသော ကျွန်ုပ်တို့၊ ငြိမ်းချမ်းရေးအတွက်ကြိုးစားကြရအုံးမည်သာ။
ငြိမ်းချမ်းရေးမှာ သံသယမရှိ၊ သဟဇာတရှိ၊ ငြိမ်းချမ်းရေးမှာ မာနမရှိ၊ မေတ္တာ၊ စာနာတရားနဲ့ပဲရှင်သန်ခြင်းပါ။
ငြိမ်းချမ်းရေးပိုင်ဆိုင်နိုင်ခြင်းက ဘုရား၏ကျေးဇူးတစ်ပါး ဖြစ်ရုံသာမက၊ ခရစ်တော်ကိုယ်တိုင်ပေးသော လက်ဆောင်လည်းဖြစ်ကြောင်း ရှင်ယောဟန် ကျမ်းစကားမှာတွေ့ရပါတယ်။
စိန့်အီညာစီအုစ်လိုယိုလာက ဘုရားသခင်သည် ငြိမ်းချမ်းရေးဖြစ်၏။ကျွန်ုပ်တို့လူသားများ ငြိမ်းချမ်းရေး ပိုင်ဆိုင်ဖို့လိုအပ်ပါတယ်။ဘုရားနဲ့ဝေးပါက ငြိမ်းချမ်းရေးနဲ့ဝေး၊ ဘုရားနဲ့နီးပါက ငြိမ်းချမ်းရေး နဲ့ နီးမည်သာ၊ငြိမ်းချမ်းရေးက ခရစ်တော်သခင်၌သာ မျှော်လင့်စရာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိ ခံစားနိုင်ရန် ဤလောကကို အောင်မြင်သော ခရစ်တော်၌ ခွန်အားယူရမည်။
ပုပ်ဖရန်စစ်က
ငြိမးချမ်းရေးသည် စစ်ပွဲကင်းခြင်းအခြေနေမဟုတ် လူတစ်ဦး၏အတွင်းစိတ်နှလုံး ငြိမ်းချမ်းကာ ခရစ်တော်ပေးသောကျေးဇူတော်၌တည်ရှိခြင်းပါ။ငြိမ်းချမ်းရေးမှာ အများကောင်းကျိုးအတွက် သီးပွင့်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ အမှန်တရားနှင့် စည်းမျဥ်းစည်းကမ်းလိုက်နာခြင်း၊ ညီအစ်ကိုမောင်နှမစိတ်ဓါတ်၊ မေတ္တာတရားဖြင့်ရှင်သန်ခြင်းဖြစ်ကြောင်း ကျမ်းစာထဲမှ ခရစ်တော်ပြောသောစကား၊ ရဟန္တာသူတော်မြတ်များစကား နှင့် ပုပ်တွေရဲ့ စာချွန်တော်များကို ကိုးကာ၍ သူတော်စင်များအား ငြိမ်းချမ်းရေးအကြောင်းဝေဌပြီး ခရစ်တော်ပေးသောငြိမ်းချမ်းရေးကို ဖြန့်ဝေနိုင်သော ဘုရားသားသမီးများအဖြစ် ကြိုးစားသွားကြရန် တိုက်တွန်း နိုးဆော် ၊ အားပေးလှုံ့ဆော်ပေးသွားခဲ့ပါတယ်။
10 am တွင် Tea Break ယူကြပြီး၊
10: 30 am တွင် Sr.Elizabeth Kan Hwai, RNDM မှ ဝေမျှပေးခဲ့သော ခေါင်းစဥ်အောက်မှာ အဖွဲ့လိုက်ဆွေးနွေးကြခြင်း၊ တင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
1: 30 pm Group Discussion/ Reflection ပြုလုပ်ခဲ့ကြပြီး၊ 2:30 pm မှာ MIRS ၏ Report နှင့် Handover များ ပြုလုပ်ခဲ့ကြပါတယ်။ 3: 00 pm ၌ ကြေးစည်တာဝန်ခံ/ Kyese Editor: Sr. Maria Ni Ni မှ အစီရင်ခံ တင်သွင်းခဲ့ပါတယ်။ ထို့နောက် 3: 30 pm မှာ Tea Break ဖြင့် ပထမနေ့ တစ်ရက်တာကို ကောင်းမွန်စွာ အဆုံးသပ်နိုင်ခဲ့ပါတယ်။
20th June 2025: ဒုတိယ နေ့၊ နံနက် 7:00 am နံနက် Morning prayer ကို Sr.lucy Win မှ ဦးဆောင်၍၊
7: 30 am Hoy Mass ကို Rev. Msgr. Andrea Ferrante မှ ဦးဆောင်ကျင်းပ ပူဇော်ပေးခဲ့ပါတယ်။ ထို့နောက် နံနက်စာ စားသုံးခဲ့ကြပါတယ်။ 9: 00 pm မှာ Rev. Msgr. Andrea Ferrante မှ ဩဝါဒမိန့်ကြားပြီး၊ 9: 30 မှာ CBCM, SPCU ၏ sharing ပြာလုပ်ခဲ့ပြီး၊ 10: 15 တွင် Tea Break ယူခဲ့ကြပါတယ်။
10: 45 မှာ Formation Team မှ Sr. Lucy Thida, MSP မှ အစီရင်ခံ တင်သွင်းခဲ့ပြီး၊ Missionary Companions : Sr. Easter FMA မှ အဆိုတင်သွင်းခဲ့ပြီး၊ 12: 00 တွင် နေ့လည်စာကို အတူတကွ စားသုံးခဲ့ကြပါတယ်။ 1: 30 pm မှာ MASD...........................
2: 00 pm တွင် Executive Secretary: Sr. Rita Cing Don Naing မှ Financial အကြောင်းကို အစီရင် တင်သွင်းခဲ့ပြီး၊ 3: 00 pm တွင် Tea Break ဖြင့် ဒုတိယနေ့ကိုလည်း အောင်မြင်စွာပြီးဆုံးခဲ့ကြပါတယ်။
21st June 2025 တတိယနေ့ 7: 00 am ၌ နံနက်မေတ္တာကို Sr. Maria Ni Ni, MSP မှ ဦးဆောင်ခဲ့ပြီးနောက်၊ 7: 30 am တွင် Rev. Fr. Bosco Zeya Aung မှ မစ္ဆာတရားတော်မြတ်ကို ဦးဆောင် ပူဇော်ပေးခဲ့ပြီးနောက် နံနက်စာကို စားသုံးခဲ့ကြပါတယ်။
9: 00 am တွင် လာမည့် ညီလာခံ အစည်းအဝေး အတွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး၊
10: 30 am မှာ Tea Break ယူကြကာ၊ 10: 45 am တွင် သူတော်စင်များ၏ ဂျူဘီလီ အတွက် ဆွေးနွေးချက်များ ပြုလုပ်ခဲ့ကြခြင်း နှင့် ရှေ့လုပ်ငန်းစဥ်များကို ချမှတ်ခဲ့ကြပြီး၊ (၈၉) ကြိမ်မြောက်ညီလာခံအစည်းအဝေးကြီးကိုဘုရားကျေးဇူးတော်အားဖြင့် ကောင်းမွန်စွာ၊ အောင်မြင်စွာ နှင့် ပြုလုပ်ကျင်းပနိုင်ခဲ့ကြပြီး၊ 12: 00 နာရီ တွင်နေ့လည်စာ စားသုံးကြဖြင့် ညီလာခံအစည်းအဝေးကို အဆုံးသပ်ခဲ့ပါတယ်။
Sr. Maria Ni Ni, MSP
KYESE Communication and Website in Charge, CRCM