Untitled Document
Untitled Document
Untitled Document
ကဗ်ာ
#မိုးသောက်ကြယ်နီတော်

မယ်တော်သခင်မကို
ဘာပြုလို့ "မိုးသောက်ကြယ်နီတော်" လို့ တင်စားခေါ်ဝေါ်ရတာလဲ။
ရှေးခေတ်လူတွေက ကောင်းကင်ယံမှာပေါ်လာတဲ့အလင်းတိုင်းကို
ကြယ်စင်တွေ လို့ပဲ သမုတ်တတ်ကြတယ်။
    တကယ်တော့ မိုးသောက်ကြယ်နီတော်ဆိုတာ
Venusဆိုတဲ့ ဂြိုလ်။ "မိုးသောက်ကြယ်နီတော်" လို့
မယ်တော့်ကို ခေါ်ရတဲ့အကြောင်းရင်း (၄) ချက်ရှိတယ်။
     (က)သူရိန်နေမင်းနဲ့အနီးဆုံး
မိုးသောက်ကြယ်က အခြားဂြိုလ်တွေထက်
သူရိန်နေမင်းနဲ့အနီးဆုံးမှာရှိသလို
မယ်တော်သခင်မကလည်း
အခြားသူတွေထက် သခင်ယေဇူးနဲ့အနီးဆုံးမှာရှိတယ်။
     သူရိန်နေမင်းနဲ့အနီးဆုံးမှာရှိနေတဲ့အတွက်
မိုးသောက်ကြယ်က အခြားဂြိုလ်၊ ကြယ်တွေထက်
ပိုလင်းလက်လာသလို ဘုရားနဲ့အနီးဆုံးမှာရှိတဲ့
မယ်တာ်သခင်မကလည်း ဘုရားသခင်ရဲ့အလင်းကို
ကမ္ဘာမြေကြီးပေါ် အတောက်ပဆုံး
ရောင်ပြန်လင်းထိန်စေတဲ့သူဖြစ်တယ်။
     (ခ)ညစ်ပေမှုနဲ့အဝေးဆုံး မိုးသောက်ကြယ်က
လေထုညစ်ညမ်းမှု၊ အညစ်အကြေးတွေရဲ့
အဝေးမှာနေတယ်။ သူတို့ရဲ့ညစ်ပေမှုတွေက မိုးသောက်ကြယ်နီကို
ဘာအထိအခိုက်မှမဖြစ်စေဘူး။
     သူ့ရဲ့အလင်းကိုလည်းမှေးမှိန်ပျောက်ကွယ်မသွားစေဘူး။
ထပ်တူပါပဲ…အာဒံနဲ့ဧဝရဲ့အပြစ်ရင်းက
မယ်တော့်ဘဝသက်တာကို မစွန်းထင်းစေသလို
အပြစ်မဲ့သန္ဓေယူပြီး အပျိုကညာစင်အဖြစ်
ဘုရားသခင်က ထားရှိခဲ့တာဖြစ်တယ်။
      (ဂ)ထာဝရတည်ရှိခြင်း မိုးသောက်ကြယ်နီက
ဖန်ဆင်းခြင်းအစကတည်းက တည်ရှိခဲ့တာဖြစ်ပြီး
နောင်လည်း ဆက်လက်တည်နေဦးမှာဖြစ်တယ်။
     မိုးသောက်ကြယ်နီကို အာဒံနဲ့ဧဝကစပြီး တွေ့မြင်ခဲ့ရသလို
အခုထိလည်း အလားတူပါပဲ။မယ်တော့်ရဲ့အခန်းကဏ္ဏက ပြီးဆုံးသွားခြင်းမရှိဘဲ
မိုးသောက်ကြယ်နီလို လူသားတွေအတွက် အမြဲရှိနေပေးမယ့်သူဖြစ်တယ်။
     (ဃ)မျှော်လင့်ချက်ခိုင်မာခြင်း မိုးသောက်ကြယ်နီက
မနက်မိုးသောက် သူရိန်နေမင်းထွက်မလာခင်
မလင်းတလင်းအချိန်မှာတွေ့ရတယ်။
အမှောင်ထုရဲ့အဆုံးသတ်ချိန်ရောက်လို့ တရားမျှတခြင်း နေမင်း ဆိုတဲ့ သခင်ယေဇူး ကြွလာတော့မယ်ဆိုတာကို
ကြိုတင်နမိတ်ပေးတာဖြစ်တယ်။
     မိုးသောက်ကြယ်နီတွေ့ရပြီဆိုရင် သူရိန်နေမင်းကြီးက မကြာခင်မြင်တွေ့ရသလို
မယ်တော့်ကိုသဒ္ဓါကြည်ညိုခြင်းက သခင်ယေဇူးနဲ့အနီးဆုံးမှာ
ရှိနေကြတယ်ဆိုတာ သတိရစေသလို ဘဝအမှောင်ကျရောက်ချိန်မှာ
တောက်ပတဲ့အနာဂတ်လင်းရောင်ခြည်က မကြာမီရောက်ရှိလာတော့မယ်ဆိုတဲ့
မျှော်လင့်ချက်ကို ခိုင်မာသေချာစေပါတယ်။
#သည်းနယူး
#မိုးသောက်ကြယ်နီတော်
#၁၀ဖေဖော်ဝါရီ၂၀၂၂

Ref:Titles of the Blessed Virgin Mary

ကဗ်ာမ်ား