Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ခရစ်တော်သခင်၏ အာဏာစက်

#တစ်ချိန်တစ်ခါတုန်းကရောမလူမျိုးတို့သည်၎င်းတို့၏ အင်ပါယာကိုလွန်စွာကျယ်ပြန့်သည်ထိ ချဲ့ထွင်နိုင်ခဲ့သည်။အာရှအထိပင် ရောက်ရှိလာခဲ့သည်။သူတို့၏တွေးခေါ်ပုံများ၊ဘာသာစကားများ၊ရိုးရာယဉ်ကျေးမှုများသည်လည်းသူတို့၏နယ်ချဲ့ခံနယ်မြေများအပေါ်သို့လွန်စွာလွှမ်းမိုးမှုရှိခဲ့လေသည်။သူတို့၏တွေးခေါ်ပုံများသည်အခြားသူများ ထက်သာနေခြင်း၊စစ်ဗျူဟာများသည်လည်း အခြားသူများထက် ခြေတစ်လှမ်းသာနေခြင်းကြောင့်လျင်လျင်မြန်မြန်နယ်ချဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ထိုခေတ်ထိုအခါက ရောမလူမျိုးတစ်ဦးဖြစ်သူလူတစ်ရာတပ်မှူးတစ်ဦးနှင့်ခရစ်တော်သခင်တွေ့ဆုံသည့်အကြောင်းကို ဤယနေ့ဧဝံဂေလိကျမ်းစာတော်မြတ်တွင်ကျွန်တော်တို့ဖတ်ရှုရသည်(ရှင်မာတေးဦး ၈း၅-၁၁)။ထိုလူတစ်ရာတပ်မှူးသည်သူ၏အစေခံလေဖြတ် နေသည့် အတွက် သူကခရစ်တော်သခင်ထံလာ၍ သူ၏အစေခံအား ကုသပေးရန်တောင်းခံသည်။ခရစ်တော်သခင်က သူကိုယ်တိုင်ကြွလာ၍ ကုသပေးမည်ပြုသည့်အခါထိုတပ်မှူးကခရစ်တော်သခင်ကိုယ်တော်တိုင်ကြွလာစရာမလိုကြောင်းအမိန့်တစ်ခွန်းနှင့်တင် ပြီးကြောင်းပြောဆိုသည့်အကြောင်းဖြစ်သည်။ခရစ်တော်သခင်သည် ဘာမဆိုလုပ်နိုင်ကြောင်းသူယုံသည်။သူကိုယ်တိုင်လည်း လူတစ်ရာတပ်မှူးတစ်ဦးဖြစ်ရကာ သူ၏လက်အောက်ငယ်သားများသည် သူသွားဆိုလျှင်သွား၍လာဆိုလျှင်လည်း လာရကြောင်း၊ခရစ်တော်သခင်သည်လည်းအရာအားလုံးအပေါ်ထိုကဲ့သို့သောအာဏာရှိကြောင်းသူ၏အာဏာစက်ကို ဖေါ်ထုတ်ရင်းခရစ်တော်သခင်၏ အာဏာစက်ကိုချီးကျူးထုတ်ဖေါ်သွားခဲ့သည်။ခရစ်တော်သခင်၏အာဏာစက်အောက်တွင် မည်သည့်အရာမျှ မလွန်ဆန်နိုင်။စစ်သားများသည် သူတို့စစ်ဗိုလ်များ၏ အမိန့်များကိုမလွန်ဆန်ဘဲ လုပ်ကြသလိုဤလောကတွင် ရှိသမျှအရာတို့သည်ခရစ်တော်သခင်၏ အမိန့်ကိုမလွန်ဆန်နိုင်ဘဲ ခရစ်တော်သခင်၏အမိန့်အောက်၌ အရာအားလုံးဖြစ်ပျက်လာကြမည့်အကြောင့်လူတစ်ရာတပ်မူးက ကောင်းမွန်စွာသဘောပေါက်ခဲ့သည်။လူတစ်ရာတပ်မှူးကပင် သူအစိုးရနိုင်သော လူအရေအတွက်မှာ အယောက်တစ်ရာသာရှိသည်။ ခရစ်တော်သခင်မှာမူ ဤလောကတွင်ရှိရှိသမျှသောအရာအားလုံးကို စိုးပိုင်သူ ဖြစ်သည်။ အရာအားလုံးသည်သူ့ကို နာခံရသည်ချည်းပင်။ အာဏာစက်အကြောင်း ကောင်းမွန်စွာနားလည်သော လူတစ်ရာတပ်မှူးသည် ခရစ်တော်သခင်၏ အာဏာစက်ကို အသိအမှတ်ပြုသွားသည်။သူ့ခေတ်သူ့အခါကသူများထက် ပညာပိုတတ်သော၊ပိုတော်သော၊ပိုထူးချွန်သော ရောမလူမျိုးတို့၏လူတစ်ရာတပ်မှူးသည် သူ၏တွေးခေါ်မှုကြောင့်ဖြစ်စေ၊ဝိညာဉ်တော်မြတ်၏နှိုးဆော်မှုကြောင့်ဖြစ်စေခရစ်တော်သခင်သည် အရာရာကိုစိုးပိုင်သည့်အရှင်ဖြစ်ကြောင်းသွယ်ဝိုက်၍ထောက်ပြသွားခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်ခရစ်တော်သခင်က အံ့အားသင့်သွားပြီးအစ္စရာအဲလ်လူမျိုးထဲမှပင်ထိုမျှယုံကြည်ခြင်းရှိသောသူမတွေ့ဖူးကြောင်း သူဝန်ခံခဲ့သည်။ထို့နောက် ကိုယ်တော်ကလူတစ်ရာတပ်မှူး၏စကားများကို ထောက်ခံရင်းသူသည်အရာအားလုံးကို စိုးပိုင်သော အရှင်ဖြစ်ကြောင်း“သင်တို့အားငါဆိုသည်ကားအရှေ့နှင့်အနောက်အရပ်တို့မှလူများစွာတို့သည် လာကြ၍ကောင်းကင်နိုင်ငံတော်၌ အာဘရာဟံ၊အီဇတ်၊ယာကုပ်တို့နှင့်အတူစားသောက်ပွဲတွင်ထိုင်ကြလိမ့်မည်”ဟုမိန့်မှာလျှက်အတည်ပြုခဲ့သည်။ကိုယ်တော်သည်နောင်ဖြစ်လာမည့်အရာကို ကြိုမြင်သည်။လူပေါင်းစုံတို့သည် ကောင်းကင်နိုင်ငံကိုရောက်ကြမည့် အကြောင်း၊လူအားလုံးတို့သည် တစ်နေ့တစ်၌သူ့ရှေ့မှောက်တွင်ရောက်လာမည့်အကြောင်းမိန့်မှာနေခြင်းပင်။ယနေ့အာဒ်ဝင်တူးကာလတွင်သူကြွလာမည့်အချိန်တွက် ကျွန်တော်တို့ပြင်ဆင်နေကြသည်။နေ့ရက်တိုင်း၊အချိန်တိုင်းတွင်အားလုံးစုံကို တတ်နိုင်တော်မူသော ခရစ်တော်သခင်၊အရာအားလုံးကိုအစိုးရတော်မူသောခရစ်တော်သခင်ကျွန်တော်တို့ထံနေ့စဉ်ကြွလာနေသည်ကို သတိထားကာ အကောင်းဆုံးပြင်ဆင်သွားဖို့ရန်ကျမ်းစာတော်မြတ်အားဖြင့် သွန်သင်နေပါသည်။

Credit Photo
 ကမာလူ

ဆောင်းပါးများ