Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#သဘာ၀ပတ်၀န်းကျင်ကိုစောင့်ရှောက်ထိန်းသိမ်းတတ်ရန် ထိုင်းနိုင်ငံကျောင်းများ၌သင်ကြားပေး #Environmental awareness in Thai Catholic schools held

ထိုင်းနိုင်ငံရှိ Malasawan Pitthaya ကျောင်း၌ ရဟန်းမင်းကြီးဖရန်စစ်၏ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေဆိုင်ရာစာချွန်တော်ဖြစ်သည့် ‘Laudato Si’နှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးအစီအစဉ်ကိုမကြာမီကပြုလုပ်ခဲ့သည်။ဤစာချွန်တော်သည်(၂၀၁၅)ခုနှစ်ကထုတ်‌ဝေဝေသည်။ဤစာစောင်ကြောင့် ထိုင်းနိုင်ငံရှိကက်သလစ်စာသင်ကျောင်းများ၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ်များကို ဆရာ၊ဆရာမများအားပညာပေးခြင်းဖြင့်စတင်ခဲ့သည်။ ကက်သလစ်ဘာသာတူမန်နေဂျာများအနေဖြင့် စီးပွားရေးကိုသာစောင်းပေးပြီး သဘာပတ်၀န်းကျင်ထိန်းသိမ်းရေးကိုျစ်လျူရူသည့်အတွေ့အခေါ်ကိုပြုပြင်ပြောင်းလဲရန်လိုကြောင်းသိလာကြသည်။လွန်ခဲ့သော ဆယ်စုနှစ်များက ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်လာခဲ့သည်။နိုင်ငံခြားခရီးသွားလုပ်ငန်းသည် အလွန်ရေးပါသောစီးပွားရေးအရင်းအမြစ်တစ်ခုဖြစ်ပြီး နိုင်ငံတော်၏၀င်ငွေများရရှိသောအရင်းမြစ်တစ်ခုလည်းဖြစ်သည်။အလုပ်များစွာကိုလည်းထွင်ပေးနိုင်သည်။ ရိုက်တာသတင်းဌာန၏တင် ပြချက်အရ ဇန္နဝါရီလမှဩဂုတ်လအထိ နိုင်ငံခြားခရီးသွား (၃.၇၈) သန်းအထိ၀င်ရောက်လာခဲ့သည် ဟုသိရသည်။ဤသို့သောခရီးသွားများစွာ၀င်ရောက်လာခြင်းသည် တစ်ဖက်မှကောင်းသည်ဆိုသော်လည်းတစ်ဖက်၌မူပတ်၀န်းကျင်ကိုလျစ်လျူရူမှုများရှိလာသည်။ နိုင်ငံအ တွင်းမှစက်မှုဇုံများမှလည်း လေထုကိုညစ်ညမ်းစေမှုများ၊ သဘာ၀ပတ်၀န်းကျင်ကိုတွက်ဆခြင်းမပြုဘဲ အဆောက်အဦးများတည်ဆောက်ခြင်းစသည်တို့သည် အလွန်လှပသော၊ ထူးခြားသော နိုင်ငံ၏သဘာ၀ ပတ်၀န်းကျင်ကိုထိခိုက်ပျက်ပြားစေသည်။ဤအချက်ကိုသတိထားမိလာသော ကက်သလစ်စာသင်ကျောင်းများ၌ နောင်မျိုးဆက်သစ်များအား သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ပညာပေးသောအစီစဉ်များထည့်သွင်း လုပ်ဆောင်လာသည်။ သဘာ၀ကိုလေးစားတတ်ရန်သင်ကြားပေးရမည်။ထိုင်းနိုင်ငံ၏အလယ်ပိုင်း Nokhornrachasima ၌ဖွင့်လှစ်ထားသော Malasawan Pitthaya ကျောင်းသည် ကျောင်း၌တာ၀န်ဆောင်နေသော ဆရာ၊ဆရာမများ၊၀န်ထမ်းများအား ရဟန်းမင်းကြီးဖရန်စစ်၏ ‘Laudato si’ စာချွန်တော်၏လမ်းညွှန်ချက်အတိုင်း သင်တန်းပေးသည့်အစီအစဉ်ကိုထည့်သွင်းထားသည်။အဆိုပါအစီအစဉ်သို့ တက်ရောက်သူ(၁၀၀)ခန့်ရှိခဲ့သည်။အဆိုပါပို့ချက်၌ အဓိကအားဖြင့် ပတ်၀န်းကျင်၊ လေးစားမှု၊ ညစ်ညမ်းစေမှု၊ပြန်လည်ပြောင်းလဲခြင်းနှင့်အသုံးပြုခြင်းအကြောင်းကိုဟောပြောပို့ချခဲ့သည်။ဤအစီအစဉ်၏အဓိကရည်ရွယ်ချက်မှာ ကျောင်း၌တာ၀န်ထမ်းဆောင်နေသော၀န်ထမ်းများအနေဖြင့် ပတ်၀န်းကျင်နှင့်ဆိုင်သောအကြောင်းအရာများကိုသတိထားရန်မှာအရေးကြီးသည့်အကြောင်း၊ လမ်းညွှန်မှုများပေး၍ အနာဂတ်မျိုးဆက်ကျောင်းသူကျောင်းသားများအား ဖန်ဆင်းခြင်းလုပ်ငန်းတော် ကိုလေစားတတ်ရန်ဖြစ်သည်။ အဆိုပါအစီအစဉ်သို့တက်ရောက်ခဲ့သူအချို့က ယခုကဲ့သို့တက်ရောက်ရ ခြင်းကြောင့် ရေရှည်ခံမည့်ဘ၀နေထိုင်မှုအကြောင်းကိုသိရှိခွင့်ရခဲ့ကြောင်း၊လက်တွေ့ဖော်ဆောင်ရန် တောင်းဆိုချက်မြင့်မားသော်လည်း မဖြစ်နိုင်စရာမရှိကြောင်း၊အနည်းငယ်ပေးဆပ်မှုသည် ကြီးမားသော အကျိုးကိုပြန်လည်ရရှိစေကြောင်းရင်ဖွင့်ပြောဆိုလာကြသည်။ထိုင်းနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုသည် စိန်ခေါ်ချက်နှင့်ကြုံလာရသည်မှာ လေထုညစ် ညမ်းမှုလည်းအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊သမာရိုးကျအတိုင်းအသက်ရှင်သောနေထိုင်မှုကျဆင်းပျောက်ပျက်လာခြင်း၊သဘာ၀မြေဆီများခန်းခြောက်လာခြင်း၊ရေရှားပါးလာခြင်းနှင့်စွန့်ပစ်ပစ္စည်းများကြောင့်ဖြစ်သည်။(၂၀၁၇-၂၀၂၁)ထိုင်းနိုင်ငံ၏(၁၂) ကြိမ်မြောက်စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးမှုစီမံကိန်း၌ လက်ရှိတွင် နိုင်ငံတော်၏သဘာ၀အရင်းအမြစ်များနှင့်သဘာ၀ပတ်၀နကျင်၏ အရည်အသွေးများ ပျက်စီးနေကြောင်း၊ထိန်းသိမ်းမှု၊လုပ်ဆောင်ရန်ပျက်ကွက်မှု၊ရေရှည်ခံရန်လည်း အားနည်းလာကြောင်း၊သဘာ၀အရင်းအမြစ်များကို ဖွံ့ဖြိုးမှုအတွက်ကိုသာ အလွန်အကျွံသုံးစွဲနေကြောင်း၊ထို့ကြောင့်ပျက်စီးမှုများနှင့်ကြုံနေရကြောင်း၊ သစ်တောများလည်းဖြုန်းလာနေကြသည်။မြေဆီများလည်းစိုက်ပျိုးရန်မဖြစ်တော့ပေ။ဇီ၀မျိုးစေ့များလည်းပျောက်ဆုံးလုနီးပါး ခြိမ်းခြောက်ခံနေရသည်။အနာဂတ်၌ ရေခမ်းခြောက်မှုပြဿနာမြင်တွေ့နေရချိန်လက်ရှိအသုံးပြုနေသော ရေအရင်းအမြစ်သည်လည်း လိုအပ်သောနေရာများအ တွက်လည်းမလုံမလောက်ဖြစ်နေသည်။၎င်းအပြင် သဘာ၀ပတ်၀န်းကျင်၏ပြဿနာသည် ဖွံ့ဖြိုးတိုးတက်လာနေသော မြို့ပြလူနေမှုစနစ်၌နေ့စဉ်တိုးလျက်ရှိသည်။ဤပြဿနာပေါင်းစုံသည်လူ့ဘ၀ကို အရည်အသွေးပြည့်၀စွာရှင်သန်ရေးကိုစိန်ခေါ်ခြိမ်းခြောက်လျှက်ရှိသည်။  Domenico Rodighiero

ဘာသာပြန် - ဖာသာရ်ကလေးမင်းအား’တယ်

 

Crd Photo

ဆောင်းပါးများ