Untitled Document
Untitled Document
Untitled Document
ကဗ်ာ
“နေတတ်ပါစေ”

*အနင်းခံရတဲ့စပါးဟာ သန်တယ်

အကဲရဲ့ခံရတဲ့လူဟာ ကြီးပွားတယ်

ဒါကြောင့် သူတစ်ပါးကို မကဲ့ရဲ့ပါနဲ့

ကိုယ်မျက်ချီးရှိတာ မတွေ့ဘဲ

တစ်ပါးသူမျက်ချီးရှိတာ မပြောပါနဲ့

လူတိုင်းအားနည်းချက်ရှိကြပါတယ်…..သူငယ်ချင်း

*သူငယ်ချင်းကောင်းကို ချစ်ရင်ခင်မင်မှုကို တန်ဖိုးထားပါ

သူတစ်ပါး စိတ်မထိခိုက်ပါစေနဲ့

*လူဆိုတာ စိတ်ဓာတ်လှဖို့ လိုပါတယ်

မျက်နှာကို မိတ်ကပ်နဲ့ ဖုံးပြီးအလှဆုံး ဆင်နိုင်ပေမယ့်

စိတ်ဓာတ်ကိုတော့ မိတ်ကပ်တွေနဲ့ ဖုံးလို့မရပါဘူး

*ဘဝင်မမြင့်ပါနဲ့ ဘဝမြင့်ပါ

*ရှုံးနိမ့်ချိန် ကြံခိုင်ပါ

သင်ယူချိန်သည်းခံပါ

အောင်မြင်ချိန် တည်ငြိမ်ပါ

*ပင်လယ်ရဲ့အလှဟာ လှိုင်း

လူ့ဘဝရဲ့အလှဟာ ဒုက္ခတဲ့

*နံရံရှိမှ အမြစ်တွယ်တတ်တဲ့ နွယ်ပင်ထက်

ကိုယ့်အားကိုကိုးတတ်တဲ့ မြက်ပင်ကို အားကျလိုက်ပါ။

 

                                                                                                         Naw Bes Ta

ကဗ်ာမ်ား