Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ခရစ်တော်သခင်ကိုယ်တော်တိုင်သင်ကြားပေးခဲ့သောဆုတောင်းစာ၏အမည်အမျိုးမျိုး

             “ကောင်းကင်ဘုံဆုေတာင်းစား” ဟု၊ကျွန်တော်တို့အလွယ်တကူခေါ်ဝေါ် သုံးနှုန်းနေသော၊ဆုတောင်းစာကို “သခင့်ဆုတောင်းစာ (သို့ )ခရစ်တော် ကိုယ်တော်တိုင်သင်ကြားပေးခဲ့သောဆုတောင်းစာ”ဟုလည်းခေါ်ပါသည်။အဘယ်ကြောင့်ဆိုသော်၊ခရစ်တော်ကိုယ် တော်တိုင်၊မိမိ၏တပည့်တော်များအားသင်ကြားေပးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ဤဆုတောင်းစာကို၊သံမာတေဦး (မာတေဦး ၆း၉-၁၃၊) ၏ ဧဝဂေလိကျမ်းစားဍ်လည်ကောင်း၊သံလုကာ(ရှင်လုကာ ၁၁း၂-၄၊)၏ကျမ်းစာဍ်လည်းကောင်းတွေ့ရှိရပါသည်။ထိုကျမ်း နှစ်စောင်ဍ်တွေ့ရှိရသောဆုတောင်းစာများ၏ခြားနားချက်မှာ၊သံမာတေဦး၏ ဆုတောင်းစာသည်၊သံလုကာ၏ဆုတောင်းစာထက်ရှည်ပြီး၊ပို၍ လည်းပြည့် စုံသောပုံစံဖြစ်ပါသည်။ တနည်းအားြဖင့်၊ ကျွန်တော်တို့နေ့စဉ်ရွတ်ဆိုသော ဆု တောင်းစာဖြစ်ပါသည်။ထို့ကြောင့်အဆိုပါ၊ ဆုတောင်းစာကိုကက်သလစ်ခရစ်ယာန်များအပြင်၊အခြားသော ခရစ်ယာန်ညီအစ်ကိုများလည်း၊ပိုမို၍အသုံးများကြပါသည်။သံမာတေဦးကျမ်းစာဍ်၊တွေ့ရသောအပိုင်းသည်၊တောင်ပေါ်ဒေသနာတရား၏၊အစိပ်အပိုင်းတစ်ခုဖြစ်ပါသည်။တရားနာပရိတ်သတ်ကြီးအား၊ ဆုတောင်းခြင်းအကြောင်းကို၊ဟောကြားပြီးနောက်သင်ပေးခဲ့ခြင်းြဖစ်ပါသည်။ခရစ်တော်သခင် အနေဖြင့်၊ဤဆုတောင်းစာကိုမသင်ကြားပေးမည်၊ဆုတောင်း ခြင်းကိုပြုသောအခါဍ်၊ရှိရမည့်စိတ်နေစိတ်ထား(သံမာတေဦး ၆း၅) ၊ခြေအနေ (သံမာတေဦး ၆း၆)၊ စကားလုံးအသုံးအနှုန်း(သံမာတေဦး ၆းရ-၈၊)၊စသောအချက်များကိုမီးမောင်းထိုးပြပြီမှ၊သင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊စိတ်ထားမှန်၊ ခံယူချက်မှန်ပြီး၊လုပ်ဆောင်ချက်များလည်းမှန်မှ၊မိမိတို့၏ဆုတောင်းချက်များပြည့်စုံမည်ဖြစ်သောကြောင့်၊မှန်ကန်သောဆုတောင်းနည်းကိုသင် ပေးခဲ့ခြင်းဖြစ်ပါသည်။
               သံလုကာ၏ကျမ်းဍ်ေတွ့ရသောဆုတောင်းစာသည်၊ပိုတိုနေရခြင်းမှာ အချို့စကားလုံးများ(ဥပမာ အနေဖြင့်၊ကောင်းကင်ဘုံဍ်၊ကျိန်းဝပ်တော်မူသော)ကိုချန်လှပ် ထားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ဆုတောင်းစာကိုသင်ပေးရန်အခြေအေနဖန်လာပုံမှာ၊ခရစ်တော်သခင် သည်၊ တစ်ပါးတည်းဆုတောင်းအပြီးဍ်တပည့်ေတာ်များမှ၊ သင်ကြားပေး ရန်တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့တောင်းဆိုရခြင်းမှာလည်း၊ဆေးကြောခြင်း ဆရာယောဟန်သည်၊၎င်း၏တပည့်များအားသင်းကြားပေးခဲ့သည့်သာဓကရှိနေပါသည်။ထို့ဆုတောင်းစာသင်ကြားပေးပြီးနောက်၊ဆုတောင်းခြင်းပြုရာဍ်၊ဇွဲလုံ့လရှိရမည့် အကြောင်းများကိုလည်း၊ဥပမာများဖြင့်သင်ကြားပေးခဲ့ပါသည္(သံလုကာ ၁၁း၅း၁၃၊)။ 
ဆုတောင်းရာဍ် ၊ခမည်းတော်အား အဖဟုတိုင်တည်ခြင်း
               ခရစ်တော်သခင်သည်၊ ဘုရားရှင်အားတိုင်တည်၊ဆုတောင်းခြင်းကိုပြုသည့်အခါဍ်သော်လည်းကောင်း၊မိမိ၏တရားနာပရိတ် သတ်များအား၊ဘုရားရှင်ကိုတိုင်တည်ဟောပြောသောအခါ၊“ခမည်းတော်(သို့) အဖ”ဟုတိုင်တည်ညွန်းဆို လေ့ရှိပါသည်(မာတေဦး ၅း၄၈၊ ၆း၁၄၊ ၂၆၊ ၃၂။၁၅း၁၃၊ ၁၈း၃၅။ လုကာ ၁၁း၁၃။ယောဟန် ၁၁း၄၁)။ရှေးဦးခရစ်ယာန်များသည်လည်း၊ခရစ်တော်သခင်ကိုပုံတုယူလျှက်၊ဆုတောင်းရာဍ်အဖ (မာတေဦး ၅း၁၆၊ ၄၅၊ ၁၁း၄၅၊ ရှင်မာကု ၁၄း၃၆၊ လုကာ ၁၀း၂၁၊ ယောဟန် ၁၁း၄၅၊) ဟုတိုင်တည်ဆုတောင်း ခဲ့ကြကြောင်းကို၊သံပေါလု၏ဆုံးမစာ (ရောမ ၈း၁၅၊ ဂါလေတိ ၄း၆၊) စောင်များတွင်၊ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါသည်။သံမာတေဦး ၏ဆု တောင်းစာကို၊ ခရစ်ယာန်ခေတ်ဦးကာလဍ်အသုံးပြုခဲ့ေကြာင်းကို၊ တစ်ရာစု “ဒီဒါခေ” (Didache 8.2.3) မှတ်တမ်း တွင် တွေ့ရပြီး၊တစ်ရက်လျှင် (၃) ကြိမ်ရွတ်ဆိုရန်လည်းညွှန်ကြား ထားပါ သည်။ 
ကောင်းကင်ဘုံဍ် (သို့) ခရစ်တော်၏ဆုတောင်းစာပါအကြောင်းအရာများ
              ကောင်းကင်ဘုံဍ် (သို့) ခရစ်တော်သခင်၏ဆုတောင်းစာသည်၊ဘုရား ရှင်၏နိုင်ငံတော်၊လောကဍ်ရောက်ရှိလာစေရန်၊ အဓိက ဦးတည်ဆုတောင်းခြင်းဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော်၊ခရစ်တော်သခင်လောကသို့၊လူ့အဖြစ်ယူခဲ့ခြင်း၏အဓိကအကြောင်းတရားမှာ၊ လူသားများကယ်တင်ခြင်းရရှိ ရန်ဖြစ်ပါသည်။ဘုရားရှင်၏နိုင်ငံတော်၊လောကဍ်ရောက်ရှိလာရန်မှာ၊ခရစ်တော် သခင်သွန်သင်၊ညွန်ကြားခဲ့သော၊တရားများ၊ဘဝလမ်းများ၊လုပ်ဆောင်ချက်များ၊ကိုကျွန်တော်တို့၏ဘေးပတ်ဝန်းကျင်ဍ်၊စိမ့်ဝင်ပျံ့နှံ့သွားအောင်၊လူများသိလာအောင်၊စွမ်းဆောင်ပေးခြင်းကိုဆိုလိုပါသည်။ထို့ကြောင့်ပင်ခရစ်တော်သခင်သည်၊တစ်ရွာဝင်၊တစ်ရွာထွက်ပြီး၊ တရားဒေသနာတော်ဟောကြားခဲ့ သကဲ့သို့၊ မိမိ၏တပည့်များ အားလည်း၊ကမ္ဘာအရပ်ရပ်သို့သွား၍ဟောပြောသက်သေခံရန်အမိန့်တော်ရှိခဲ့သည်(မာတေဦး ၁၀းရ၊ မာကု ၁၆း၁၅၊ လုကာ ၄း၁၈၊ ၄၂-၄၃)။ 
              ဆက်လက်၍၊ဆုတောင်းသူသည်၊ကာယ၏နေ့စဉ်လိုအပ်သောအစားအစာကိုတောင်းခံထားပြန်ပါသည်။စား၊ ဝတ်၊ နေရေးသည်၊လူသားတစ်ဦး၏နေ့စဉ်အသက်တာအတွက်အလွန်အရေးပါပါသည်။အူမတောင့်မှ သီလစောင့်နိုင်မည်ဟုဆိုစကားရှိသကဲ့သို့၊ ခရစ်တော်သခင်သည်လည်း၊ မိမိ၏တရား နာပရိတ်သတ်များအား၊အလေးထား၊စဉ်းစားပေးခဲ့ပါသည်(မာတေဦး ၁၄း၁၄-၁၅၊ မာကု ၆း၃၇၊ လုကာ ၉း၁၃)ထို့အတူ၎င်းသင်ကြားပေးခဲ့သော ဆုတောင်းစာဍ်လည်း၊အစားအစာ၏လိုအပ်ချက်ကိုလည်း၊စဉ်းစားထည့်သွင်းထားပါသည်။ဓမ္မဟောင်းကျမ်း ဍ်ဂျုးလူမျိုးများကောင်းကင်မုန့်တော် (မနာ) ကိုစားခဲ့သကဲ့သို့၊မိမိသည်လည်းအသက်မုန့်ဖြစ်ကြောင်း၊ မိမိကိုစားသောသူ သည်ထာဝရ အသက်ရမည့် အကြောင်း ကိုလည်း၊ ထည့်သွင်းသင်ကြားခဲ့ပါသည် (ယောဟန် ၆း၃၃၊ ၃၅၊ ၄၈၊ ၅၁)။ 
              တစ်ဦး၏ အပြစ်အမှားကို၊တစ်ဦးမှခွင့်လွှတ်နိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ပြုခြင်းဖြင့်၊ ဘုရားရှင်နှင့်ပြန်လည်ကျေအေးနိုင်မည့် အ ကြောင်းကို လည်း ထည့်တွင်း ထားပါသည် (မာတေဦး ၅း၂၄-၂၅၊ ၉း၁၃၊ ၁၈း၂၃-၃၂၊ ပယောဟန် ၁း၉)။ ဘုရား သခင် သည်ချစ်ခြင်းမေ တ္တာ ဖြစ်ကြောင်း (ပယောဟန် ၄းရ-၈)၊ဘုရားရှင်ကို အဘယ်သူမျှ မမြင်ဖူးကြောင်း၊သို့သော် အချင်းချင်းသင့်သင့်မြတ်မြတ်ေနထိုင်ခြင်းသည်၊ဘုရားရှင်နှင့်ပေါင်းစပ်အသက်ရှင်ခြင်းဖြစ်ပါသည်(ပယောဟန် ၄း၁၂)။အပြစ်မရှိဟုကျွန်ုပ်တို့ပြောဆိုခြင်းသည်လည်း၊ကျွန်ုပ်တို့ကိုကျွန်ုပ်တို့လိမ်ညာရာရောက်ပါမည်(ပယောဟန် ၁း၈)။မကောင်းမူများဍ်ပါဝင်၊ပျော်မွှေ့ခြင်းမရှိရန်နှင့်၊သတိရှိရှိဖြင့် မကောင်းမူများကိုအောင်မြင်ကျော်လွှားရန်လည်း၊ဆုတောင်းစာဍ်ဆိုထားပါသည်(မာတေဦး ၂၄း၄၂၊ ၂၅း၁၃၊ ၂၆း၄၁၊ မာကု ၁၃း၃၃၊ ၃၄၊ ၃၅၊ ၃၇၊ လုကာ ၂၁း၃၆၊ ကော်လိုဆေ ၄း၂၊ပသက်ဆလောနီကာ ၅း၆၊ ပပေတရူး ၅း၈)။ 
              ဤဆုတောင်းစာသည်၊ကက်သလစ်ခရစ်ယာန်များအတွက်၊မစ္ဆားတရားတော်အတွင်းအရေးကြီသော ဆုတောင်းစာဖြစ်သကဲ့သို့၊ စိပ်ပုတီး စိပ်ရာဍ်သော် လည်းကောင်း၊ အခြားကက်သလစ်ခရစ်ယာန်တို့၏၊ ဘာသာရေးဆုတောင်းဝတ်ပြုမူများ အ ရေးပါသောဆုတောင်းစာဖြစ်ပါသည်။ထို့ကြောင့်ယေဇူး ကိုယ်တော်တိုင်သင်ပေးခဲ့သော၊ဤဆုတောင်းစာကို၊ယုံယုံကြည်ကြည်၊မြတ်မြတ်နိုးနိုး၊ တန်ဖိုးထားပြီး၊ရွတ်ဆို ဆုတောင်းနိုင်ပါစေကြောင်းမျှေ၀လိုက်ရပါသည်။
   

ဖာသာရ်ကလေးမင်း အားတယ်

       Photo Crd.


ဆောင်းပါးများ