Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
ဘုရားစကားဘွဲ့ရ လူငယ်များ

ကျောင်းသားထိန်း တာ၀န်ကျခဲ့စဉ်က ဖြစ်သည်။လူငယ်များအတွက် တစ်ဖက်တစ်လမ်းကနေအကျိုးပြုရန် ရည်ရွယ်ပြီးအသက်မွေး၀မ်းကျောင်းသင်တန်းများဖွင့်၍ သင်တန်းသားလူငယ်တွေကို ပညာပေးထိန်းသိမ်းရသည်။ကျွန်တော်တို့ရဲ့ အဓိကဦးတည်ချက်မှာ ကောင်းသောခရစ်ယာန်များနှင့်ဖြောင့်မတ်သော နိုင်ငံသားများဖြစ်လာစေရန်အတွက်သာဖြစ်သည်။ခေတ်ကာလကြီးက တိုးတက်လာသည်နှင့်အမျှတောင်းဆိုမှုတွေလည်း များလာသည်။လူ့ဘောင်အလယ်မှာ သိက္ခာရှိရှိရပ်တည်နိုင်ရန် ဘွဲ့ရပညာတတ်၊ အသက်မွေး၀မ်းကျောင်းပညာစသည်ဖြင့်တစ်ခုခုတော့ကျွမ်းကျင်တတ်မြောက်ထားမှဘ၀ရပ်တည်နိုင်မည့်ခေတ်ကြီးရောက်နေပြီ။ကျွန်တော်တို့ကျောင်းမှာလျှပ်စစ်ပညာ၊ကွန်ပျူတာ၊အင်္ဂလိပ်စကားပြောနှင့်ယာဉ်မောင်းသင်တန်းတွေပါဖွင့်လှစ်ကာလူငယ်တွေအတွက် သဲတစ်ပွင့်အနေနဲ့ပဲဖြစ်ဖြစ် အကျိုးပြုနိုင်အောင် ကြိုးစားဆောင်ရွက်နေကြသည်။ရဟန်း၊ကိုရင်တွေဦးစီးဖွင့်လှစ်သည့်သင်တန်းကျောင်းပီပီလောကီပညာပါမက၊ဝိညာဉ်ရေးရာအတွက်ပါစဉ်းစားထည့်တွက်ပေးသည်။ထို့ကြောင့် နေ့စဉ်မစ္ဆားနာယူခြင်း၊ဆုတောင်းမေတ္တာပြုခြင်း၊စိပ်ပုတီးစိပ်ခြင်းတို့ကိုလည်းတစ်နေ့တာအချိန်ဇယားထဲမှာ ထည့်ထားပေးသည်။ရဟန်း၊သီလရှင်၊သူတော်စင်တွေ ဦးစီးသည့်သင်တန်းကျောင်းတိုင်းလိုလို ဝိညာဉ်ရေး ကဏ္ဍကို မဖြစ်မနေ ပုံသွင်းပေးလေ့ရှိကြသည်သာ။ ကျွန်တော်တို့ ကျောင်းမှာလည်း သင်တန်းသားတွေရဲ့ ခရစ်ယာန်အယူဝါဒတွေ ပိုသိလာဖို့ ရည်ရွယ်ကာ ဘုရားစကားတန်းကို သင်တန်းအချိန်တစ်ခုအဖြစ် ထားရှိကာ သင်ကြားပို့ချပေးသည်။တစ်ရက်မှာပါ။ကျွန်တော် အင်္ဂလိပ်စာအတန်းချိန်မှာ စာမသင်သေးဘဲ လူငယ်တွေကို မေးခွန်းတစ်ခု မေးကြည့်လိုက်ပါသည်။သင်တန်းအချိန်တွေထဲမှာဘယ်အချိန်ဟာပျင်းစရာအကောင်းဆုံးလဲ”လူငယ်တွေကိုအကဲခတ်ရင်းမေးလိုက်သည်။ "ဘုရားစကားသင်တဲ့ အချိန်ပေါ့ ဘရာသာရ်ရာ" လို့ သူတို့ က တက်ညီလက်ညီ ဖြေလိုက်ကြတာ  ကျွန်တော်တောင် မျက်လုံးပြူး အံ့အားသင့်သွားရသည် အထိပင်။ “ဘယ်လိုဖြစ်ရတာလဲ၊ ဘာပြုလို့ ဘုရားစကားသင်ချိန်က ပျင်းဖို့ကောင်းတာလဲ၊ဖာသာရ်သင်တာ ဒီလောက်ကောင်းတဲ့ဟာကို” ကျွန်တော်လည်းချက်ချင်းပင်မေးခွန်းပြန်မေးလိုက်ပါသည်။သင်တန်းသားတစ်ယောက်ကထဖြေသည်။ဟုတ်တယ်လေ . ဘရာသာရ်ကလည်း၊ဟိုးငယ်ကတည်းက ဘုရားစကားသင်လာရတာ အခုထိမပြီးနိုင်တော့ဘူး။တစ်ခါလာလည်း အာဒံ၊ဧ၀ နောက်တစ်ခါလာလည်း အာဒံ၊ဧ၀နဲ့ ဒီဧဒင်ဥယျာဉ်ထဲကနေမထွက်နိုင်တော့ဘူး။”သူ့ကိုကြည့်ရတာ ဘုရားစကားသင်ရတာ တော်တော်ငြီးငွေ့နေပုံရသည်။ကျွန်တော်ဆက်မပြောသေးဘဲသူတို့ပြောလာမည့် စကား တွေကိုပဲ နားထောင်နေလိုက်သည်။ နောက်တစ်ယောက်က ထ၍ “ကျွန်တော်လည်း ပျင်းတာပဲ၊ ဘုရားစကား သင် ရတာကို ပြောတာနော် ဟဲ ဟဲ” ရယ်ကျဲကျဲ နဲ့ သူက ဆက်ပြောသည်။ “ တကယ်ဆို ဘုရားစကားက ကိုယ်တော်မြတ်၊ခရစ္စမားရပြီးရင် ပြီးပြီးပဲကို၊ဘာလို့ဆက်သင်နေရတာလဲမသိဘူး” “ ဒါဆို၊ ညီကကိုယ်တော်မြတ်၊ခရစ္စမားရပြီးရင်ဘုရားစကားဘွဲ့ရပြီဆိုတဲ့သဘောပေါ့”ကျွန်တော်ရွှတ်နောက်နောက်ပြန်မေးလိုက်သည်။ဟာအဲလိုလည်းမဟုတ်ဘူးလေ၊ ပြောချင်တာက သိသင့်တဲ့ အခြေခံသဘောတရားတွေ သိပြီးရင် လုံလောက်ပြီလေ၊ မဟုတ်ဘူးလား ဘရာသာရ်” ပုံစံက စပ်ဖြီးဖြီးနဲ့ ခေါင်းကုတ်ပြီး ဖြေပေးရှာသည်။ “ ဟင်း ” မပြောခင်၊ ကျွန်တော်သက်ပြင်းတစ်ချက် ချပြီး အရှိန်ယူလိုက်သည်။ “ဟုတ်ပါတယ်၊သိသင့်တဲ့အခြေခံသဘောတရားတွေကိုသူ့အရွယ်နဲ့သူသိဖို့လိုပါတယ်။ကိုယ်တော်မြတ်၊ခရစ္စမားရပြီးတာနဲ့အကုန်သိပြီ။ဘုရားစကား သင်စရာမလိုတော့ဘူးလို့လူငယ်တွေကထင်ကြတယ်။ဘုရားစကားဆိုတာအမေ့၀မ်းထဲကနေ ယုတ်စွအဆုံး မင်းတို့ အလောင်း မြေခတဲ့ အချိန်ထိ သင်ယူနေရမယ့် ဘာသာရပ်ပဲ။ ဘုရားစကားကို ခရစ်ယာန်ဟူသမျှ ကလေး၊လူငယ်၊လူကြီး၊ ရဟန်း သီလရှင်က အစ အမြဲသင်ယူနေရမှာ။ ဘုရားစကားသင်ကြား ခြင်းမှာ အသက်အရွယ်ဆိုတာမရှိဘူး။ အားလုံး .. ဒီမှာ ခဏကြည့်ရအောင်” စားပွဲပေါ်မှ စာအုပ်သုံးအုပ်ကိုယူကာမြှောက်ပြလိုက်သည်။ဟောဒါကမင်းတို့ အခုသင်နေတဲ့ ဘုရားစကားစာအုပ်၊ဒါကဘရာသာရ်တို့ လေ့လာနေတဲ့ ဘုရားစကားစာအုပ်၊ နောက်ဒီတစ်အုပ်ကတော့ အထူဆုံးနဲ့ အကျယ်တ၀င့် အသေးစိပ် ပြုစုထားတဲ့ စာအုပ်ပဲ” သင်တန်းသားတွေအတွက် သုံးသည့်စာအုပ်ကအပါးဆုံးနဲ့အခြေခံကျပြီး မြန်မာလိုပြုစုထားသောစာအုပ်ဖြစ်သည်။ဘရာသာရ်တို့ လေ့လာနေသည့်စာအုပ်က အင်္ဂလိပ်လိုပြုစုထားသည့် CCC စာအုပ်အသေးနှင့်အကြီးနှစ်အုပ် ဖြစ်သည်။ “အခု၊ဘရာသာရ်တို့ လေ့လာနေသည့်ဘုရားစကားစာအုပ်က ဘာမှမဟုတ်သေးဘူး။အနှစ်ချုပ်ပဲရှိသေးတယ်၊အဲဒီအကြောင်း အကျယ်တ၀င့်ရှင်းပြထားတဲ့စာအုပ်အထူကြီး ရှိသေးတယ်။ ဘရာသာရ်တို့လေ့လာ နေတဲ့ ဒီစာအုပ်ကိုမှ အကျဉ်းချုံးပြီး တကယ့်အခြေခံကိုပဲ မင်းတို့ကို သင်ပေးနေတာ။ တကယ်တော့၊ တို့ ခရစ်ယာန် တွေက အသက်သာကြီးလာတယ်၊ ဘုရားစကားနဲ့ ပတ်သက်ပြီး အသိတရားတွေက ကလေးသာသာပဲရှိသေးတယ်။မင်းတို့ကို ခရစ်ယာန်ဆောင်နေကြတဲ့ ခရစ်ဟန်တွေမဖြစ်စေချင်ဘူး။ခရစ်ယာန်ပီသစေချင်တယ်။ဒါကြောင်မို့ ဘုရားစကားသင်ယူရမှာကိုမပျင်းကြပါနဲ့”ကျွန်တော်လည်း ပြောရင်းနဲ့မောလာသည်မို့ ရေတစ်ခွက်လောက် သောက်လိုက်ပါသည်။သင်တန်းသားတွေလည်း ကျွန်တော်ပြောသည်ကို စိတ်၀င်တစားနဲ့နားထောင်နေကြသည် မို့ပြောရတာ ပိုပြီး အားတက်လာသည်။ကဲ . ဘရာသာရ် ဆက်ပြောမယ်။ဘုရားစကားဆိုတာဒီ C C C စာအုပ်ကိုပဲရည်ညွန်းတာ မဟုတ်ဘူး။ဘုရားနဲ့ ပတ်သက်တဲ့ အရာအားလုံးကိုပြောတာ။ဘုရားသခင်အကြောင်း ရေးသားထားတဲ့ ကျမ်းစာတော်မြတ် အကြောင်းတွေ၊တို့အားလုံးနဲ့ ဆိုင်တဲ့ အမိအသင်းတော်ကြီးရဲ့ရာဇ၀င်သမိုင်းကြောင်းတွေကိုလည်း သိရမယ်။ သမိုင်းက သင်ခန်းစာတွေရဲ့ဆရာတစ်ဆူပဲ။ဆက်မမှားရအောင်၊ဆက်မအ,ရအောင်သမိုင်းသိဖို့လိုတယ်။ဒါအပြင်၊ စံနမူနာယူထိုက်တဲ့ တမန်တော်ကြီးတွေ၊ရှေးဦးဖခင်တွေ၊ရဟန္တာ သူတော်မြတ်တွေအကြောင်းလည်း ခရစ်ယာန်တစ်ဦးအနေနဲ့ မသိသင့်ဘူးလားကွာ။ဒါတွေအကုန်လုံး သိရမယ်လို့တော့ မဆိုလိုပါဘူး။လေ့လာသင်ယူစရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါ။ဘုရားသခင်ရဲ့ အကြောင်းကို လေ့လာမယ်ဆိုရင်တော့ ဘယ်တော့မှတူးဖော်လို့ မကုန်နိုင်တဲ့ ရတနာသိုက်လိုပဲ။တူးလေ ထွက်လေဖြစ်နေမှာပဲ။ဘုရားရဲ့ ဖြစ်တည်ခြင်းကို တို့ဦးနှောက်နဲ့ ဘယ်တော့မှ အပြည့်အ၀သိနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ နက်နဲတယ်ဆိုတိုင်း မျက်စိမှိတ်ပြီးလက်ခံယုံကြည်တာမှမဟုတ်တာ။နက်နဲဖွယ်ရာ အကြောင်းတွေကို တို့ဥာဏ်စွမ်းရှိသလောက် လေ့လာစူးစမ်းပြီး နှလုံးသားနဲ့ ဘုရားကို ယုံကြည်ဖို့ကြိုးစားတာဟာ သဘာ၀ကျတယ်။ဘုရားကိုသိမှ၊ ဘုရားကို ချစ်မယ်။ဘုရားကို ချစ်မှ ဘုရားစကားကို နားထောင်ပြီး သူ့ကို အစေခံနိုင်မှာပေါ့။ဒီအတွက်ပဲ တို့လူသားတွေကို ဘုရားက ဖန်ဆင်းထားတာပဲ မဟုတ်လား။ ကဲ . .ဒီလောက်ဆို မင်းတို့ သဘောပေါက်ပြီထင်ပါတယ်။ဘုရားစကား သင်ချင်တယ်၊မသင်ချင်ဘူးဆိုတာတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ”ကျွန်တော်ပြောပြီးသည်နှင့်အချိန်စေ့ခေါင်းလောင်းလည်း ထိုးသွားလေသည်။ထိုနေ့က ကျွန်တော့်အင်္ဂလိပ်စာအချိန်မှာဘုရားစကားနဲ့ပတ်သက်ပြီး ပြောပြနေ၍အင်္ဂလိပ်စာတောင် သင်ချိန်မရလိုက်ပါ။သို့သော် ထိုတစ်ချိန်အတွက်ကျွန်တော်ပျော်ရွှင်ကျေနပ်ခဲ့ပါသည်။တန်ဖိုးလည်း မဖြတ်နိုင်ခဲ့ပါ။ အကြောင်းကတော့ အဲ့ဒီည ဘုရားစကားတန်းအပြီး ထမင်းစားခန်းမှာ ကော်ဖီသောက်နေစဉ် ကျွန်တော့်ကို ဖာသာရ်ပြောလိုက်သော စကား တစ်ခွန်းကြောင့်ဖြစ်သည်။ ဘုန်းကြီးက “ဒီနေ့၊ ကျောင်းသားတွေကို ဘုရားစကားသင်ရတာ သိပ်ကောင်းတာပဲ။ခါတိုင်းရက်တွေနဲ့ကို မတူဘူး။တက်တက် ကြွကြွနဲ့အားလုံးစိတ်၀င်စားကြတယ်ကွာ”ဖာသာရ်ကတော့ ပြုံးပြုံးနဲ့ ပြောပြီး အနားယူရန် သူ့အခန်းထဲကို ၀င်သွားလေသည်။ပျော်ရွှင်ကျေနပ်စွာပီတိအပြုံးတစ်ချက်ကိုကော်ဖီသောက်ရင်း ကျွန်တော်ပြုံးလိုက်မိပါသည်။ထိုနေ့ရက်ကလေးသည် ကျွန်တော့်အတွက်တော့ဘ၀တစ်သက်မေ့ဖို့ ခက်သည့်နေ့ရက်များထဲကအလှဆုံးနေ့စွဲတစ်ခုအဖြစ် ထင်ကျန်ရစ်နေတော့မှာပါ။ 

              သီကိုရှင်း

ဆောင်းပါးများ